မမြင်တဲအခါ စိတ်ဖြေသာအောင်...
ခါခါထက်ခါ ကြည့်မိပါသည်...
ရင်မှာလှိုက်ခုံ ချစ်ဓာတ်ပုံကို...
ချစ်သူပေးထား ချစ်ကိုပွားမှို့...
လွမ်းအားကြွယ်ဝ ဒီတစ်ညဝယ်...
ဖွဖွနမ်းကာ စိတ်ဖြေသာသည်...
ရင်မှာလွမ်းလို့ ချစ်သူရယ်...
ဓာတ်ပုံထဲတွင် ချစ်ရုပ်သွင်ကို...
ပြန်မြင်ရဆဲ ငေးနေဆဲမှာ...
သက်ပန်ရည်စူး မောင့်ချစ်ဦး၏...
ကြည်နူးဖို့စကား အသံကြားချင်သည်...
အလွမ်းတစ်ည ရင်နွမ်းလျှချိန်...
ချိုမြသံသာ ကြားလိုပါ၍...
ရင်ခုန်စွာဖြင့် ချစ်ဓာတ်ပုံရယ်...
စကားတက်ရင် ကောင်းလိမ့်မယ်...