သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, November 19, 2013

ကျောက်တော်နှင့် ပေါက်တောမြို့နယ်တွင် အသက် (၅) နှစ်အရွယ် ကလေးမလေး နှစ်ဦး အသတ်ခံရ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidZTqTrsdQhvIaDrSfPX9GvKgkL_FNT12Xl5Qwp_cOlKn4OS3jYdLcwi8rMo6HHFsyYABNCEHxxBjwcwPZNS3M9rsSzIK7g6FUO-pmkrd-GG0wbRWGj8Q9ajXIXfutrFgbOcWnCLhQnYM/s1600/1.jpg
အသတ်ခံရသူ အမျိုးသမီးငယ်နှင့် ရတက်မအေး ဖြစ်နေကြသော ရွာသားများ( ဓါတ်ပုံ- ဝေဟင်အောင်)

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ်အတွင်း တည်ရှိသော ကျေးရွာ နှစ်ခုမှ အသက် (၅ ) နှစ်အရွယ် ကလေးမလေး နှစ်ဦးသည် အကြမ်းဖက် အသတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

Tuesday, October 1, 2013

http://friendsloveforlife.blogspot.com/ မှ နုတ်ဆက်ခဲ့ပါတယ်


မှ
သူငယ်ချင်းအားလုံးကိုနုဆက်ခဲ့ပါတယ်
မိသားစုဝမ်းစာအတွက် လုပ်ကိုင်ရှာဖွေရင်းနဲ့ နိုင်ငံတကာသတင်း၊ ကဗျာအတိုအထွာ၊ထူးဆန်းထွေလာ၊ဗဟုသုတ များနှင့်တကွ
ကျနော်၏စိတ်ကူးလေးနှင့်တည်ဆောက်ခဲ့သော ဒီ BLOGER ကို လာရောက်အားပေးခဲ့သော
နိုင်ငံတကာမှသူငယ်ချင်းများနှင့်တကွ BLOGER မိတ်ဆွေများအား အထူးကျေးဇူးတင်ပါလို့ ကျနော်တောင်သာသားလေးမှ ပြောကြားလိုက်ပါတယ်...
မြန်မာနိုင်ငံရောက်ရှိပါက  Internet လိုင်းကောင်းပါကဆက်လက်တင်ဆက်သွားပါမည်
အကယ်၍မရေးဖြစ်တော့ပါက နှမြောစွာနဲ့ပဲ ဒီ  BLOGER အပြီးအပိုင်နုတ်ဆက်လိုက်ပါတယ်...
အားလုံးကိုလေးစားစွာဖြင့်...

အမေ့ရင်ခွင်ရဲ့ အဝေးမှာ(ရေး …သံစဉ်ဖြိုး)

တက်လိုက်ကျလိုက်စိတ်ဓာတ်တစ်ချို့ရယ်..
လွမ်းဖျားလွမ်းနာလို့နာမည်တပ်လို့ရတဲ့ခဏခဏနေမကောင်းဖြစ်တာတွေရယ်..

ဘာကြောင့်လည်းလို့မေးခဲ့ရင်တောင်အဖြေမရှိတဲ့
တစ်ချို့ညတွေမှာကျတတ်တဲ့မျက်ရည်တွေရယ် ..

တစ်ခုမကလိုချင်လို့ တစ်ခုခုပေးတော့မလိုလို ဂရုစိုက်မှုတွေရယ် ..

အမြဲတမ်းအဖော်ပြုပေးနေတတ်တဲ့
ခပ်ရင့်ရင့် သန်းခေါင်ကျော်ညတွေရယ် ..

အဲဒါတွေအားလုံးက သမီးဘေးနားမှာ သိုက်သိုက်ဝန်းဝန်း လေးနဲ့ဆိုတော့
အမေ့ရင်ခွင်ကို သမီး မတမ်းတပါဘူး
အဲလိုမျိုးလေးမေ့ချင်ဟန်ဆောင်ထားတာပေါ့ ..

၂၂ နှစ်အမေ့သမီးကို
၃၂ နှစ်လောက်ရှိတဲ့ ရင့်ကျက်မှုမျိုးတွေ လာတောင်းကြတိုင်း
အမေပြောလေ့ရှိတဲ့ ငါ့သမီးကအမေ့မျက်စိထဲမှာ အမြဲကလေးပဲဆိုတဲ့ စကားကိုတော့
တကယ်သတိရတယ် အမေရယ်..

Globalization ဆိုပေမယ့်
သမီးဝမ်းနည်းတိုင်း အမေ့ရင်ခွင်ကိုပြေးလာလို့မရမှတော့
အဲဒီ Globalization ကလည်းအသုံးမ၀င်ပါဘူးအမေရာ..

ဒီလိုနဲ့ အမေ့ရင်ခွင်ရဲ့ အဝေးကသမီး
ကြမ်းလိုက် လွမ်းလိုက် လမ်းခရီးမှာ
တစ်ခုခုဆို အမေ့အသံကိုပဲ ပြန်ကြားယောင်ပြီး
စိတ်ဓာတ်ကို အရောင်ပြန်တင်နေရတယ် အမေရယ်။
 
(သံစဉ်ဖြိုး)

ငိုချင်ပေမဲ့ ရယ်ရတယ်

တိုင်းပြည်ဆိုတဲ့ မြေကွက်ကြီး
"တလက်မလေးတောင် အပါမခံနိုင်ဘူး" ဆိုသူတွေက
ကိုယ့်လယ်ကွက် ကိုယ်ပြန်တောင်းသူတွေကို
"မှားနေတယ်" လို့ ပြောကြသတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။ 

ဒီမြေမှာမွေးပြီး အနှစ် ၂၀ လောက် စာသင်ပေးခဲ့တဲ့ ဘာသာခြား ကျောင်းဆရာကို
မနေ့တနေ့ကမှ ဒီမြေကြီးပေါ် လူဖြစ်လာတဲ့ ကလေးပေါက်စက
"ဧည့်သည်" လို့ ခေါ်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

မိတ္ထီလာမှာ ကလေးတွေသေလို့ ငိုတဲ့မူစလင်တစ်ယောက်က
ဆက်ဒမ်နဲ့ ဘင်လာဒင်ကိုကျတော့ ကိုးကွယ်ပြန်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

မန္တလေးကောလိပ် ဖြစ်လာအောင် လုပ်ခဲ့တဲ့
ဦးရာဇတ်ရဲ့ ရုပ်တု
မန္တလေးတက္ကသိုလ်မှာ ထားရေး ဆိုင်းငံ့ခံရသတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"ကုလား"လို့ ခေါ်တာ မကြိုက်တဲ့ အိန္ဒိယနွယ်ဖွားတယောက်က
“တရုတ်”ကို “တယုတ်”လို့ ရေးလိုက်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"တမလွန်ဆိုတာ ပုံပြင်တွေ" လို့ ပြောလိုက်တဲ့ စတီဖင်ဟောကင်းထက်
ရွာဦးကျောင်းက ဆရာတော်က
စကြဝဠာ အကြောင်း ပိုသိသတဲ့
ငိုချင်ပေမဲ့ ရယ်ရတယ်။

မြန်မာပြည် အလယ်ပိုင်းမှာ မွေးတဲ့ကုလားက
သူ့ကိုယ်သူကျ "ပသီ" လို့ပြောပြီး
ပြည်နယ်တစ်ခုမှာ မွေးခဲ့တဲ့ကုလားကို
"ကျူးကျော်သူတွေ ထွက်သွား"တဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

“ပါဏာတိပါတာ လုပ်သင့်သောအခါ” ကို
ရေးခဲ့တဲ့ ဆရာတော်ရဲ့ မေတ္တာဓါတ်ကြောင့်
ပရိတ်ရေတွေတောင် ဆူကုန်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"ဒီကောင်တွေကို ဗုံးကြဲပစ်သင့်တယ်"လို့ ဆိုခဲ့သူက
လူ့အခွင့်အရေး စာအုပ်ထုတ်လိုက်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

အင်စတီကျူးရှင်း တွေ မှိုလိုပေါက်လာပေမဲ့
စားလို့မရတဲ့ မှိုတွေဖြစ်နေသေးတော့
ငိုချင်ပေမဲ့ ရယ်ရတယ်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုပေမဲ့
ချောက်ထဲကို ဖြစ်နေတော့
ငိုချင်ပေမဲ့ ရယ်ရတယ်။

ကောင်းကင်ကို (စက်တင်ဘာ ၂၇၊ ၂၀၁၃)

သမ္မတဦးသိန်းစိန် မိန့်ခွန်း (အသံဖိုင်)

လွတ်လပ်ခွင့် ရှိလာတာနဲ့အမျှ တာဝန်ယူမှုလည်း ပိုမိုတိုးတက်လာဖို့ လိုပါတယ်။ ဒါမှသာ ဘက်ညီ မျှတတဲ့ လူ့ဘောင်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီအတွက် မရှိမဖြစ် လိုအပ်တဲ့ မီဒီယာ လွတ်လပ်ခွင့်ကို မျိုးစေ့ချ ဆောင်ရွက်နေတဲ့ အချိန်မှာ မီဒီယာ ကျင့်ဝတ်၊ မီဒီယာ စည်းကမ်း များကို လိုက်နာဖို့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပုတ်ခတ်မှုတွေ ပြုလုပ်ခြင်းကို ရှောင်ရှား ကြဖို့လည်း ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်။ (နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်)

သမ္မတကြီးဦးသိန်းစိန်၏ စက်တင်ဘာလကုန် ရေဒီယိုမိန့်ခွန်း (အပြည့်အစုံ)

မိဘပြည်သူများ ခင်ဗျား ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခြေအနေများကို မိဘပြည်သူ များထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြား နေကျဖြစ်တဲ့အတိုင်း  ယခုလည်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

အခန်းကျဉ်းပြီး သံတမန်များဖြင့် ပြည့်နေကာ ပါတီဝင်သစ်များက အဟောင်းများကို မသိတာကြောင့် စုစုနွေးတို့ ကို မောင်းထုတ်ခြင်း ဖြစ်ကြောင်း NLD ပြန်ကြားရေးမှ Facebook ပေါ်တွင် သတင်း ထုတ်ပြန်


ပြီးခဲ့တဲ့ စင်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ NLD ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး တက်ရောက်ခွင့်မရတာနဲ့ပတ်သက်ပြီး မစုစုနွေးက သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှ မကျေနပ်ချက် တစ်ခုရေးသားခဲ့ရာ NLD ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်တဲ့ ဦးကြည်တိုး က အားကျမခံ ဖြေရှင်းချက် ထုတ်ပြန်မှုကို Facebook ကပဲ လုပ်ခဲ့ပါတယ်။

သတင်းစာများကို ဝေဖန်ချင်သည့် အကြောင်းရင်းခုနစ်ချက်

Photo:
ထင်ရှားသည့် ဗြိတိသျှအမေ ရိကန် သတင်းစာဆရာခရစ္စတိုဖာဟစ်ချင်းစ်က သတင်းစာများကို ယခုလို သရော်ခဲ့ဖူးသည်။
“ကျွန်တော်သတင်းစာဆ ရာဖြစ်လာတဲ့အကြောင်းရင်းကတော့ သတင်းအချက်အလက်ရဖို့ သတင်းစာတွေကို အားမကိုးချင် လို့ပါပဲ”

အမေရိကမှ ပြန်လာသော အီရန်သမ္မတ ဖိနပ်ဖြင့် ပစ်ပေါက်ခံရ

Photo:
အမေရိကန်ပြည်ထောင်စု၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့သည့် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီသည် အီရန်သို့ ပြန်လည် ရောက်ရှိလာစဉ် ဆန္ဒပြသူများ၏ ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းကို ခံလိုက်ရကြောင်း လုံခြုံရေး အရာရှိများ၏ ပြောကြားချက်ကို CNN သတင်းဌာနက ရေးသားဖော်ပြသည်။

Monday, September 30, 2013

ကိုယ်ကြပ် ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်

jeanကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ
ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။

လက်ပံတောင်း အရေး လမ်းလျှောက် သူများနှင့် အာဏာပိုင်များ ညှိနှိုင်း


လမ်းလျှောက်သူများ တစ်ညအိပ်ရပ်နားသည့် စိန်ရတနာ ဓမ္မာရုံ ပတ်ဝန်းကျင်တွင်
စောင့်ကြည့်လျှက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များ Photo : RFA/ Moe Thu Aung

တပ်မတော် စစ်ကြောင်းများ ရုပ်သိမ်းရန် တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၉
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများအတွင်း သွားလာနေသော တပ်မတော် စစ်
ကြောင်းများကို ရုပ်သိမ်းပေးရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းလေးဖွဲ့က အစိုးရထံ
တောင်းဆိုထားကြောင်း DKBA ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။

၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ရမ်းဗြဲတွင် လူပေါင်း ၃၀၀၀ ကျော် ချီတက် ဆန္ဒပြ

လျှပ်စစ်မီး ၂၄ ရရှိရေး အတွက် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ၃၀၀၀ ကျော်ခန့်က ယနေ့တွင်
လမ်းမများပေါ် ချီတက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ဆန္ဒဖေါ်ထုတ်ပွဲကို ယနေ့ (စက်တင်္ဘာလ ၃၀ ရက်) နံနက် ၉ နာရီမှ စတင်က ရမ်းဗြဲမြို့ တလျှောက်ရှိ
လမ်းမများပေါ် ချီတက် လှည့်လည်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင် ပါဝင်သူ ကိုကျော်
လွင်က နိရဉ္စရာသို့ ပြောသည်။

ပြိုင်တူပြီးတာဟာ ချစ်တင်းနှောခြင်းရဲ့ အကောင်းဆုံးအရသာလား(+18)


“ဇာတ်သိမ်းခန်း ရာဇ၀င်” တင်လိုက်တဲ့အခါမှာ “ရွှေစွန်”ဆိုတဲ့ နာမည်ဝှက်နဲ့ တစ်ယောက်က အင်္ဂလိပ်လို လှမ်းမေးလာပါတယ်။ အင်္ဂလိပ်စာ အခက်အခဲ ရှိသူများအတွက် နည်းနည်း ခက်မှာမို့လို့ သူနဲ့ ပြောဖြစ်တာလေးကို မြန်မာစကားနဲ့ ပြန်တင်ဆက်လိုက်ပါတယ်။
သူ့စာကိုတော့ ဘာသာပြန်ပြမနေတော့ပါဘူး။ လိုရင်းကိုပဲ ရေးပြပါ့မယ်။ သူက မေးလာတာက သူက သူ့အဖော်နဲ့ ချစ်တင်းနှောတဲ့အခါ သူ့အဖော်က အရင် ဇာတ်သိမ်းသွားလေ့ ရှိတယ်။ သူက နောက်ကျမှ ဇာတ်သိမ်းတယ်။ သူက ဆယ်မိနစ်လောက် ကြာတယ်။ သူငယ်ချင်းတွေကို မေးကြည့်တော့ ပြိုင်တူ ဇာတ်သိမ်းတာကမှ ချစ်တင်းနှောခြင်းရဲ့ အနှစ်သာရ ပြည့်စုံတာလို့ ဆိုကြတယ်။ အဲဒါ ဟုတ်လားလို့ မေးလာတာပါ။

၎ ပေ ၆ ပေ မြေ ၁ ကွက်ကိုသာ ယူပါ အန်တီ

ကျွန်တော် ပြောဖူးပါတယ် ....
မိန်းမ ၁ ယောက်ကို လက်ပေါ်တင်ဖို့သာ ခက်တာ
ခေါင်းပေါ်တော့ သူ့ အလိုလို မရရအောင် တက်ပါတယ်ဆို ...
( မိန်းမ တိုင်း မဆိုလိုပါ )

အမျိုးသမီးများ ကားမောင်းပါက သားအိမ်ထိခိုက်နိုင်ဟု ဆော်ဒီဘာသာရေးခေါင်းဆောင် ပြောကြား

အစ္စလာမ် ဘာသာရေး၏ အထင်ကရ ဦးဆောင်နိုင်ငံ တစ်ခုဖြစ်သော ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်အတွက် တက်ကြွသော လှုပ်ရှားတောင်းဆိုမှုများ ဖြစ်ပေါ်လာချိန်တွင် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သော ရှိတ်ခ်ဆာလား အယ်လ်လိုဟိုင်ဒန်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ကျ၍ ပြန်လွတ်လာသူ အဆိုပါ ပုဒ်မနှင့်ပင် ထပ်မံအဖမ်းခံရ

သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ကျခံရပြီး ပြန်လည် လွတ်မြောက်လာသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးသည် ထောင်မှလွတ်ပြီး ရှစ်ရက်အကြာတွင် သံဃာယောင်ဆောင်၍ အလှူခံမှုကြောင့် အင်းစိန်မြို့နယ် ပိန္နဲကုန်း ရပ်ကွက်တွင် စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ခန့်က သာသနာ ညှိုးနွမ်းစေမှု ပုဒ်မဖြင့် ထပ်မံအဖမ်းခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

သံတွဲအဓိကရုဏ်း အိမ်တစ်လုံး မီးလောင်၊ ညမထွက်ရအမိန့်ထုတ်

ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများရာကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီမိုကရေစီ မြန်မာနိုင်ငံတွင် လူငယ်တစ်ဦးက လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်၍ ကလေးငယ်တစ်ဦး ကျောကုန်းမီးလောင်

ကလေးငယ်ကျောကုန်းမှမီးလောင်ဒဏ်ရာ ဓာတ်ပုံ - Hinthada Humanright 
လူငယ်တစ်ဦးက ဓာတ်ဆီပုလင်းကိုင်၍ လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်ကာမီးတို့သောကြောင့် တတိယတန်းကျောင်းသားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ဒဏ်ရာ ရရှိသွားသော ဖြစ်စဉ်တစ်ခု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းပိုင် နယ်မြေတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Diprosopus ဆိုတာ ဂရိဘာသာ က မျက်နှာ၂ခု ဆိုတဲ့ အဓိပ္ပါယ် က ဆင်းသက် လာ ပြီး မွေးရာပါ မျက်နှာ ၂ ခု ဖြစ်နေခြင်း ကို ဆိုလိုပါတယ်။

တချို့ သိပ် မဆိုး ၀ါးတဲ့ အခြေ အနေမှာ သန္ဓေ သား ဟာ နှာခေါင်း နှစ်ခု နဲ့ မျက်လုံး ၂လုံး က ကွာဝေး စွာ ရှိနေတတ် ပါတယ်။ အရမ်း ဆိုးဝါး တဲ့ အခါ မှာတော့ မျက်နှာ ၂ခု ဖြစ်နေတတ် တာကို တွေ့နိုင်ပါတယ်။ ဘာကြောင့် ဖြစ်ရသလဲ မေးရင် အမြွှာ ကိုယ်ဝန် တွေမှာ အမြွှာ နှစ်ယောက် ဖြစ်လာတဲ့ အချိန်မှာ သေသေ ချာချာ မကွဲ ထွက် နိုင်တာ ကြောင့် ဖြစ်ပါတယ်။ ဒါဟာ sonic hedgehog homolog ( SHH ) လို့ခေါ်တဲ့ သန္ဓေ သား ရဲ့ ဦးခေါင်း နဲ့ မျက်နှာ ဖြစ်ပေါ် ရာမှာ အကူ အညီ ပေးတဲ့ ပရိုတင်း တစ်မျိုး ပိုနေတာ ကြောင့်ပါ။ ဘယ်သူ တွေမှာ ဖြစ်သလဲ ဆိုတော့ လူတွေ မှာကော၊ ကြောင်၊ သိုး၊ မြွေ အစ ရှိတဲ့ တိရစ္ဆာန် တွေမှာ ကော ဖြစ်တတ် ပါတယ်။ ဓါတ်ခွဲခန်း ထဲမှာ SHH တွေကို ကြက်သား လောင်း တွေကို ပေးလိုက် တဲ့ အခါ ကြက်လေး တွေ က ခေါင်း နှစ်ခု နဲ့ ပေါက် လာတာ တွေ့ရ ပါသတဲ့။ Diprosopus ဖြစ်နေတဲ့ သန္ဓေ သားဟာ များသော အားဖြင့် ဦးနှောက် မပါတာ ( anencephaly )၊ ဦးနှောက်နဲ့ အာရုံ ကြော မကြီး ဆက်တဲ့ နေရာ မကောင်းတာ ( neural tube defects ) ပြီးတော့ နှလုံး မူမှန် မဟုတ် တာတွေ ဖြစ်နေ တတ် ပါတယ်။

ဦးနှောက် က ပါနေတာ တောင်မှ ဦးနှောက် အစိတ်အပိုင်း တွေက နှစ်ခုစီ ဖြစ်နေပြန် ပါသေး တယ်။ ပြီးတော့ မျက်နှာ ပြင် ဆိုင်ရာ ကြွက်သား တွေ ပုံမှန် မရှိတာ ကြောင့် မျက်လုံး ပိတ်လို့ မရတာ နဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ စတာ တွေလဲ ဖြစ်ပွား နိုင်ပါတယ်။ ကိုယ်ဝန် ဆောင် ဟာ diprosopus ကလေး ကို ကိုယ်ဝန်ဆောင် ထားမိ တယ် ဆိုတာ ultrasound, computer tomography ( CT ) scanning, magnetic resonance imaging ( MRI ) နဲ့ MR angiography တို့က တဆင့် သိနိုင် ပါတယ်။ နောက် တစ်မျိုး ကတော့ polyhydramnios လို့ခေါ်တဲ့ ရေမြွာ ရည် အလွန် များပြား နေမှု က လည်း သိနိုင် ပြီး ကုသ လို့ မရနိုင် ပါဘူး။ ဒီဖြစ် စဉ် ဟာ အလွန် တရာ ရှားပါး တာမို့ ခွဲစိတ် ဖို့ နည်းလမ်း တောင် နည်းနည်း ပဲ ရှိပါတယ်။ တကယ် လို့များ မမွေးခင် မှာ ultrasounds ရိုက် ကြည့် လို့ သိခဲ့ တယ် ဆိုရင် ဖျက်ချ ဖို့ အကြံပေး ပါ လိမ့်မယ်။ ကလေး တွေက သားအိမ် ထဲမှာရော၊ အပြင် မှာပါ အသက်ရှင်ဖို့ အခွင့် အလမ်း အလွန် နည်းပြီး မွေးလမ်း ကြောင်း က မွေးဖွား လာ ခဲ့မယ် ဆို မိခင်ကိုပါ အသက် အန္တရာယ် ရှိနိုင် လို့ပါ။

အဲ့ဒီတော့ diprosopus ကလေး လေး တွေကို ကိုယ်ဝန် ရလာရင် ကလေးဟာ အသေမွေး တတ်ပြီး ၁၈၆၄ ခုနှစ် ကစလို့ မှတ်တမ်း အရ အ ယောက် ၅၀ ပဲ ရှိပါတယ်။ ၂၀၀၁ နဲ့ ၂၀၀၂ မှာတော့ အရှင် မွေးတဲ့ ကလေး နှစ်ဦး ရှိပါတယ်။ မွေးမွေး ပြီးချင်းမှာ သေဆုံး သွား ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက် ဟာ အပေါ်မှာ ပြောခဲ့ သလို သိပ်မဆိုး ၀ါးတဲ့ အခြေ အနေမှာ မွေးလာ တာပါ။ ၂၀၀၈ မှာတော့ အသက် နှစ်လ အထိ အသက်ရှင် သွားတဲ့ LaLi လို့ခေါ်တဲ့ diprosopus ကလေး မလေး တစ်ဦး India မှာ ပေါ်ပေါက် လာပါတယ်။ Lali ကိုလူဦးရေ ၁၀၀ သာ ရှိတဲ့ နယူး ဒေလီ နဲ့ မိုင်လေးဆယ် ဝေးတဲ့ ရွာလေး တစ်ရွာ မှာ မွေးဖွား ခဲ့ပါတယ်။ မိဘ များဟာ လယ်သမား တွေ ဖြစ်ပြီး သူမက သမီး ဦး လေးပါ။ India မှာလုံ လောက်တဲ့ ကိုယ်ဝန် ဆောင် စောင့်ရှောက်မှု စနစ် မရှိလို့ ကလေး မိခင်က ကလေး ကိုယ်ဝန်ဆောင် နေချိန်မှာ ကလေး ဘာဖြစ် နေမှန်း မသိခဲ့ ပါဘူး။ ကလေး ကို ဆေးရုံမှာ မွေးရိုး မွေးစဉ် မွေးလမ်း ကြောင်း ကနေပဲ မွေးဖွားခဲ့ ပါတယ်။

မိဘတွေ ဟာ ကလေး အတွက် အထူး ကျန်းမာရေး စောင့်ရှောက် မှု လိုတယ် ဆိုတာ မသိခဲ့ ကြ တဲ့ အပြင် ကလေးကို CT scan နဲ့ MRI ရိုက် ဖို့ တောင် ခွင့်မပြု ခဲ့ပါဘူး။ ဒါကြောင့် ခွဲစိတ်ပေး ဖို့ရာ လည်း မဖြစ် နိုင် ခဲ့ပါဘူး။ ကလေး ရဲ့ အတွင်းဘက် မျက်လုံး နှစ်လုံး ဟာ မျက်နှာပြင် က ကြွက်သား တွေ ပုံမှန် မရှိ တာကြောင့် ပိတ် လို့ မရဘဲ corneal opacity လို့ ခေါ်တဲ့ အမြင် အာရုံ ချို့ယွင်း မှု ဖြစ်စဉ် ကို ခံစားခဲ့ ရပါတယ်။ မိဘ တွေ ဟာ ဆေးရုံမှာ ထားဖို့ ငြင်းဆန် ခဲ့ တာကြောင့် လုံလောက် တဲ့ ပြုစု မှုကို မရခဲ့ပါဘူး။ အာခေါင်ကွဲ နေတာကြောင့် အိမ် မှာ နို့ဘူး တိုက် တဲ့အခါ သူမရဲ့ ကွဲနေတဲ့ အာခေါင်ကြောင့် ကောင်းကောင်း မစုပ် ယူ နိုင် ခဲ့ပါဘူး။ ကလေးဟာ အားနည်း ဖျော့တော့ လာ၊ အန် လာပြီး infection ၀င်လာ ပါတယ်။ နောက်ပိုင်း မိဘ တွေဟာ ကလေး ဖျား လာတာ၊ ရေဓါတ် ချို့တဲ့ လာ တာမို့ ဆေးရုံ ကို ပို့လိုက် ပါတယ်။ antibiotic တွေ၊ saline drip တွေကြောင့် သူမ အခြေအနေ သက်သာ လာပေမယ့် ဆေးရုံ ရောက်ပြီး ခြောက်နာရီ အကြာ အသက်၂ လ ပြည့်မှာ heart attack နဲ့သေဆုံး သွား ခဲ့ ပါတယ်။

Myanmar Youth Media Club
— with Haney Shweyi.

Diprosopus ဆိုတာ ဂရိဘာသာ က မျက်နှာ၂ခု ဆိုတဲ့ အဓိပ္ပါယ် က ဆင်းသက် လာ ပြီး မွေးရာပါ မျက်နှာ ၂ ခု ဖြစ်နေခြင်း ကို ဆိုလိုပါတယ်။

တချို့ သိပ် မဆိုး ၀ါးတဲ့ အခြေ အနေမှာ သန္ဓေ သား ဟာ နှာခေါင်း နှစ်ခု နဲ့ မျက်လုံး ၂လုံး က ကွာဝေး စွာ ရှိနေတတ် ပါတယ်။ အရမ်း ဆိုးဝါး တဲ့ အခါ မှာတော့ မျက်နှာ ၂ခု ဖြစ်နေတတ် တာကို တွေ့နိုင်ပါတယ်။ ဘာကြောင့် ဖြစ်ရသလဲ မေးရင် အမြွှာ ကိုယ်ဝန် တွေမှာ အမြွှာ နှစ်ယောက် ဖြစ်လာတဲ့ အချိန်မှာ သေသေ ချာချာ မကွဲ ထွက် နိုင်တာ ကြောင့် ဖြစ်ပါတယ်။ ဒါဟာ sonic hedgehog homolog ( SHH ) လို့ခေါ်တဲ့ သန္ဓေ သား ရဲ့ ဦးခေါင်း နဲ့ မျက်နှာ ဖြစ်ပေါ် ရာမှာ အကူ အညီ ပေးတဲ့ ပရိုတင်း တစ်မျိုး ပိုနေတာ ကြောင့်ပါ။ ဘယ်သူ တွေမှာ ဖြစ်သလဲ ဆိုတော့ လူတွေ မှာကော၊ ကြောင်၊ သိုး၊ မြွေ အစ ရှိတဲ့ တိရစ္ဆာန် တွေမှာ ကော ဖြစ်တတ် ပါတယ်။ ဓါတ်ခွဲခန်း ထဲမှာ SHH တွေကို ကြက်သား လောင်း တွေကို ပေးလိုက် တဲ့ အခါ ကြက်လေး တွေ က ခေါင်း နှစ်ခု နဲ့ ပေါက် လာတာ တွေ့ရ ပါသတဲ့။ Diprosopus ဖြစ်နေတဲ့ သန္ဓေ သားဟာ များသော အားဖြင့် ဦးနှောက် မပါတာ ( anencephaly )၊ ဦးနှောက်နဲ့ အာရုံ ကြော မကြီး ဆက်တဲ့ နေရာ မကောင်းတာ ( neural tube defects ) ပြီးတော့ နှလုံး မူမှန် မဟုတ် တာတွေ ဖြစ်နေ တတ် ပါတယ်။

ဦးနှောက် က ပါနေတာ တောင်မှ ဦးနှောက် အစိတ်အပိုင်း တွေက နှစ်ခုစီ ဖြစ်နေပြန် ပါသေး တယ်။ ပြီးတော့ မျက်နှာ ပြင် ဆိုင်ရာ ကြွက်သား တွေ ပုံမှန် မရှိတာ ကြောင့် မျက်လုံး ပိတ်လို့ မရတာ နဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ စတာ တွေလဲ ဖြစ်ပွား နိုင်ပါတယ်။ ကိုယ်ဝန် ဆောင် ဟာ diprosopus ကလေး ကို ကိုယ်ဝန်ဆောင် ထားမိ တယ် ဆိုတာ ultrasound, computer tomography ( CT ) scanning, magnetic resonance imaging ( MRI ) နဲ့ MR angiography တို့က တဆင့် သိနိုင် ပါတယ်။ နောက် တစ်မျိုး ကတော့ polyhydramnios လို့ခေါ်တဲ့ ရေမြွာ ရည် အလွန် များပြား နေမှု က လည်း သိနိုင် ပြီး ကုသ လို့ မရနိုင် ပါဘူး။ ဒီဖြစ် စဉ် ဟာ အလွန် တရာ ရှားပါး တာမို့ ခွဲစိတ် ဖို့ နည်းလမ်း တောင် နည်းနည်း ပဲ ရှိပါတယ်။ တကယ် လို့များ မမွေးခင် မှာ ultrasounds ရိုက် ကြည့် လို့ သိခဲ့ တယ် ဆိုရင် ဖျက်ချ ဖို့ အကြံပေး ပါ လိမ့်မယ်။ ကလေး တွေက သားအိမ် ထဲမှာရော၊ အပြင် မှာပါ အသက်ရှင်ဖို့ အခွင့် အလမ်း အလွန် နည်းပြီး မွေးလမ်း ကြောင်း က မွေးဖွား လာ ခဲ့မယ် ဆို မိခင်ကိုပါ အသက် အန္တရာယ် ရှိနိုင် လို့ပါ။

အဲ့ဒီတော့ diprosopus ကလေး လေး တွေကို ကိုယ်ဝန် ရလာရင် ကလေးဟာ အသေမွေး တတ်ပြီး ၁၈၆၄ ခုနှစ် ကစလို့ မှတ်တမ်း အရ အ ယောက် ၅၀ ပဲ ရှိပါတယ်။ ၂၀၀၁ နဲ့ ၂၀၀၂ မှာတော့ အရှင် မွေးတဲ့ ကလေး နှစ်ဦး ရှိပါတယ်။ မွေးမွေး ပြီးချင်းမှာ သေဆုံး သွား ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက် ဟာ အပေါ်မှာ ပြောခဲ့ သလို သိပ်မဆိုး ၀ါးတဲ့ အခြေ အနေမှာ မွေးလာ တာပါ။ ၂၀၀၈ မှာတော့ အသက် နှစ်လ အထိ အသက်ရှင် သွားတဲ့ LaLi လို့ခေါ်တဲ့ diprosopus ကလေး မလေး တစ်ဦး India မှာ ပေါ်ပေါက် လာပါတယ်။ Lali ကိုလူဦးရေ ၁၀၀ သာ ရှိတဲ့ နယူး ဒေလီ နဲ့ မိုင်လေးဆယ် ဝေးတဲ့ ရွာလေး တစ်ရွာ မှာ မွေးဖွား ခဲ့ပါတယ်။ မိဘ များဟာ လယ်သမား တွေ ဖြစ်ပြီး သူမက သမီး ဦး လေးပါ။ India မှာလုံ လောက်တဲ့ ကိုယ်ဝန် ဆောင် စောင့်ရှောက်မှု စနစ် မရှိလို့ ကလေး မိခင်က ကလေး ကိုယ်ဝန်ဆောင် နေချိန်မှာ ကလေး ဘာဖြစ် နေမှန်း မသိခဲ့ ပါဘူး။ ကလေး ကို ဆေးရုံမှာ မွေးရိုး မွေးစဉ် မွေးလမ်း ကြောင်း ကနေပဲ မွေးဖွားခဲ့ ပါတယ်။

မိဘတွေ ဟာ ကလေး အတွက် အထူး ကျန်းမာရေး စောင့်ရှောက် မှု လိုတယ် ဆိုတာ မသိခဲ့ ကြ တဲ့ အပြင် ကလေးကို CT scan နဲ့ MRI ရိုက် ဖို့ တောင် ခွင့်မပြု ခဲ့ပါဘူး။ ဒါကြောင့် ခွဲစိတ်ပေး ဖို့ရာ လည်း မဖြစ် နိုင် ခဲ့ပါဘူး။ ကလေး ရဲ့ အတွင်းဘက် မျက်လုံး နှစ်လုံး ဟာ မျက်နှာပြင် က ကြွက်သား တွေ ပုံမှန် မရှိ တာကြောင့် ပိတ် လို့ မရဘဲ corneal opacity လို့ ခေါ်တဲ့ အမြင် အာရုံ ချို့ယွင်း မှု ဖြစ်စဉ် ကို ခံစားခဲ့ ရပါတယ်။ မိဘ တွေ ဟာ ဆေးရုံမှာ ထားဖို့ ငြင်းဆန် ခဲ့ တာကြောင့် လုံလောက် တဲ့ ပြုစု မှုကို မရခဲ့ပါဘူး။ အာခေါင်ကွဲ နေတာကြောင့် အိမ် မှာ နို့ဘူး တိုက် တဲ့အခါ သူမရဲ့ ကွဲနေတဲ့ အာခေါင်ကြောင့် ကောင်းကောင်း မစုပ် ယူ နိုင် ခဲ့ပါဘူး။ ကလေးဟာ အားနည်း ဖျော့တော့ လာ၊ အန် လာပြီး infection ၀င်လာ ပါတယ်။ နောက်ပိုင်း မိဘ တွေဟာ ကလေး ဖျား လာတာ၊ ရေဓါတ် ချို့တဲ့ လာ တာမို့ ဆေးရုံ ကို ပို့လိုက် ပါတယ်။ antibiotic တွေ၊ saline drip တွေကြောင့် သူမ အခြေအနေ သက်သာ လာပေမယ့် ဆေးရုံ ရောက်ပြီး ခြောက်နာရီ အကြာ အသက်၂ လ ပြည့်မှာ heart attack နဲ့သေဆုံး သွား ခဲ့ ပါတယ်။

Myanmar Youth Media Club
— with Haney Shweyi.

အားလုံး အသွားသတိ အစားသတိရှိပေးကြပါ..*

့  မြန်မာနိုင်သားအပေါင်းတို့)

ဒီပုံလေးက တရုတ်ပြည် ဟွဖုန်းသွားတုန်းကရိုက်ခဲ့တဲ့ ပုံလေးပါ
ဒီလို ကြက်ခြေထောက် ကြက်အသဲအမြစ် ကြက်အတောင်ပံ တွေကို ပလပ်စတစ်တွေနဲ့  ပါကင်ထုတ်ပိုးပြီး စီးပွားရေးအသွင် လုပ်နေကြပေမယ့် ကျနော့်အမြင်တော့ ကျန်းမာရေးနဲ့  လုံးဝညီညွတ်လိမ့်မယ်လို့  မထင်မိပါဘူး..

ဇမ်ဘိုအန်ဂါမြို့တွင် သူပုန်တို့နှင့် စစ်ဆင်ရေး ပြီးဆုံးသွားပြီဟု ဖိလစ်ပိုင် ကြေညာ


ဖိလစ်ပိုင် တောင်ပိုင်းတွင် ဓားစာခံ ၂၀၀ နီးပါးကို ဖမ်းဆီးထားသော မွတ်စလင် သူပုန်များနှင့် သီတင်းပတ်သုံးပတ်ကြာ စစ်ဆင်ရေး ပြီးဆုံးသွားပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Voltaire Gazmin က စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ အစိုးရတပ်များက ကယ်တင်ခြင်းနှင့် မိုရိုအမျိုးသား လွတ်မြောက်ရေးတပ်ဦး (MNLF) က လွှတ်ပေးခြင်းတို့ကြောင့် လွတ်မြောက်လာသူ ဓားစာခံ ၁၉၅ ဦး ရှိခဲ့ကြောင်း သိရသည်။

Sunday, September 29, 2013

မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အမည်ပြောင်းမည်

ကုလသမဂ္ဂလုံခြုံရေးညီလာခံ 
အာဆီယံနိုင်ငံများအစည်းအဝေးတက်ရောက်နေသော နိုင်ငံခြားရေးဝန်ကြီး 
ဦးဝဏ္ဏမောင်လွင်။ကုလသမဂ္ဂလုံခြုံရေးညီလာခံ အာဆီယံနိုင်ငံများအစည်းအဝေးတက်
ရောက်နေသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အမည်ဟာ မြန်မာအစိုးရကို ဖိအားပေးမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေမှာ စိုးရိမ်လို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းကူညီရေးဆိုတဲ့ နာမည်မျိုး ပြောင်းမှာဖြစ်ကြောင်း မြန်မာ့ မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေးကို

ရောင်းချရန် ပြန်ပေးဆွဲ ခံထားရသော ကလေးငယ် ၉၂ ဦးအား တရုတ်ရဲတပ်ဖွဲ့ ကယ်တင်

ပေကျင်း ၊ ၂၉-၉-၂၀၁၃
တရုတ်ရဲတပ်ဖွဲ့ သည် ရောင်းချရန် အတွက် ဂိုဏ်းဖွဲ့ တစ်ခု၏ ပြန်ပေးဆွဲခြင်း ခံထားရသော ကလေးငယ် ၉၂ ဦးနှင့် အမျိုးသမီး ၂ ဦးအား ကယ်တင်ခဲ့ပြီး သံသယ ရှိသူ ၃ဝ၁ ဦးအား ဖမ်းဆီးခဲ့ ကြောင်း ယခုနှစ်များ အတွင်း လူမှောင်ခို ကူးမှုနှင့် ပတ်သက်၍ အကြီးမားဆုံး ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှု ဖြစ်ကြောင်း တရုတ်နိုင်ငံ ပိုင် ဆင်ဟွာ သတင်းဌာနက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာကို တက္ကသိုလ် ၀င်တန်း အောင်သူ မည်သူမဆို လျှောက်ထားနိုင်

ရန်ကုန် ၊ ၂၉-၉-၂၀၁၃
ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးကို အမေရိကန် နိုင်ငံမှ အခြေချ နေထိုင်ခွင့်ပြု ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ပြည်ဝင်သူ ဦးရေ နည်းပါးသည့် စာရင်းတွင် ပါဝင်နေသည့် အတွက် ပညာ အရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင် မြန်မာနိုင်ငံ သား မည်သူမဆို အောက်တိုဘာ ၂ ရက်မှစပြီး www.dvlottery.state.gov မှ လျှောက်ထား နိုင်ပြီဖြစ် ကြောင်း ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မဟာ ဗန္ဓုလလမ်း ရှိ YMCA ခန်းမ၌ ကျင်းပသော အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာ ကံစမ်းမဲ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သံရုံး မှ Vice Consul. Jonathan Chestnut က ပြောကြား ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေဘာ့ကြောင့်ရှိနေရတာလဲ

လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တိုင်းရင်းသားဒေသတွေက ထိုးစစ်တွေကြောင့် အ မျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စိုးရိမ်စရာ အနေအထားဖြစ်နေပြီလို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ထောက်ပြ မှုတွေရှိနေပါပြီ။

Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း

Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများအကြောင်း၊သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

“ ရွှေတိဂုံစေတီတော် အောက်ကလျို့ဝှက်၂ ခုကို အာမေးနီးယန်းလူမျိုး တစ်ယောက်ကသိ ”

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီး အောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေ ပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ရွှေလှေတစ်စီးရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့မြန်မာနိုင်ငံဖွား အာမေးနီးယား လူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည် ဖော်ပြချက်အရ သိရှိရပါတယ်။

လက်ပံတောင်းအရေး ဆန္ဒပြသူများ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်

လက်ပံတောင်းအရေး လှုပ်ရှားသူ သံဃာတော်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၅၀ လောက်ဟာ မန္တလေး တိုင်း အမရပူရမြို့အဝင်ကနေ လက်ပံတောင်းတောင်ခြေ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်အထိ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ အာဏာပိုင်တွေက ခွင့်ပြုခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်း ရင်း ဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

လက်ပတောင်းဒေသသို့ လမ်းလျှောက်သူများ စစ်ကိုင်းတွင် တားဆီးခံရ

လက်ပန်တောင်းတောင်ခြေရှိလယ်တီသိမ်နှင့်စေတီတော်ကိုကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ မန္တလေးမြို့ အမရပူရမြို့ နယ်မှစတင်လမ်းလျှောက်ထွက်ခွာလာခဲ့ သောလက်ပတောင်းဒေသခံများနှင့် ရန်ကုန်မြို့ မှတက်ကြွလှုပ်ရှားသူများပါဝင်သောအဖွဲ့ ဝင်အင်အား ၅၀ ခန့် ကို စစ်ကိုင်းမြို့ အဝင် ဧရာဝတီ

တရုတ်ပြည်ရောက် စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့်

တရုပ်ပြည်ရောက် စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့် (ဓာတ်ပုံ- Thet Mon Myint's facebook) 
တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် ပိတ်ပွဲအခမ်းအနားမှာမြင်တွေ့ရတဲ့ သရုပ်ဆောင်
စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့်တို့ပါ။

ကြုံကြရ ဘုံဘ၀က ငပိ ဒုက္ခ

“ကိုဘသစ် နက်နက်စောစောကြီးဘယ်ကလှည့်လာတာလဲ”
“မော်လမြိုင်ကပြန်လာတာပါ။ ကျုပ်ဘကြီးတစ်ယောက်နေမကောင်းလို့သွားကြည့်တာ၊ဘကြီးက
အသက် ၈၁ နှစ်ရှိပြီ”
“အခြေအနေဘယ်လိုရှိလဲ”
“ကောင်းသွားပါပြီ။ ဘကြီးတို့က ခြံထဲမှာနေတော့လေကောင်းလေသန့်ရတယ်။သန်သန်မာမာဆိုပေမဲ့
ဘကြီးစကားနဲ့ဆိုရင် ဇရာထောင်းတော့ ဘယ်ဟာမှမကောင်းဘူး ကွ လို့ပြောရမှာပဲ”

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် ယာဉ်နှင့် လမ်းစည်းကမ်း အသိ ပညာပေး ပြဇာတ် အချပ်ရေ တစ်သောင်း အခမဲ့ ဝေမည်

မန္တလေး၊ စက်တင်ဘာ ၂၉။
အောက်တိုဘာ ၁ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြဇာတ်ခွေအချပ်ရေ တစ်သောင်းကို မန္တလေးသတင်းပုံရိပ်နှင့် ယာဉ်ထိန်းရဲများစုပေါင်းကာ မန္တလေးမြို့ရှိ မီးပွိုင့်များတွင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

လိုင်စင်ရ အသံတိတ် လူသတ်သမားများ

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်
လန့်စိတ် အတော်ကြီးမားသွားသည်။
ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း
အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

မိခင်ကို သားဖြစ်သူက သတ်

ရန်ကုန်၊ စက်တင်ဘာ ၂၉
ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာ တွင် မိခင်ကို သားဖြစ်သူက သတ်တဲ့ လူ
သတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

သို့ NLD ပါတီဝင် ရွှေမြန်မာများ

ပြည်သူတွေက ဒေါင်းအလံ ပြန်အပ်ခိုင်းနေပါပြီ။ ထို့ကြောင့် အချိန်မနှောင်းမှီ အမျိုးသားရေး ဦးစားပေးခြင်းဖြင့် ပြည်သူ့မေတ္တာအား အမြန် ပြန်လည် ရယူကြပါ ... NLD ပါတီဝင် ရွှေမြန်မာများ။

၂၅ နှစ် ပြည့်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်မကျေသေးဟု ဒေါ်အောင်ဆန်းစုကြည် ဝန်ခံ


သက်တမ်း ၂၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် အလုပ်တာဝန်များ မကျေပွန်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ငွေရတု သဘင်အခမ်း အနားတွင် ပြောကြားသည်။ “ကျွန်မတို့ရဲ့ တာဝန်တွေ ကျေပွန်ပြီလားဆိုတော့ အမှန်တော့ မကျေပွန်သေးပါဘူး” ဟု ၎င်းကဆိုသည်။

ပြည်သူအားလုံးပြင်ဆင်သည် ဟု ခေါင်းစဉ်တပ်ကာ နှစ်လအတွင်း ဖွဲ့စည်းပုံအသစ် စိတ်ကြိုက်ရေးဆွဲ၍ ဒီဇင်ဘာ (၁) ရက် တင်သွင်းမည်ဟု ဒေါ်စုပြောကြား


PIC 0175၂၀၀၈ခုနှစ်တွင် ရေးဆွဲထားပြီး ပြဌာန်းအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လာမည့်လွှတ်တော်၌ ပြင်ဆင်နိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်)ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီမှအပြီးသတ်ရေးဆွဲထား သည့် ဥပဒေကြမ်းကို လာမည့်ဒီဇင်ဘာလ(၁)ရက်နေ့ နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည်ဟု ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ရရန် ငြိမ်းချမ်းရေး ညီလာခံကြီး အမြန်ဆုံးကျင်းပရန် NDF တိုက်တွန်း

  ပြည် ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်း ရေး ရရှိ ရန် ငြိမ်းချမ်းရေးညီလာခံ ကြီး အမြန်ဆုံးကျင်းပရန် အမျိုး သား ဒီမိုကရေစီအင်အားစုပါတီ က တောင်းဆိုလိုက်ကြောင်းသိရ သည်။
တောင်ကြီးမြို့တွင် စက်တင် ဘာ ၂၁ရက်မှ ၂၃ရက်အထိ ကျင်းပပြုလုပ်သော ''ယုံကြည်မှု တည်ဆောက်ခြင်း''(ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်) ဆွေးနွေးပွဲတွင် ယုံကြည်မှု တည် ဆောက်ခြင်းကော်မတီသို့ အမျိုး သားဒီမိုကရေစီအင်အားစုမှ စာ တမ်းတင်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓသာသနာအလံကို စွဲဖြုတ်ဖျက်ဆီးသည့် မွတ်ဆလင်တစ်ဦးအား သံတွဲရဲစခန်းတွင် ဖမ်းဆီးထား

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်၌ ဘာသာခြားတစ်ဦးက သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သံတွဲမြို့ ဒေသခံများက ပြောကြားသည်။

ဒေါ်စု အဆပေါင်းများစွာတော်ပြီး နိုဘယ်ဆုမရခဲ့သည့် Global Leader ဦးသန့်

တနင်္ဂနွေနေ့ထုတ် The Voice Daily တွင် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ အကြောင်း ရေးသည့်အခါ ပထမဆုံး ခေါင်းထဲ ရောက်လာသူမှာ ဦးသန့် ဖြစ်သည်။
Photo: Global Leader ဗိုလ်ချုပ်ကို ခေါင်းဆောင်မှု ရှုထောင့်မှကြည့်အပြီး မြန်မာ့ခေါင်းဆောင်စစ်စစ် တစ်ယောက်၏ ခေါင်းဆောင်မှုအဖြစ် ‘ဗိုလ်ချုပ်၏ ခေါင်းဆောင်မှု ရှာပုံတော်’ စာတစ်အုပ် ထုတ်ဝေပြီးသောအခါ ဦးသန့်ဘက်သို့ ကျွန်တော်လှည့်သည်။ ဗိုလ်ချုပ် ခေါင်းဆောင်သည်က မြန်မာ့နိုင်ငံရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု၊ ပြည်တွင်း။ ဦးသန့်က နိုင်ငံတကာ စင်မြင့်တွင် ရပ်ဝေး မြေခြား တိုင်းတစ်ပါးသားများ၊ ထိပ်သီးများ၊ ကမ္ဘာကို ကိုင်လှုပ်နေသူ မတစ်ထောင်သားတို့ကို ဦးဆောင်သည်။

ရှိုင်းကုမ္ပဏီ ပိုင်ရှင် ဦးနုရ်အာလောမ် ၏ အခွန်ရှောင်မှုအကြောင်း (အိပ်ဖွင့်ပေးစာ)

Eleven မှာ ရေးထားတဲ့ နာမည်ကြီး မွတ်ဆလင် သူဌေးတွေ အခွန်ရှောင်တဲ့အကြောင်း ဖတ်လိုက်ရလို့  သိထားတာလေးတွေ ရေးလိုက်ပါတယ်။ ဦးဇင်းက ရခိုင်ကပြည်ကနေ ရန်ကုန်ကို ပြောင်းလာတဲ့ သံဃာတစ်ပါးပါ။ ရခိုင်မှာနေ ကတည်းက ရှိုင်းကုမ္ပဏီပိုင် ဦးအောင်ဇော်ဝင်း တို့အကြောင်း သိပါတယ်။ ဦးဇင်းတင်မဟုတ်ဘူး ဘူးသီးတောင်၊ မောင်းတောတစ်ဝိုက်က လူအားလုံး သိပါတယ်။ ဦးအောင်ဇော်ဝင်း တို့ မောင်နှမ အားလုံးက ဘင်္ဂလီ မွတ်ဆလင်တွေပါ။

Saturday, September 28, 2013

ခွပ်ဒေါင်းကိုမွတ်ဒေါင်းဟု ပြောဆိုမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက တုံ့ ပြန်

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb7zOdAGM6XOi0yDIjDyUXJegN9NFpwlBgukuWtHL3s6Tpp9oS2EfCDaJu9lQsZXBQdncQv0x3Z7fgKXIBiLOs8elmqReNmxkMgLK766I8fEn4XgDN6OGrhoQRoshd_6xjP7dwxZGT2ujY/s1600/3.jpg
ရဲမွန်၊ အောင်မြင်ရဲဇော်၊ ရန်ကုန်၊
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီတံဆိပ်အမှတ်အသား ဖြစ် သော ခွပ်ဒေါင်းပုံအား ပြည်သူအချို့က မွတ်ဒေါင်း ဟု ပြောဆိုနေကြခြင်းအပေါ် အဖွဲ့ချုပ်နာယက ဦးတင်ဦးက စက်တင် ဘာ ၂၇ ရက်တွင် ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သောအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ငွေရတုအခမ်း အနား အပိတ်မိန့်ခွန်း၌ တုံ့ ပြန်ပြောဆိုခဲ့ သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပါးရိုက်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5czpudImnGKiA8pzHvdxNOfoTTrgfsum8WHlu_QXy2E8fCIqRJPt05WUMJ3tSvo3NILOgSpNvCu4WXbRXCiRO-4MfxNBYiF4AooY_cehASqsCzcBLZlW9H1CZrgPDRGj-X8Z_Cdw7AYdF/s1600/10.jpg
ရန်ကုန်-မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်တွင် သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကို ပါးရိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

တရားမဝင် မြန်မာ အလုပ်သမား (၁၅)ဦး ထိုင်းနိုင်ငံမှ လွှဲပြောင်း

တာချီလိတ် ၊ ၂၇-၉-၂၀၁၃
ရှမ်းပြည်နယ် ( အရှေ့ပိုင်း) တာချီလိတ် မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတား၌ ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၁၁ နာရီက ခရိုင်/ မြို့နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာ များ ပါဝင်သော အဖွဲ့သည် ထိုင်းနိုင်ငံ လဝက ဦးစီးအရာရှိ စာစီတွန် ၊ မယ်ဆိုင်ခရိုင် လဝကမှူး ဖနော်ကျာ လူဖတ် ၊ မယ်ဆိုင်ခရိုင် ဒုလဝကမှူး ဆက်ဒါးရန် စုကျမ်း နှင့် ဒုလဝကမှူး ယဆဲန်ခုမ် ဟန်ဆန် တို့မှ မြန်မာ အလုပ်သမား ကျား (၁၄)ဦး၊ မ(၁)ဦး စုစုပေါင်း (၁၅)ဦး ကို လွှဲပြောင်း လက်ခံခြင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲ ၊ ရေဘေးသင့် အိမ်ထောင်စု များအား ထောက်ပံ့ ပစ္စည်းများ ကူညီပေးအပ်

ဘုတ်ပြင်း ၊ ၂၇-၉-၂၀၁၃
ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲတွင် စက်တင်ဘာ ၂၃ ရက် က မိုးသည်းထန် သဖြင့် လေညှာ မြစ်ရေ မြှင့်တက်လာမှု ကြောင့် ရေဘေးသင့် ရပ်ကွက် နှင့် ကျေးရွာများ မှ မိသားစု များအား ထောက်ပံ့  ပစ္စည်းများ ပေးအပ် ကူညီခြင်း အစီအစဉ် ကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် (၉) နာရီက ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲ ရေဘေးသင့် မိသားစု များအား ယာယီ နေရာချ ထားပေးသည့် ကယ်ဆယ်ရေး စခန်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

သမ္မတကြီး မှာကြားချက်နှင့် ရဲမှူးဦးဝင်းနိုင် ပြောကြားချက် ကွဲလွဲနေ



ငါလည်း မကြောက်တော့ဘူး။ မင်းတို့လည်း
မကြောက်ကြနဲ့။ မေးသမျှ တော့ မင်းတို့ မှန်
မှန် ကန်ကန်သာ ဖြေပေးပါ ဆိုပြီးတော့ ဒီအ
တိုင်း မီဒီယာတွေ ကို ပြောထားတယ်။ မယုံ
ရင်လည်း ဟောဒီမှာ ဦးစိုးသိန်းတို့၊ ဦးအောင်
မင်းတို့ သာ မေးကြည့်ပေတော့ . . .
မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ(၁) အမှတ် (၂၈) ကို ဖတ်ရင်းနဲ့ စာမျက်နှာ (၁၂) မှာ ရဲတပ်ဖွဲ့မှူး
ဦးဝင်းနိုင်က ““ဆိုလိုတာက သတင်းမီဒီယာတွေမေးရင် ဖြေရမယ်ဆိုတဲ့ အမိန့်မျိုး ထုတ်ထားတာရှိလား။ အဲ
ဒီလို ထုတ်ထားတာရှိလို့ တို့ဘက်က ရဲတွေက မဖြေဘူးဆိုရင် ပြောပါဆိုတဲ့ ပြောစကားကို အံ့သြပြီး နောက်
စာမျက်နှာတွေကို မလှန်လှောနိုင်တော့ဘဲ ထပ်ကာ ထပ်ကာ ဖတ်မိတော့တယ်။

ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း အမှုကို မန္တလေး တိုင်းဒေသကြီး တရားရုံးက ပလပ်မိန့်ချ

ပြည် ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏မြေ အရောင်းအဝယ်ကိစ္စ တရားမ မှုကို မန္တလေးတိုင်းဒေသကြီး
တရားရုံးက စက်တင်ဘာ ၂၆ရက်တွင် ယင်းအမှုနှင့်ပတ်သက်ပြီး တရား စွဲဆိုရန် အဆိုလွှာကို ပလပ်
ကြောင်း အမိန့်ချမှတ်ခဲ့သည်ဟု မန္တလေး တိုင်းဒေသကြီး တရားရုံးမှ တရား သူကြီး ဦးကြည်သိန်းက
ရန်ကုန် တိုင်းမ်နေ့စဉ်သို့ အတည်ပြုပြော ကြားသည်။

သတ်မှတ် ရက်လွန် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများ ရက်တိုး လက်ခံမည်

ရန်ကုန်၊ စက်တင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းရသော ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်
လွှာများကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် နောက်ဆုံးလက်ခံမည် ဖြစ်သော်လည်း နောက်ကျသည့် အ
ကြောင်းအရင်း ခိုင်လုံသော လျှောက်လွှာများကို အောက်တိုဘာလဆန်းထိ လက်ခံသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောကြားသည်။

တင်ပြီးသား post များ

3D