သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, June 24, 2013

ပြောပြချင်တဲ့ စကားတွေ။

မခင်ဦး။

( ၂၃၁) -

မြန်မာပြည်က အမျိုးသမီးတွေရဲ.အခွင့်အရေးနဲ့ပတ်သက်ရင် ကျေနပ်အားရစရာ ကောင်းလှပါတယ်။

ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတွေဟာ အိမ်တွင်းပုန်းဘ၀ကို မရောက်ခဲ့ကြဘဲ အမျိုးသားများလိုဘဲ မြန်မာနိုင်ငံရဲ.စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးနယ်ပယ်တွေမှာ ထဲထဲဝင်ဝင်နဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ပါဝင်ခွင့်ရခဲ့တာကိုတွေ့ရပါတယ်။


အခုတလော ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ တက်လာနေတဲ့ ၁၈၉၀ ခု - ၁၉၀၀ ပြည့်ဝန်းကျင်က ဓါတ်ပုံတွေမှာကိုဘဲ မြန်မာအမျိုးသမီးတွေ သွားလာလှုပ်ရှား ရှင်သန်ရုန်းကန်နေကြတာတွေဟာ တကယ်ကို ပျော်ရွင်စရာကျေနပ် အားရစရာကောင်းလှပါတယ်။

ဒါဟာ ကျွန်မတို့ရရှိခဲ့တဲ့ ကျားမခွဲခြားမမြင်တဲ့ ဗုဒ္ဓညာသာကို အခြေခံပြီး ဖြစ်တည်ခဲ့သလားလို့ ထင်မှတ်ယူဆမိပါတယ်။

ပုဂံခေတ်ဦး အရည်းကြီးသာသနာထွန်းကားစဉ်က အမျိုးသမီးတွေကို ရှုမြင်ပုံမှာ ဘာသာရေးပုဂ္ဂိုလ်တွေက လွှမ်းမိုးထားတဲ့ သဘောသဘာဝရှိခဲ့တယ်ထင်ပါတယ်။ ပန်းဦးဆွတ်ခြင်းဓလေ့ ထုံးစံဆိုတာမျိုးရှိခဲ့တယ်လို့် ဆိုပါတယ်။

ဒါကိုအနော်ရထာဘုရင်လောင်းလျာ လူငယ်ကလေးဟာ ဆန့်ကျင်ခဲ့ပုံရပါတယ်။ လူငယ်အရွယ် အနော်ရထာ လောင်းလျာဟာ အရည်းကြီးတွေဆီ ပန်းဦးဆက်ဘို့ ငိုယိုနေတဲ့ သူ့ချစ်သူမိန်းကလေးကို ပေးပိုခဲ့ရတာကို နာကျည်းခဲ့လေသလား မပြောတတ်ပါဘူး။

ဒီိနာကျည်းမှုဆီက ဆန့်ကျင်မှုဟာ အယူအဆသစ် ကိုးကွယ်မှု အသစ်ဆီ ချဉ်းကပ်ရန် ဆန္ဒပြင်းပြခဲ့ပုံရပါတယ်။

တကယ်တော့ အဲဒီိအချိန်မှာ မွန်ဒေသမှာ ဗုဒ္ဓဘာသာဟာ အခြေခိုင်ပြီးဖြစ်နေပါပြီ။။
အထက်အညာသားတွေဆီမှာ ထွန်းကားနေတဲ့ ကိုးကွယ်ယုံကြည်မှုက မသန့်ရှင်းတဲ့ အတွက် မွန်တို့က ဗုဒ္ဓဘာသာနဲ့ မထိုက်တန်ဘူးထင်လို့ မပေးလိုဘူးလို့ ဆိုကြတယ်။

ဒါပေမဲ့ နောက်ဆုံးတော့ အနော်ရထာမင်းသစ်တက်လာချိန်မှာ ရှင်အရဟံကိုယ်တော်မြတ်ဟာ ပုဂံကိုကြွချီခဲ့တယ်။

ကြ၊ွချီတယ်လို့ ဒဏ္ဍာရီပုံပြင်ဆန်ဆန် လွယ်လင့်တကူပြောပေမဲ့ အမှတ်စင်စစ် မွန်တို့ဌာနေ ရာမညတိုင်းကလဲ ပုဂံရဲ.မင်းပြောင်းမင်းလွဲနဲ့ မင်းသစ်ရဲ.အလိုဆန္ဒတောင့်တမှုကို ကြားသိမှာပါ။ စိတ်ဝင်တစားရှိမှာပါ။

မင်းသစ်အနော်ရထာဟာ အယူအဆဟောင်းကိုမနှစ်မြို.ဘူး။ စိတ်ကုန်နေတယ်ဆိုတာ ကြားသိလို့သာ မေတ္တာဂရုဏာကြီးမားလှတဲ့ ရှင်အရဟံကိုယ်တော်ဟာ ပုဂံကိုကြွချီခဲ့တယ်ဆိုတာ သံသယမရှိပါဘူး။

ပုဂံပြည်ကို ကိုးကွယ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့တဲ့ ရှင်အရဟံရဲ.ကျေးဇူး၊ အနော်ရထာဘုရင်မင်းမြတ်ရဲ. ကျေးဇူးတွေက ကြီးမားလှပါတယ်။

ဒီကျေးဇူးကလဲ ကျွန်မတို့လူမျိုးမှာ ငါ-သူတပါး-ယောင်္ကျား-မိန်းမ - ပုဂ္ဂိုလ်သတ္တ၀ါမရှိ အယူအဆရရှိခဲ့ပြိး တပါတည်း အမျိုးသမီတွေအတွက် ထိုက်တန်တဲ့ အခွင့်အရေးတွေလဲ ပါဝင်လာခဲ့တယ်ထင်မိပါတယ်။

မြန်မာပြည်မှာ ဗုဒ္ဓသာသနာထွန်းကားလာတာနဲ့ ပတ်သက်ရင် မွန်လူမျိုးတွေရဲ.ကျေးဇူးကလဲ ကြီးမားပါတယ်။ မွန်လူမျိုးတွေ ၊မွန်အုပ်ချုပ်သူတွေ အမြော်အမြင်ကြီးမားခဲ့လို့သာ ဗုဒ္ဓဘာသာကိုလက်ခံနိုင်စွမ်းရှိဲ့တယ်။ မြန်မာက မွန်ဆီကတဆင့်ခံရရှိခဲ့တာပါ။

ကျွန်မရဲ.မိတ်ဆွေ မွန်ဆရာဝန်လေးတယောက်ဟာ စာပေဗဟုသုတအရာမှာ အတော်ပြည့်စုံသူပါ။ သူနဲ့ကျွန်မ စကားပြောကြတဲ့အခါ ကျွန်မက ( မွန်လူမျိုးတွေ ကျေးဇူးကြီးတယ်။ မွန်တွေက ဗုဒ္ဓဘာသာကို ကနဦးကတဲက လက်ခံထားခဲ့လို့သာ အမတို့ မြန်မာတွေလဲ ဒီဘာသာကို ရခဲ့တာ။) လို့ ပြောပါတယ်။

အဲဒီတော့ သူက ( အမရေ -- တကယ်တန်းကျတော့ နောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့အောင် စွမ်းဆောင်ခဲ့တာက မြန်မာတွေပါ။ ကျွန်တော်တို့ မွန်တွေအလိုဆိုရင် ပိဋကတ်သုံးပုံဟာ သိမ်းထားတာနဲ့ ပျံ့နှံ့မယ်မထင်ဘူး။ မြန်မာဘုရင်တွေ၊ မြန်မာဆရာတော်ကြီးတွေ ကြိုးပမ်မှုကြောင့်သာ ဒီလောက် ပျံ့ပွားဖြစ်တည်ခဲ့တာပါ) တဲ့။

ကျွန်မတို့ရဲ. အမြင်နှစ်ခုလုံး မှန်နိုင်ပါတယ်။ မြန်မာကျွန်မက မွန်ရဲ.ကျေးဇူးကို ထုတ်ဖေါ်ပြောဆိုချိန် သူက မြန်မာရဲ.တန်ဘိုးကိုထုတ်ဖေါ်ပြောတော့လဲ ကျွန်မ၀မ်းသာရတယ်ပေါ့။

သေချာပြန်စစ်ကြည့်ရင် မြန်မာဗုဒ္ဓဘာသာသမိုင်းမှာ မည်သည့်အချိန်ကာလကမှ မြန်မာအမျိုးသမီးတွေ အတွက် သီးသန့်ကန့်သတ်ချက်တွေထားရှိဘို့ မည်သည့်သာသနာပိုင်ဆရာတော်တပါးပါးကမှ မိန့်ကြာခဲ့တယ်ဆိုတာ မရှိခဲ့ပါဘူး။

မဃဒေ၀လိုကျမ်းမှာ အမျိုးသမီးတွေရဲ.အပြစ်ကို ညွန်ပြမှုတွေရှိခဲ့တာမျိုးကလဲ ကျမ်းပြုဆရာတော်က မိမိရဲ.တပည့်ရဟန်းများကို ဆုံးမမှုမျှသာလို့ ယူဆပါတယ်။

အခုအချိန်အခါမှာ အမျိုးသမီးများအတွက် သီးသန့်ဥပဒေထုတ်ဘို့ ကြိုးပမ်းမယ်ဆိုတာဟာ ဗုဒ္ဓဘာသာရဲ. ညွန်ကြားပြသလမ်းညွန်ချက်နဲ့ အထူးကွဲလွဲနေပါတယ်။

ခေတ်သစ်လူ့အခွင့်အရေးရှုဒေါင့်က ကြည့်မယ်ဆိုရင်လဲ နိုင်ငံတကာလူ့အခွင့်အရေး စံရည်စံညွန်းကနေ သွေဖီနေကြောင်းပြောလိုပါတယ်။

နိုင်ငံတနိုင်ငံမှာ ပြဌာန်းမယ်ဆိုတဲ့ ဥပဒေဟာ နိုငံတကာစံညွန်းနဲ့လဲ ကိုက်ညီရသလို နိုင်ငံတွင်းက အစုအဖွဲ့တခုအတွက် အထူးအလေးပေးထားတဲ့ဥပဒေမျိုးလဲ မဖြစ်ရပါဘူး။ အများလိုက်နာနိုင်တဲ့ ဥပဒေမျိုးသာ ဖြစ်ရပါမယ်။

အခုတလော ပြောဆိုလာတဲ့ အမျိုးစောင့်ဥပဒေဆိုတာမျိုးဟာ အစဉ်အလာကြီးမားလှတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာကို ထိပါးရာရောက်ပါတယ်။ မျိုးကိုစောင့်မယ်ဆိုရင်တောင် ကျား-မခွဲခြားပြောဆို မှုနဲ့တင် စကားကျွံနေပါပြီ။

ဒုတိယကမ္ဘာစစ်မတိုင်ခင်အချိန်မှာ မဟတ္တမဂန္ဒီ မြန်မာပြည်ကို လာလည်စဉ်က မြန်မာအမျိုးသမီးတွေ နိုင်ငံရေး-စီးပွားရေး-လူမှုရေးနယ်ပယ်တွေမှာ တက်တက်ကြွကြွ ပါဝင်နေတာတွေ့ရလို့ သူ.အနေနဲ့ အထူးဝမ်းမြောက် ဂုဏ်ယူမိတယ်လို့ မှတ်တမ်းတင်ထားတာကို ဖတ်ရချိန်က ကျွန်မ မြန်မာအမျိုးသမီးဖြစ်ရတာ အလွန်ဝမ်းသာမိခဲ့ ဘူးပါတယ်။

အခုအချိန်မှာ အမျိုးစောင့်ဥပဒေများ ပေါ်ထွက်လာခဲ့ရင် နောက်ဆက်တွဲ အိမ်ပြင်မထွက်ရ။ ခေါင်းမီးခြုံရမယ်။ ဘာသာခြားတွေမြင်မှာစိုးလို့ မျက်နှာမဖေါ်ရတွေ တဆင့်တိုးလာမလား စဉ်းစားစရာပါဘဲ။

မည်သည့်ကိစ္စမှာမဆို-- မနောကံ-၀ဇိကံ-ကာယကံမြောက် စဉ်းစား-ပြောဆို-လုပ်ကိုင်ရာမှာ ဘက်ပေါင်းစုံက လေ့လာသုံးသပ်ပြီး အကျိုးအပြစ်ကို ဆင်ခြင်သင့်ပါတယ်။

ကမ္ဘာအေးသာသနာ့တက္ကသိုလ်က ဆရာတော်ကြီးတပါးက အမျိုးစောင့်ဥပဒေဆိုတာမျိုး ထုတ်ပြန်ဘို့ စဉ်းစားမှာ မဟုတ်ဘူးဆိုလို့သာ တော်ပါတော့တယ်။ ကျေးဇူးကြီးမြတ်ပါပေတယ်။

ဒီခေတ်အမျိုးသမီးတွေဟာ အရင်ခေတ်ကလို မဟုတ်တော့ပါဘူး။ ခေတ်သစ်ပညာတွေ တတ်ကျွမ်းနာလည်းပြီး ထားရာမှာနေကြမယ်တော့ မဟုတ်ဘူးဆိုတာလဲ သိစေချင်ပါတယ်။

အရာရာကို ကိုယ်တိုင်လေ့လာပြီး ကိုယ်တိုင်သုံးသပ်ဆင်ခြင်နိုင်စွမ်းရှိသူတွေ ဖြစ်နပါပြီ။

မြန်မာပြည်တွင်းမှာ ကျင်းပနေတဲ့ ဘာသာရေးဆိုင်ရာတရားပွဲတွေကို လိုက်လံကြည့်ရှုပါဦး။
တရားနာ ပရိတ်သတ်မှာ အမျိုးသားဦးရေနဲ့ အမျိုးသမီး ဦးရေအချိုးအစား ဘယ်လိုရှိသလဲ ဆန်းစစ်စေချင်မိ ပါတယ်။ အများစုက အမျိုးသမီးထုကြီးပါ။

အလှုအတန်း ဒါနခန်းမှာလဲ အမျိုးသမီးတွေရဲ. တိုက်တွန်းနိုးဆော်မှု မပါဝင်ဘဲ အထမြောက်လေ့မရှိပါဘူး။

ဒီအချက်ကို ဆရာတ်ာသမာတော်ကြီးများ သတိပြုမိကြပါတယ်။ အမျိုးသားတွေ ကျောင်းသာလာတယ်။ ဘာလှုရမှန်းသိကြတာမဟုတ်ဘူးဗျဆိုတဲ့ မိန့်ကြားမှုမျိုးလဲ ကြားခဲ့ဘူးပါတယ်။

ဆိုလိုတာက သာသနာတော် နေလိုလလို ထွန်းကားနေတာဟာ အမျိုးသမီးတွေရဲ. ပံ့ပိုးးမှုတွေကလဲ တခန်းတကဏ္ဍ အရေးပါတယ်ဆိုတာကို ဖေါ်ပြလိုတာပါ။

ရေရှည်အကျိုးမဖြစ်ထွန်းနိုင်တဲ့ အမျိုးသမီးသီးသန့်ကန့်  သတ်ပြောဆိုမှုမျိုးကို နိုင်ငံတွင်းက မည်သူပင် ပြောဆိုပါစေ လက်မခံနိုင်ပါကြောင်း ပြောလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ --

မဟတ္တမဂန္ဒီလာလည်စဉ်က မှတ်ချက်ပေးသွားတာလေးကိုလဲ မဟတ္တမဂန္ဒီရဲ့ထေရုပတ္တိမှာ ရှာဖွေဖတ်ရှုစေလို ပါတယ်။

သက်ဆိုင်သူ အမျိုးစောင့်ဥပဒေထုတ်ပြန်လိုသူ၊ ထောက်ခံသူတွေအတွက်ပါ။

မြန်မာပြည်ကို လာလည်စဉ် မြန်မာအမျိုးသမီးများ လူမှုအသိုင်းအ၀န်းကြား တက်တက်ကြွကြွ ပါဝင်လှုပ်ရှား နေသည်ကို မြင်တွေရသည်မှာ အားရကျေနပ်ဂုဏ်ယူဖွယ်ဖြစ်ရပြီး မြန်မာဘုန်းတော်ကြီးများ တရားအားထုတ် ကျင့်ကြံ့ကြိုးကုပ်မှု မလုပ်ဘဲ ရပ်ထဲရွာထဲမှာ အချိန်ဖြုန်းနေသည်ကိုမူ အပြင်းထူလှသည်ဟု ထင်မြင်မိပါကြောင်း။ ------ တဲ့။

ကျွန်မပြောတာ မဟုတ်ပါ။

မဟတ္တမဂန္ဓီ ရေးသားထားတာပါ။ စိတ်ဆိုးချင်လျှင် မဟတ္တမဂန္ဒီကိုသာ စိတ်ဆိုးတော်မူကြပါ။

(၁၈-၆-၁၃)။

by...niknayman

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D