သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, June 24, 2013

ရန်ကုန်-မန္တလေး အမြန် လမ်း ရှစ်လမ်း သွား အဖြစ် ဆောင် ရွက် မည်


မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းကို နိုင်ငံတကာ အကူအညီများဖြင့် ရှစ်လမ်းသွား အမြန်လမ်းမကြီးအဖြစ် ပည်သူ့ဆောက်လုပ် ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောသည်။

လက်ရှိတွင် အဆိုပါအမြန်လမ်းတစ်လျှောက် ယာဉ်အစီး ၁၀၀၀ လျှင် ယာဉ်တစ်စီးနှုန်းဖြင့် မတော်တဆ မှုများ ဖြစ်နေခြင်းကြောင့် ယခင်အမြန်လမ်း တည်ဆောက်ခဲ့သည့် မာစတာပလန်အတိုင်း အဆင့်မြှင့်တင် မှုများ ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဇွန် ၂၂ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းခန်းမ တွင် ပြုလုပ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တည်ဆောက်ရေး လုပ်ငန်းစဉ်နှင့် ယာဉ်အန္တယာဉ် ကင်းရှင်းရေး ဟောပြောပွဲတွင် ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တည်ဆောက်ရေး Master Plan အရ လက်ရှိ ဖောက်လုပ်ထား သည့် လေးလမ်းသွား အမြန်လမ်းကို ရှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ရမည် ဖြစ်ပြီး ရှစ် လမ်းသွား၏ ဘေးတွင် လမ်းပုခုံး၊ ခြံစည်းရိုးများ ပါဝင်မည်ဖြစ်သည်။ ယင်းခြံစည်းရိုး၏ ဘေးတွင် ကျေး လက်သွား အမာခံလမ်းများ ပါဝင်မည်ဖြစ်ကာ ကျေးလက်သွား အမာခံလမ်း၏ ဘေးတွင် ခြံစည်းရိုး ထပ်မံပါဝင်မည်ဟု သိရသည်။

လမ်းမ၏ မိုင် ၅၀ အကွာအဝေးတိုင်းတွင် ယာဉ်ရပ်နားစခန်းများနှင့် မိုင် ၄၀ အကွာတွင် အများသုံး သန့်စင်ခန်း၊ လေထိုး၊ ကျွတ်ဖာဆိုင်များ ထည့်သွင်းကာ လမ်းပိုင်းဝန်ဆောင်မှုများ ထည့်သွင်းတည်ဆောက် မည် ဖြစ်ကြောင်း သိရသည်။ ဦးကျော်လင်းက “လက်ရှိ ပလန်အရဆိုရင် အရင်နေရာချထားပြီး လုပ်ငန်း ရှင်တွေ က မလုပ်နိုင်ရန် အခုလုပ်ငန်းရှင်အသစ်တွေကို ပေးပြီးတော့ လုပ်ဖို့ စီစဉ်နေပါတယ်” ဟု ပြော သည်။

လက်ရှိတွင် အဆိုပါ အမြန်လမ်းပိုင်း (Expressway) အတွက် လမ်းတည်ဆောက်ရေးဆိုင်ရာ အထောက် အကူပြု သင်တန်းများအတွက် USAID မှ အမေရိကန်ဒေါ်လာ တစ်သန်းခွဲတန် နည်းပညာဆိုင်ရာ သင်တန်းများ ကို ရန်ကုန်တွင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဂျပန်နိုင်ငံ JICA မှလည်း လမ်းပိုင်းဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ နှစ်သန်းတန် Survey Vehicle ယာဉ်တစ်စီး ထောက်ပံ့ရန် ရှိကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D