မြစ်ရေပြန်လည်ကျဆင်းသွားသော ဧရာဝတီမြစ်ကမ်းစပ်တွင် အ၀တ်လျှော်နေသူတစ်ဦးကိုတွေ့ရစဉ်
ဓာတ်ပုံ- ဖြိုးဝေကျော် မြန်မာတိုင်းမ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ဟာ ဧရာဝတီမြစ်ရေကိုသောက်၊ ဧရာဝတီကို ကျေးဇူးရှိတဲ့ မြို့
တမြို့ပါ။ အဓိကပြောချင်တာက မြစ်ရေ ညစ်နွမ်းမှုပါ။
ဓာတ်ပုံ- ဖြိုးဝေကျော် မြန်မာတိုင်းမ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ဟာ ဧရာဝတီမြစ်ရေကိုသောက်၊ ဧရာဝတီကို ကျေးဇူးရှိတဲ့ မြို့
တမြို့ပါ။ အဓိကပြောချင်တာက မြစ်ရေ ညစ်နွမ်းမှုပါ။
အမှတ် ၁ ရပ်ကွက်က မြို့နယ်ပြည်သူ့ဆေးရုံအနီးမှာ သင်္ဘောကြီးတွေ၊ လှေနဲ့ မော်တော်တွေ ဆိုက်
ကပ်နိုင်တဲ့ ဘောတံတားဆိပ် ရှိပါတယ်။
အဲဒီ ဘောတံတားကို အားကိုးအားထားပြုပြီး ရေချိုး၊ ရေသောက်ပြုကြရပါတယ်။ အနီးနားက ဈေဆိုင်တွေဟာလည်း ဒီရေကိုပဲ အားကိုးအားထား ပြုကြရပါတယ်။
ဒါပေမယ့် မြို့နေ စည်းကမ်းမဲ့သူ၊ အမှိုက်ပစ်သူအချို့နဲ့ ဆေးရုံမှ လူနာအ၀တ်လျှော်သူ များကြောင့် မြစ်
ရေ ညစ်နွမ်းမှု ဖြစ်နေရပါတယ်။
မြို့နယ် စည်ပင်သာယာဈေး ဆိုရင်လည်း မြစ်ကမ်းနံဘေး မှာပါပဲ စည်းကမ်းမဲ့သူ ဈေးသူဈေးသားတွေ
ကြောင့် မြစ်ရေအတွင်း အမှိုက်စွန့်ပစ်မူဟာ ပိုမိုကြီးထွားလာပါတယ်။
ဒါကြောင့် စည်းကမ်းမဲ့ အ၀တ်လျှော်၊ အမှိုက်စွန့်ပစ်မှုတွေကို ထိထိရောက်ရောက် အရေးယူပေးပါဖို့ တင်
ပြလိုက်ရပါတယ်။
လွန်ဆေးမောင်မောင် (မြန်အောင်မြို့)
from DVB by ဒီဗွီဘီ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...