သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 12, 2013

ခိုနားခွင့်ပေးပါလို့ ဆိုလာတဲ့ ချစ်စနိုးဦး

ချစ်စနိုးဦးက ပထမဦးဆုံး စီးရီးဖြစ်တဲ့ 'ခိုနား ခွင့်ပေးပါ' တေးစီးရီးကို စက်တင်ဘာလ ၉ရက်နေ့မှာ ထွက်ရှိ နိုင်အောင်ကြိုးစားစီစဉ်ဖြစ်နေတယ်လို့ ပြောပါတယ်။ "အစ်မက အခု စက်တင်ဘာလ ၉ရက်နေ့မှာ အစ်မရဲ့ 'ခိုနားခွင့်ပေးပါ' စီးရီးလေးထွက်ဖို့ ရှိတယ်။

အဲဒီ့အခွေလေးထဲမှာ သီချင်းပုဒ်ရေ ၁၁ပုဒ် (သို့မဟုတ်) ၁၂ပုဒ် လောက် ထည့်ဖို့ စီစဉ် ထားတယ်။ သီချင်း ရိုးရိုးလေးတွေကို သီဆိုထားတယ်။ ဒီ အခွေလေးက အစ်မရဲ့ ပထမစီးရီး လေးဖြစ်တဲ့ အတွက် သီချင်းပုံစံ ၃မျိုး လောက်တော့ ထည့်ထားတယ်။ နောက်ပိုင်း ပရိသတ်က ဒီလိုမျိုးလေးက အစ်မနဲ့ပိုလိုက်တယ် ဆိုရင် တော့ နောက်ဒုတိယစီးရီးဆိုရင်တော့ ကိုယ်နဲ့လိုက်တဲ့ပုံစံကို ဆိုဖြစ်သွားမယ်။ အခုက ပထမစီးရီးလည်း ဖြစ်တော့ အတွေ့အကြုံ လေးတွေတော့ အများကြီးရတယ်။ အစ်မကို ကူညီပေးတဲ့သူတွေလည်းရှိတော့ အဆင်ပြေတာတွေလည်းရှိတယ်။ တချို့ အခက်အခဲလေးတွေလည်းရှိတယ်။


အကောင်းဆုံး တော့ စီစဉ်ထားပါတယ်။ ပရိသတ်ကြီးလည်းအား ပေးကြပါ" လို့ ပြောပါတယ်။ ချစ်စနိုးဦးက သရုပ်ဆောင် ဘက်မှာလည်း အကယ်ဒမီရရှိထားတဲ့အတွက် အနုပညာအလုပ်မှာ မှတ်တိုင်တစ်ခုရ သလို မျိုးပဲ အဆို ဘက်မှာလည်း ကိုယ့်ရဲ့ တစ်ကိုယ်တော်အခွေလေးက မှတ်တိုင်တစ်ခုပါပဲလို့ ပြောပါတယ်။

"အစ်မတို့ကားရိုက်တဲ့အခါမှာတော့ ကိုယ့်ကိုလာ အပ်တဲ့ ကာရိုက် တာပေါ်မှာ မူတည်ပြီးတော့ ကိုယ် က သရုပ်ဆောင်ရတယ်။ အစ်မရဲ့ စီးရီးကျတော့ အစ်မ ကိုယ်တိုင်ထုတ်တဲ့အတွက် ကိုယ့်စိတ်ကြိုက်လေးေ တွ တော့ လုပ်ခွင့်ရှိတယ်။ ကိုယ့်ရဲ့ စီးရီးလေးကလည်း ကိုယ့် ရဲ့ အဆိုဘက်မှာ မှတ်တိုင်လေးတစ်ခုလို့ ပြောလို့ရ ပါတယ်။ ဘယ်အနုပညာ အလုပ်မဆိုဘာပဲလုပ်လုပ် အခက်အခဲ တော့ရှိတာပဲ။ သရုပ်ဆောင်ကတော့ ကိုယ်လုပ်နေကျ ဖြစ်တဲ့အတွက် သိပ်ပြီး အခက်အခဲမရှိပေမယ့် အဆို ပိုင်းမှာ ကိုယ်ကအခုမှ စလုပ်သလို ဖြစ်တဲ့အတွက် သူ့ဟာနဲ့သူ အခက် အခဲလေးတွေတော့ ရှိပါတယ်" လို့ ဆို ပါတယ်။ ချစ်စနိုးဦးကတော့ စီးရီးကို အချိန်ပေးလုပ် ဖြစ်နေပြီး လတ်တလောမှာတော့ ကားရိုက်တွေကို နားထားတယ်လို့လည်း ပြောပြ ခဲ့ပါတယ်။


လွင်လွင်ထွန်း
Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D