သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 13, 2013

တရုတ် ရှင်ကျန်းပြည်နယ် အကြမ်းဖက်မှုကိစ္စ လူနှစ်ဦးသေဒဏ်ပေးခံရ

ဗွီအိုအေ (မြန်မာပိုင်း)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မူဆလင်အများစု နေထိုင်တဲ့ဒေသမှာ ဧပြီလက ထိပ်တိုက် ရင်ဆိုင်မှုတွေအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် လူ ၂ ယောက်ကို သေဒဏ်နဲ့ ကျန် ၃ ယောက်ကိုတော့ ထောင်ဒဏ် ၉ နှစ်ကနေ ထောင်ဒဏ် တသက်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။
 
လူမျိုးရေးအရ သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့ ရှင်းဂျန်းဒေသအတွင်း အကြမ်းဖက်မှုတွေမှာ လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တရားခံတွေရဲ့ လူမျိုးနွယ်စုကို ထုတ်မပြောပေမဲ့ ပြစ်ဒဏ်ကျခံရသူတွေ  နာမည်တွေအရဆိုရင် - အစိုးရက ခွဲခြားဆက်ဆံမှုရှိကြောင်း နှစ်ပေါင်းများစွာ
ပြောဆိုလာခဲ့တဲ့ တာကစ်-စကားပြော ဝှီဂါ လူနည်းစုတွေ ဖြစ်ကြပါတယ်။

ရှင်ကျန်းခရိုင်အတွင်း ဖြစ်ခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့တုန်းက အကြမ်းဖက်မှုမှာ လပေါင်းများစွာအတွင်း အဆိုးဆုံးဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဝှီဂါလူမျိုးတွေနဲ့ အာဏာပိုင်တွေကြား၊ နောက် လူနည်းစု တိုင်းရင်းသား ဟန်လူမျိုးတွေကြားမှာ တင်းမာမှု ကြီးထွားလာနေတဲ့အကြောင်းကို ထင်ရှားပေါ်လွင်စေပါတယ်။

အဲဒီ အကြမ်းဖက်မှုဟာ - ကက်ရှ်ဂါမြို့နားက အိမ်တအိမ်မှာ မသင်္ကာစရာ တွေ့ခဲ့ပြီးတဲ့နောက် လုံခြုံရေးတာဝန်ကျ အရာရှိတွေကို အကြမ်းဖက်အုပ်စုက တိုက်ခိုက်ခဲ့ရာကနေ ဖြစ်ခဲ့တယ်လို့ အစိုးရဘက်က ပြောပါတယ်။

ပြည်ပရောက် ဝှီဂါတက်ကြွလှုပ်ရှားသူတွေကတော့ ဝှီဂါလူငယ်တစ်ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တဲ့အတွက် ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။ 
 
VOA

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D