သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 12, 2013

ဒီနေ့ လူငယ်တွေရဲ့နေ့



ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ရဲ့ သဝဏ်လွှာလေး တစ်စောင်ကို အင်မတန် လှပတဲ့ နိဒါန်းလေး နဲ့ အစချီထားသည်။
ဒီနေ့ဟာ မျိုးဆက်သစ် လူငယ်တွေရဲ့နေ့ ပါ… တဲ့။
ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုတဲ့ စကား ထက် ခွန်အားရှိလှတဲ့ စကားလုံးလေးမို့ ဒီ စကားလုံး အသုံးလေးကို ပိုလို့နှစ်သက် သဘောကျမိပါသည်…

(၁)
ကျွန်မကို ဘယ်နိုင်ငံကလဲလို့ မေးလာတဲ့ ချာတိတ် နှစ်ယောက်ကို မြန်မာနိုင်ငံလို့ဖြေပြီး ကျွန်မကိုယ်တိုင်လဲ လုပ်လက်စ အလုပ်ထဲမှာ နစ်မြောနေခဲ့သည်။

နှစ်မိနစ် သုံးမိနစ်လောက်ကြာတော့ ကျွန်မဘေးက ကွန်ပြူတာပေါ် မှာ မြန်မာနိုင်ငံမြေပုံနဲ့ သတင်းအချက် အလက်တွေ အစုံအလင် တက်လာတာ တွေ့ရပြီး ချာတိတ် နှစ်ယောက် အလုအယက် ဖတ်နေကြတာကို တွေ့တော့ မချီးကျူးပဲ မနေနိုင်ခဲ့။

တကယ်ဆို သူတို့လေးတွေ က ကျွန်မတို့ ဌာနက ကုန်တင် ကုန်ချ အလုပ်သမား လေးတွေ။ သူတို့လေးတွေ ရဲ့ အတန်းပညာနဲ့ ပက်သက်ပြီး မစပ်စုမိပေမယ့် ဘာသာ စကားအရည်အချင်းကတော့ အများကြီးသာလွန် ကောင်းမွန်တာကို ငြင်းလို့မရ။

သိပ်မကြာခင်လေး က ကျွန်မအလုပ်ဌာနအသစ်တစ်ခုကိုပြောင်းဖြစ်ခဲ့သည်။ အဲ့ဒီနေရာမှာ လူငယ်ချာတိတ် တော်တော် များများ နဲ့ တွေ့ဖြစ်ခဲ့သလို သူတို့ရဲ့ အသက်မွေး ဝမ်းကြောင်းပညာ နဲ့ ဘဝလေးတွေကို တစေ့ တစောင်း လေ့လာမိခဲ့ သည်။

သူတို့ မျက်နှာ နုနုလေးတွေပေါ်မှာ ခွန်အား တွေ မျှော်လင့်ချက်တွေ နဲ့ လင်းလက်နေခဲ့ သလို သူတို့ဆီမှာ အိပ်မက်တွေလဲ ရှိနေခဲ့သေးသည်။ သူတို့ ရတဲ့ လစာက နည်းလွန်း သလို လုပ်ရတဲ့ အလုပ်က ကြမ်းတမ်း ပင်ပန်းလှသည်။ ချွေးဒီးဒီး ကျတဲ့အထိ ခွန်အားသုံးပြီး လုပ်ကြရသည်။ ဒါပေမဲ့ ခေတ် လူငယ်တွေ ပီပီ တက်ကြွ ဖျတ် လတ် သည်။ စူးစမ်း လေ့လာမှု အားကောင်းသည်။ လေ့လာ သင်ယူလိုစိတ် အပြည့်နဲ့ တိုးတက်လို စိတ်ရှိ ကြသည်။

နောက်ထပ် သတိထားမိတဲ့ ဝန်ထမ်း တစ်ယောက်က ကျွန်မတို့ ဌာနက ယာဉ်မောင်း တစ်ယောက်။ လေဆိပ်သုံး Tractor လို့ ခေါ်တဲ့ ကားသေးသေးလေးတွေ ကို မောင်းရတဲ့ လခနည်း ယာဉ်မောင်း။ သူက ကျွန်မတို့ အိပ်မက်မက်ရုံသာ တတ်နိုင်တဲ့ MBAသင်တန်းကို တက်နေတယ် လို့ကြားချိန်မှာ အံ့သြလေးစား စိတ်ကို ထိန်း မရခဲ့ ။နှစ်နှစ်နီးပါး တက်ရတဲ့ သင်တန်း တစ်ခု သင်တန်း ကြေးကို လစဉ်ပေးလို့ ရတယ် ဆိုပေမယ့် သူ့လစာ တလလုံးစာလောက် ပေးရတဲ့ သင်တန်းကို တက်နေတဲ့ သူ့ကို ကျွန်မ တို့တွေ မချီးကျူးပဲ မနေ နိုင်ခဲ့။

ဒီသင်တန်း ပြီးရင် ဒီ့ထက် သာလွန်ကောင်း မွန်တဲ့ အလုပ်နေရာ တစ်ခုရမှာ သေချာတယ် လို့ ပြောလာတဲ့ သူ့ မျက်ဝန်းမှာ မျှော်လင့်ချက် ယုံကြည့်ချက် အပြည့်။ ကျွန်မရဲ့ ရုံးခန်းကို နေ့စဉ် လိုလို သန့်ရှင်းရေး လာလုပ် ပေးနေကြတဲ့ ချာတိတ်လေးတွေ ကလဲ တကယ့် လူငယ်လေးတွေ … တံမျက်လှည်း ကြမ်းတိုက် အောက်ခြေ သိမ်း လုပ်နေပေမယ့် သူတို့ မျက်နှာလေးတွေ ပေါ်မှာ ရှက်ရွံ့ သိမ်ငယ်စိတ် စိုးစဉ်းမျှမရှိ။ အလုပ် ဟူသမျှ တန်ဘိုး ထားလေးစားကြသူတွေ။

ကျွန်မလက်ရှိ ရောက်နေတဲ့ ပတ်ဝန်းကျင်က ကလေးတွေ အားလုံး လစာနည်း ဝန်ထမ်းလေး တွေ။ ဒါပေမယ့် ပညာနည်းလို့ လစာ နည်းတဲ့ အလုပ်ရတယ်လို့ ထထစ် ချပြောလို့မရ။ အခြေခံ ပညာထက်ပိုတဲ့ အထက်တန်း ပညာတတ်သူ လေးတွေလဲ လစာနည်းတဲ့ အလုပ်ကြမ်းတွေကို လုပ်နေကြရသည်။

အာရှ အာဖရိက နိုင်ငံစုံကနေ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ကောင်းမွန်တဲ့ အရှေ့ အလယ်ပိုင်းကို ရွက်လွှင့်လာကြတဲ့ လူငယ်တွေမှာ မိသားစု အတွက် တာဝန်ယူလို စိတ် အပြည့် ရှိကြ သည်။

လက်ရှိ လူငယ်တွေ ကြားမှာ ဦးစားပေးသင့်တဲ့ အခန်း ကဏ္ဍ ၁၅ ခုကို အစဉ်လိုက် လေ့လာမိပြန်တော့ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းက ထိပ်ဆုံး မှာ နေရာ ယူနေခဲ့သည်။ အခြားသော ဆင်းရဲနွမ်းပါးမှု ကျန်းမာရေး ပတ်ဝန်းကျင် မူးယစ်ဆေးဝါး အကျင့်ပျက် လူငယ် အားလပ်ချိန် လှုပ်ရှားမှု သတင်း အချက်အလက် နဲ့ နည်း ပညာ ကဏ္ဍတွေ လဲ ရှိသေးသည်။

နိုင်ငံတကာမှာ လူငယ်တွေ ရဲ့ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း အခက်အခဲ တွေ ရှိနေသေးသည်။ ဒါကလဲ နိုင်ငံတကာ စီးပွားပျက်ကပ် ရဲ့ ဆိုးမွေ တစ်ခုမို့ ဘယ်သူ့ ကိုမှ အပြစ်တင်လို့ မရ။

ထိုနည်းတူစွာ ကျွန်မတို့ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ လူငယ် အရေအတွက် ကိန်း ဂဏန်းက မထင်မှတ် ထားတဲ့ အဆင့် တစ်ခု မှာ ရောက်နေတာ ဘယ်သူမှ မငြင်းနိုင်။ လူငယ်တွေ အလုပ် မလုပ်ချင်လို့ အလုပ်လက်မဲ့ ဖြစ်နေတာ မဟုတ်။ လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ နည်းပါးလွန်း နေတာက အဓိက ပြဿ နာ ဖြစ်နေခဲ့သည်။

ပညာတတ် လူငယ်များ သည်လည်း သင်ယူ တတ်မြောက်ထားတဲ့ ပညာနဲ့ လိုက်လျောညီ ထွေခြင်း မရှိတဲ့ ထိုက်တန်ခြင်း မရှိတဲ့ အလုပ်တွေကို လုပ်နေကြ ရ သည်။ နိုင်ငံ ရပ်ခြားမှာ ပညာသင်ပြီး ပြန်လာပေမယ့် သင်ယူ တတ်မြောက်လာတဲ့ ပညာနဲ့ အသက်မွေး ဝမ်းကျောင်း မပြုနိုင်ချိန်မှာ သင့်တော်ရာ အလုပ်ကို ရွေးချယ် ရပြန်သည်။

သင်ယူထားတဲ့ ပညာ အရည်အချင်းနဲ့ ထိုက် တန်မှုမရှိတဲ့ လုပ်ငန်းခွင်တွေမှာ အခက်ကြုံ ရတက် ပွားနေသူတွေ ဒုနဲ့ဒေး။ ပညာရှင် အဆင့် လူငယ်တွေ ရရှိတဲ့ လစာနဲ့ ခံစားခွင့်တွေက မတန်မရာ အောက်ခြေ အဆင့်မှာ။ လူမှန်နေရာမှန် မရောက်နိုင်သေးတဲ့ လူငယ်လေးတွေ အံတကြိတ် ကြိတ် တက် တခေါက်ခေါက်။ ဒါပေမယ့် လွန်ခဲ့ တဲ့ နှစ်အနည်းငယ် အတွင်းက ရိုက်ခတ်ခဲ့တဲ့ ကမ္ဘာ့ စီးပွား ပျက်ကပ်က ကမ္ဘာ တဝှမ်းလုံးမှာ နာလန်ထူ နိုင်ဖို့ အားယူနေဆဲ။

ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါး လွန်းတာမို့ စိတ်လေလွင့်ပြီး လမ်းဘေး ရောက်သွားတဲ့ လူငယ်တွေလဲ မနည်းလှ။ သမာ အာဇီဝ မမည်တဲ့ အလုပ်တွေ ကို မျက်စိ စုံမှိတ်ပြီး လုပ်နေကြသူ လူငယ်တွေလည်း ကြာလာတော့ ဒုစရိုက်တောမှာ ပျော်မွေ့နေကြ ပြီ။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်း က ရုံးနားမှာ လာရောင်းတဲ့ ဟို့ဟူးသုတ်သည် လေး တစ်ယောက် နဲ့ စကားပြောဖြစ်ခဲ့သည်။

ကျွန်တော့် ညီမ ဆယ်တန်း ကျောင်းသူကို ဘော်ဒါဆောင်မှာ ထားဖို့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ဒီမှာ ဈေးလာရောင်းပြီး လတိုင်း ငွေပို့ ပေးနေရတာ။ အညာ လေသံဝဲဝဲ နဲ့ ပြောလာတဲ့ အညာသား ချာတိတ်လေး ကတော့ အလယ်တန်း ပညာသာ တတ်ရှာသူ။ တို့ဟူးသုတ် တစ်ပွဲ ငွေ တစ်ရာ ပေးရတဲ့ အချိန်တုန်းက ညီမဖြစ်သူကို အဆင့်မြင့် ဘော်ဒါဆောင် ထားဖို့ တစ်လ ရှစ်သောင်း ထောက်ပံ့နိုင်အောင် ရုန်းကန်နေတဲ့ အညာသား ညီအကို နှစ်ယောက် ညီမငယ်ဇော နဲ့ မမောနိုင် ရှာ ခဲ့။

နောက်ထပ် ဆုံဖြစ်တဲ့ ကလေးလေး တစ်ယောက်က အသက် ရှစ်နှစ် မပြည့် တပြည့် လမ်းဘေးက ချာတိတ်လေး။ ဘတ်စ်ကား မှတ်တိုင်တွေ မှာ ပိုက်ဆံ လိုက်တောင်းနေတဲ့ ကလေး တစ်ယောက်ကို မမျှော်လင့်ပဲ စကားပြောမိ ခဲ့သည်။ ကျွန်တော့် ညီမလေးက အခု သူငယ်တန်း တက်နေပြီ ကျွန်တော် က ကျောင်းမတက်နိုင်တော့ ညီမ လေးကို ကျောင်းထားဖို့ ဒီအလုပ်ကို လုပ်နေရ တာပါ။ ကျွန်တော် ကြီးလာရင် ပိုက်ဆံ နည်းနည်းလောက် ရှိမယ် ဆိုရင် ဈေးရောင်းပြီး ညီမလေး ကို ကျောင်းဆက်ထားမှာပါ။ ချာတိတ်လေး ရဲ့ စကား တွေကို နားထောင်ပြီး ပြောစရာ စကားတွေ ရှာမ တွေ့အောင် ဆွံ့အသွားခဲ့မိသည်။
ကျွန်မတို့ မြန်မာ လူမှုအသိုင်းအဝိုင်းမှာ လူငယ် ချာတိတ်လေးတွေ အရွယ်နဲ့ မမျှအောင်ပဲ မိသားစုကို တာဝန်ယူလိုစိတ် အပြည့်ရှိနေတာ တကယ့်ကို ချီးကျူးစရာ ဂုဏ်ယူစရာ။

(၂)
‘ကျွန်တော့် အသက် ၂၂ နှစ်။ ကျွန်တော့် ရဲ့ စမတ်ဖုန်းထဲ မှာ ဂိမ်း အမျိုးအစားပေါင်း ၃ဝ ကျော် ရှိတယ်… ကျွန်တော်က ပြိုင်ကားလေး တွေကြိုက်တယ် ကျွန်တော့် ပြိုင်ကားလေး ထဲမှာ တော့ အလုပ်က ယူနီဖောင်းတွေ နဲ့ ကျောင်းက စာရွက် စာတမ်းတွေနဲ့ ပွရှုပ်နေတာပဲ။ အလုပ် ပိတ်ရက်တွေဆို မေမေက အိပ်ခန်းထဲ ဝင်လာပြီး တစ်နာရီခြား တစ်ခါဆိုသလို ရှစ်နာရီ ထိုးပြီနော် ကိုးနာရီ ထိုးပြီနော် ဆယ်နာရီ ထိုးနေပြီနော် လို့ လာလာအော်တတ်တယ်….ကျွန်တော့် ဘဏ် အကောင့်ထဲ မှာတော့ ကျွန်တော့် ရဲ့ တစ်နှစ်စာ လစာနဲ့ ညီမျှတဲ့ စုငွေ လက်ကျန်လေး ရှိပါတယ်။ တက္ကသိုလ် ကတော့ ဒုတိယနှစ် ကနေ မတက်သေး ဘူး အလုပ် တစ်ဘက် နဲ့ ဆိုတော့ ဒုတိယနှစ် ကို ဖြေနေတာ နှစ်ကြိမ် ရှိပြီ… ကျွန်တော် စာကျက် ရမှာ ပျင်းနေပြီ…”

သင်တန်းတစ်ခုမှာ တွေ့ခဲ့ဘူးတဲ့ ကျွန်မ မောင်လေး နဲ့ သက်တူ ရွယ်တူ ချာတိတ်လေး တစ်ယောက်ရဲ့ စကားလုံးတွေကို နားထောင်ရင်း မြန်မာပြည်မှာ ရှိနေ တဲ့ မောင်လေးကို သတိရမိ သည်။ အသက်အရွယ်တူ ပညာ အရည်အချင်းတူ ဆိုပေမယ့် ရရှိတဲ့ အလုပ်အကိုင် အခွင့် အလမ်း ကတော့ မတူလှ။ ကျွန်မ မောင်လေးက သူ နဲ့ သင့်တော်မယ့် အလုပ်တစ်ခုကို အသည်းအသန် ရှာဖွေနေချိန်မှာ ဒီက ချာတိတ်လေး တစ်ယောက် ကတော့ ပြိုင်ကားလေး တစ်စင်း နဲ့အတူ ဘဏ်ထဲ မှာ သင့်တင့် တဲ့ စုငွေတွေ စုထားနိုင်ခဲ့ပြီ။

”သား သူငယ်ချင်းတွေက သူတို့ မိဘကို မရိုသေချင်ကြဘူး။ မိဘကို အရေးတယူ မဆက်ဆံ ချင်ကြဘူး။ သားက သူတို့ မိဘတွေကို ရိုရိုသေသေ ဆက်ဆံတော့ သားကို လူကြီးတွေက ချစ်ကြတယ်။ သားက အဖေ မရှိတော့တဲ့ အချိန်မှာ အဖေ တစ်ယောက် ရဲ့ တန်ဘိုးကို ကောင်းကောင်း နားလည်သွားပြီ… သူတို့နားလည်အောင် လဲ ပြောပြနေရတယ်”

”သမီးတို့ သူငယ်ချင်းတွေ ပုံပြောသူများ အဖွဲ့ ဆိုပြီး ဖွဲ့ထားတယ်။ သမီးတို့ အားလုံး အလုပ် ပိတ်ရက်တွေမှာ မူလတန်း ကျောင်းတွေမှာ လိုက်ပြီး ပုံပြောကြတယ်။ ကလေးတွေကို စိတ် ခွန်အားဖြစ်စေတဲ့ ပုံပြင်လေးတွေ ပြောပြပြီး အား ပေးတယ်…အားလုံးက စိတ်တူ ကိုယ် တူဆို တော့ အရမ်း ပျော်ဖို့ကောင်းတယ်..”

ဝတ်စား ဆင်ယင်မှု ပိုင်းမှာ အော်တာ ရပ်ပါ အီမို ဖက်ရှင် ပေါင်းစုံ နဲ့ လူငယ်လေးတွေ ဆိုပေမယ့် ပရဟိတ စိတ်လေးတွေ ရှိကြသလို လူကြီးတွေ အပေါ် ဂါရဝ တရား ထား ရကောင်းမှန်းလဲ သိကြတာ ချစ်စရာ လေးစားစရာ။ လွန်ခဲ့တဲ့ ၁ဝ နှစ် ကျော် ကျွန်မတို့ လူငယ် ဘဝတွေတုန်း က ပရဟိတ လုပ်ငန်းတွေမှာ လူငယ်တွေ မရှိ သလောက် နည်း ပါးလှသည်။ အခုတော့ အမျိုး အမည် စုံလင်လှတဲ့ ပရဟိတ လူပ်ငန်းတွေမှာ လူငယ်တွေ အားစိုက် ခွန်စိုက် ပါဝင်လာကြတာ အားရစရာ။

”အန်ကယ် စင်္ကာပူကို အလည် သွားခဲ့တုန်းက ဘာတွေတွေ့ခဲ့လဲ ဆိုတော့… ကလေးတွေ… ကလေးလေးတွေ က တစ်နေ့လုံး မနားတမ်း လှုပ်ရှား ပြေးလွှားနေကြ တာပေါ့နော်။ မနက် စောစော ဆိုရင် ရထားပေါ်မှာ အိပ်ချင်မူးတူး နဲ့ မျက်လုံးလေးတွေ စင်းလို့ ကျောင်းသွားနေကြတာ တွေ့ရတယ်။ ည ဆိုရင်လဲ သူတို့ အချိန်ပိုင်း အလုပ်လုပ် ကြသေးတယ် ဆိုတော့ ရထားပေါ်မှာ ပင်ပန်းနွမ်းနယ် နေတဲ့ မျက်နှာလေးတွေကို တွေ့ရတာ စိတ်မကောင်းဘူး။ ကိုယ့် သားသမီးတွေ ဆိုရင် အဲလို မျိုး ကျောင်းတစ်ဖက် နဲ့ ပင်ပင်ပန်းပန်း ရုန်းကန်နေ ရတာကို မြင်ရက် ကြည့်ရက်မယ် မထင်ဘူး။ ဒါပေမဲ့ သူတို့လေးတွေ အရမ်း တော်ကြပါတယ်။ အသက် ငယ်ငယ်လေး နဲ့ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်ဖို့ ကြိုးစားနေကြတာ လေး စားစရာ ဂုဏ်ယူစရာ ကောင်းပါတယ်”

မိတ်ဆွေ တစ်ယောက် ကတော့ ဖခင်တစ် ယောက်ရဲ့ မေတ္တာ အပြည့်နဲ့ ရုန်းကန် လှုပ်ရှား နေကြရှာတဲ့ လူငယ်တွေကို ချီးကျူးရှာသည်။

”ဒီနှစ် ကျောင်းလခတွေ ဈေးတက်သွားတယ် မမ။ ဖေကြီး တို့ကို သနားတယ် သားတို့ကို ခုချိန် ထိ ကျောင်းစရိတ် ပို့နေရတုန်း။ သား ဒီတစ်နှစ်ပြီး ရင် အိမ်ပြန်ပြီး အလုပ် လုပ်တော့မယ်။ ကျောင်း ဆက်မတက်တော့ပါဘူး။ ဖေကြီးက သားတို့ငယ် ငယ်လေးတည်းက ပင်ပန်းခဲ့တာ။ ဖေကြီး နဲ့ မေကြီးကို အားနာတယ်”

နိုင်ငံရပ်ခြားမှာ ပညာသင် နေရတဲ့ မောင်လေး တစ်ယောက်ဆီက ရင်ဖွင့်သံကို စိတ်မကောင်းခြင်း များစွာနဲ့ နားထောင်ခဲ့ရဘူးသည်။ နိုင်ငံတကာမှာ ပညာရေး စ ရိတ်တွေ မြင့်မား လွန်းလှသည်။ လူငယ်တွေ အချိန်ပိုင်း အလုပ်တွေ ဘယ်လို လုပ်လုပ် မိဘ အကူအညီ အထောက်အပံ့ မပါပဲ ပညာ ဆက်သင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ အပြင်လောကကို ပညာ တပိုင်းတစနဲ့ ရောက်လာ ကြသည်။ လုပ်ငန်းခွင် ကျွမ်းကျင် သင်တန်းတွေ တက်ပြီး တက္ကသိုလ် ကောလိပ်တွေကို ကျောခိုင်း ခဲ့ကြသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် လူငယ်တွေပီပီ ရွေးချယ်စရာ လမ်းတွေကို ပြတ်ပြတ်သားသား ရွေးချယ်ကြသည် ရဲရဲရင့်ရင့် ဆုံးဖြတ်ကြသည်။

လူငယ် ချာတိတ်လေး တွေလိုပဲ ဆယ်ကျော်သက် ကလေးမလေးတွေလဲ ရှေးရိုး အစဉ်အလာ တွေထဲက ရုန်းထွက်လာကြသည်။ အာရှတိုက်သူ လေးတွေ မိဘ ရင်ခွင်အောက် က ရုန်းထွက်ပြီး လောကရဲ့ ပြေးလမ်းတွေပေါ်ကို ရောက်လာကြသည်။ လုပ်ငန်းခွင်တွေမှာ အမျိုးသားတွေ နဲ့ တန်းတူ အခွင့်အရေးရဖို့ ကြိုးစား လာကြသည်။ ကျွန်မတို့ ငယ်ငယ်တုန်းက မမက်ခဲ့ဘူးတဲ့ အိပ် မက်တွေကို မက်လာခဲ့ကြသည်။

အလုပ်ခွင် သင်တန်း တစ်ခုရဲ့ အစီအစဉ် တစ်ခုမှာ ဗီဒီယိုပြတော့ အနောက် နိုင်ငံတစ်ခုက ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းခွင်ထဲ မှာ အမျိုးသမီးတွေ အား လုံး အမျိုးသားတွေ နဲ့ တန်းတူ ကျားကျားလျားလျား ပြေးပြေးလွားလွား အလုပ် လုပ်နေတာကိုတွေ့ခဲ့ရသည်။

ကျွန်မ လက်ရှိ နေထိုင်နေတဲ့ နိုင်ငံလေး မှာလဲ အမျိုးသမီး လေးတွေ အတွက် အမျိုးသမီးတွေ မောင်းတဲ့ တက္ကစီတွေ သီးသန့် စီစဉ် ထားတာ တွေ့ရသည်။ လေဆိပ် ကားပါကင်တွေ မှာ ပန်းနုရောင် ဆင်တူ ယူနီဖောင်းလေးတွေ နဲ့ တန်းစီပြီး စောင့် နေတဲ့ အမျိုးသမီး တက္ကစီ ဒရိုင်ဘာတွေက သူတို့ ကားတွေမှာ အမျိုးသမီး လေးတွေ ကိုသာ စီးနင်း ခွင့်ပြုသည်။

လူငယ်တွေ ရဲ့ နေ့သစ်တွေထဲမှာ လိင်ခွဲခြားမှု မရှိတော့… ကျားမ မရွေး ပညာရေးမှာ တန်းတူ အခွင့်အရေးတွေ ရှိလာသည်။ အလုပ်ခွင်တွေ ထဲမှာ တန်းတူ အခွင့် အရေးတွေ ရှိလာသည်။ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ တန်းတူ အခွင့်အရေးတွေ ရှိလာသည်။

ကမ္ဘာ့ ကုလသမဂ္ဂ လူငယ် အစီအစဉ်တွေမှာ လည်း လွန်ခဲ့တဲ့ ဆယ်နှစ်လောက် ကစလို့ တစ် ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ လူငယ် နဲ့ အလုပ်အကိုင် ရှားပါးမှု အခက်အခဲတွေ လူငယ် နဲ့ပညာရေး အခက်အခဲ တွေ ထည့်သွင်း ဆွေးနွေး လာကြပြီ။

Today’s generation of youth ဟုတ်ပါတယ် ဒီနေ့ဟာ မျိုးဆက်သစ် လူငယ်လေးတွေ ရဲ့နေ့ပါပဲ။ နောင်လာမယ့် နေ့သစ် များဟာလဲ လူငယ်လေးတွေ ရဲ့ နေ့သစ် များပါပဲ။

မောင်ငယ် တစ်ယောက် ပြောခဲ့သလိုပါ ပဲ… ”ကျွန်တော် သိပ္ပံ ပညာရှင် ဖြစ်ဖို့ အိပ်မက် မမက်ပါဘူး နိုင်ငံ့ ခေါင်းဆောင် ဖြစ်ဖို့လဲ အိပ်မက် မမက်ပါဘူး… စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ဖို့လဲ အိပ်မက် မမက်ပါဘူး။ လောကကြီးကို ကောင်းကျိုးပြုမယ့် လူငယ် တစ်ယောက်ပဲ ပီပီပြင်ပြင် ဖြစ်ချင်ခဲ့တာပါ။ သူငယ်ချင်းတွေ လဲကျ ရင် ဖေးမမယ်… ငိုကြွေးနေတဲ့ သူတွေကို တနိုင် တပိုင် အားပေးမယ်… ကျွန်တော့် လက် တကမ်းမှာ လက်လှမ်းမီ သလောက် ပေါ့ဗျာ …”

ဒီလို လူငယ်တွေ ကျွန်မတို့နဲ့ လက်တကမ်းမှာ ရှိနေတယ် ဆိုတဲ့ အသိတစ်ခု နဲ့တင် ကျွန်မတို့ရဲ့ နေ့သစ်တွေဟာ လှသထက် လှလာ လင်းသထက် လင်းလက် လာတော့မှာပါ။

ဘယ်လို အခက်အခဲတွေ ကြားမှာပဲ ဖြစ်ဖြစ် ကျွန်မတို့ မျိုးဆက်သစ် လူငယ်လေးတွေကတော့ သူတို့ရဲ့စိတ်ကူး အိပ်မက်လှလှလေးတွေ နဲ့ ကမ္ဘာ ကြီးကို အလှပဆုံး တည်ဆောက် သွားမယ် ဆိုတာ သေချာလွန်းမက သေချာလှပါတယ်…။

Aug 12 . International Youth Day

နှင်း
Yati Magazine

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D