သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 12, 2013

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကား ထိုင်းနိုင်ငံတွင် ပြသမည်

မြန်မာနိုင်ငံတွင် ရုံတင် ပြသနေဆဲ ဖြစ်သည့် ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ထိုင်းဘာသာ စကားဖြင့် စာတန်းထိုး၍ ပြသသွားမည် ဖြစ်ကြောင်း ယင်းဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာ စင်ရော်မောင်မောင်က The Voice သို့ ပြောကြားသည်။

ပန်းကြာဝတ်မှုန် ဇာတ်ကား၏ ဝင်ငွေရရှိမှု အခြေအနေနှင့် ပတ်သက်ပြီး “အခုထိကတော့ ရှုံးနေတုန်း ပဲ။ နိုင်ငံခြားမှာ ရုံတင်ပြီးလို့ ဝင်ငွေ ရလာရင်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားရကျိုး နပ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကတော့ ကြောက်ခမန်း လိလိပဲ” ဟု ၎င်းက ထပ်လောင်း ပြောကြား သည်။


ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားမှာ ၂၀၁၁ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ထူးချွန်ဆု အများအပြား ရလိမ့်မည်ဟု ပရိသတ်များနှင့်မီဒီယာများက ထင်ကြေးပေးခန့်မှန်းခဲ့ကြသော်လည်း အကောင်းဆုံးဓာတ်ပုံ ဆုနှင့် အသံဆု နှစ်ဆုသာ ရရှိခဲ့သည်။

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည့် သရုပ်ဆောင် နိုင်နိုင်းကလည်း အကယ်ဒမီ ထူးချွန်ဆုနှင့် လွဲခဲ့ရသော်လည်း ပရိသတ်များ ဆန္ဒဖြင့် ပေးအပ်သည့် အကယ်ဒမီဆုကို ရရှိသလို ခံစားရ၍ ဝမ်းသာပျော်ရွှင်မိကြောင်း ပြောကြားသည်။

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားမှာ စာရေးဆရာမ ခင်ခင်ထူး၏ ဝတ္ထုကို ရိုက်ကူးထားခြင်း ဖြစ်ပြီး နိုင်နိုင်း၊ ဖြိုးငွေစိုး၊ သက်မွန်မြင့်၊ မေကဗျာ၊ သီရိရှင်းသန့် တို့ ပါဝင် သရုပ်ဆောင်ထားသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D