သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 13, 2013

ချစ်ကြည်ရေးနှင့်ငြိမ်းချမ်းရေးကို ထိခိုက်နိုင်သော ကောလာဟလများကို ဖန်တီးနေသူများရှိနေ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့သည် အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူ ပထမဦးဆုံး အမျိုးသားရေးတရား (ထလော့…မြန်မာ…ရွှေမြန်မာ) စတင်ဟောကြားရာ မြို့လေးတစ်မြို့ဖြစ်သလို မူဆလင်များနှင့် ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးကို ပထမဦးဆုံး တည်ဆောက်နိုင်ခဲ့သော မြို့တော်လည်းဖြစ်ပါသည်။

ကြံခင်းမြို့မှ မူဆလင်များသည် ဦးဝီရသူတောင်းဆိုသော "အုပ်စုဖွဲ့အနိုင်မကျင့်ရ၊ အာဏာပိုင်နှင့်ပေါင်း၍ အနိုင်မကျင့်ရ၊ ငွေကြေးအင်အားသုံး၍ အနိုင်မကျင့်ရ၊ မူဆလင်အချင်းချင်းသာ လက်ထပ်ရမည်၊ ပတ်ဝန်း ကျင်နှင့် သဟာဇာတဖြစ်အောင် နေထိုင်ရမည်" ဟူသော အချက်အလက်များကို အာမခံချက်ပေး ကတိပြုထားပြီး၊ အေးအေးလူလူနေထိုင်ကြသော လူကောင်း သူကောင်း မူဆလင်များဖြစ်ကြပါသည်။

ဆရာတော် ဦးဝီရသူကလည်း ထိုသို့သော မူဆလင်များ၏ အသက်အိုးအိမ် စည်းစိမ်နှင့် ဘဝလုံခြုံမှု အားလုံးအတွက် အာမခံချက်ပေးထားပြီးဖြစ်ပါသည်။
ကြံခင်းမြို့တွင် မူဆလင်များနှင့် ၂၀၁၂ ဧပြီလတွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ် ဧပြီလတွင် မြန်အောင်မြို့ ၌ ငြိမ်းချမ်းရေးတည်ဆောက်မှုများ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါသည်။
ယခုအခါ တည်ငြိမ်အေးချမ်းနေသော ကြံခင်းမြို့တော်လေးကို ကောလာဟလလွှင့်ကာ အေးအေးလူလူ လုပ်ကိုင် စားသောက်နေသော မူဆလင်ကောင်းများ စိတ်အနှောက်အယှက်ဖြစ်အောင် ဖန်တီးနေသူများရှိ လာကြောင်း သိရပါသည်။

သို့ဖြစ်ပါ၍ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးလုံးဝအထိအခိုက်မခံနိုင်သော ရဟန်းရှင်လူ ပြည်သူများက အဖျက် အမှောင့် ပယောဂများကို ဝိုင်းဝန်းနှိမ်နှင်းရန် စီစဉ်နေကြပြီဖြစ်ပါသည်။ မြို့ရွာတည်ငြိမ်   အေးချမ်းရေး   ကို လိုလားသော မည်သူမဆို ပါဝင် ကူညီကြစေလိုပါသည်။

အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံးစမ်းခြင်းဖြင့် ကောလာဟလကို ထိန်းချုပ်ကာ စိုးရိမ်သောက ကင်းစွာ နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။

နဝင်းကုဏ်းကျောင်း 044-40186
မြို့နယ်ရဲမှူးရုံး        044-40060
ရဲစခန်း                 044-40284
ဦးအိသူ                 09-422557621



From:Wira Thu

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D