Pages

Saturday, February 16, 2013

ဘယ်သူနဲ့မှမတူ

ဘယ်သူနဲ့မှမတူ နဲ့မှမတူ ကြည့်မိသူငါ
ဘယ်သူနဲ့မှမတူ တမူ ရင်ခုန်မိသူငါ
ဘယ်သူနဲ့မှမတူ တမူ အချစ်ပိုခဲ့သူငါ
ဘယ်သူနဲ့မှမတူ အလွမ်းအဆွေးတွေနဲ့
ဘယ်သူနဲ့မှမတူ အောင်ငါ
အလွမ်း၊ အဆွေး၊တွေနဲ့
ဘယ်သူနဲ့မှမတူအောင်
ခုတော့
ကိုယ် အရမ်းခံစား ကြေကွဲးနေရပြီ
အချစ်ရယ်...

Wednesday, February 13, 2013

တာထွက်ခြင်း



ကမ္မဇလ လှုပ်ရှားလေမှ
နိုးထကာလာ
ငါ ငိုရန်အသင့်

မျက်မှောင်ကိုကုတ် လက်သီးဆုပ်၍
ကျွန်ုပ် ရုန်းကန်
ရှင်သန်ရန် အသင့်

အမိရင်ဝ စကာ တာထွက်
ပြင်ဘက်ကမ္ဘာ မဟာခရီး
ပင်ပန်းကြီးစွာ
ငါသွားရန်အသင့် ဖြစ်နေပြီ.........

(၁၉၈၈-ဇူလိုင်လ။ချယ်ရီ)

စက္ကူစ

ငါ၏ ကဗျာ
ရေးကာ ပြီးစ
ကောင်လှပြီထင်

ပြီးမှတစ်ခါ
ပြန်လှန်ကာဖတ်
သုံးသပ်ဆင်ခြင် ဘဝင်မကျ
မလှလင်္ကာ ကဗျာမဟုတ်
ဖြဲဆုတ် ခြေမွ
စက္ကူစ။ ။

Tuesday, February 12, 2013

အမြင့်ဆုံး



အမြင့်ဆုံးဆိုတာ
နိမ့်ကျစရာများ

အမြင့်ဆုံးဆီမှာ
ဘာမှ မရှိ
မော်ကြည့်သူသာ ရင်မောစေ၏

အမြင့်ဆုံးကား
ထိပ်ဖျားမဟုတ်
ကျွန်ုပ်၏ အတိုင်းအတာ တည်ရာအရပ်

အမြင့်ဆုံးအရာ
မာနပါ...

အစားထိုးခြင်း



သူတို့၏ ဒုက္ခ
သောကများကို
ငါ့အား ပြောကြား ရင်ဖွင့်သွားသည့်
ငါ၏ အပေါင်းအသင်း ရောင်းရင်းများအား
များစွာ အထူးကျေးဇူးတင်မိပါ၏

အဘယ့်ကြောင့်ဆို
ထိုထို ပြောသွား သောကများအား
နားထောင်းနေရ ထို အချိန်ကာလ
ငါ၌ ရှိနေ သောကတွေကို
မေစေ ပျောက်စေ ကင်းဝေးလေ၏
.....ကျေးဇူပါ.....

အလွမ်းတေးတစ်ပုဒ်

ကမ္ဘာမြေကြီးက
ပုံသဏ္ဍာန်အမျိုးမျိုးနဲပြောင်းလဲနေတတပ်ပါကြတယ်......
အကြာကြီးမဟုတ်ဘူးဆိုတာကို
သိရှိနားလည်လာခဲ့ရင်...
သဘာဝကြီးရဲ့ ငိုကြွေးသံကိုလဲ
နားထောင်တတ်လာပါလိမ့်မယ်
အဲဒီလိုပဲ လုပ်ခတ်ပြီး ကျန်ရစ်ခဲ့တဲ
အကိုင်းအဖျားလေးတွေမှာလဲ
အလွမ်းတေးလေး တစ်ပုဒ်ဆိုတာ
ကျန်ရစ်နေခဲ့စမြဲပါ.....

ရဲဝင်းနိုင်