လွမ်းတယ်ဆိုတဲ့စကားလုံးထက်….
မကပိုပြီး မင်းကိုလွမ်းနေမိသလို……..
သတိရတယ်ဆိုတဲ့ စကားလုံးထက်ပိုပြီး
သတိရနေမိတာပါ ဘယ်ကိုပဲကြည့်ကြည့်
ဘာပဲတွေလုပ်လုပ် နင့်ရဲ့မျက်ဝန်းတွေ…..
နင့်ရဲ့အပြုံးတွေကိုပဲ ငါမြင်ရောင်နေမိပြီ……
ချစ်တယ်ဆိုတဲ့စကားလုံးထက်မကပိုပြီး
ငါမင်းကိုချစ်တာပါမဆုံနိုင်ပေမယ့်…
နင့်ရဲ့ချစ်ခြင်းက ငါ့အတွက်အကောင်း
ဆုံးဆုလာဘ်ပါပဲ…ငါ့အတွက်နင်ပေး
တဲ့ချစ်ခြင်းတွေကို မြတ်နိုးလွန်းလို့
ငါ့ကိုယ်ငါတောင် မုန်းမိလာတယ်…..
ငါဟာနင့်အတွက် ဖြူစင်တဲ့ချစ်ခြင်းက
လွဲပြီးကျန်တာတွေမှာဖြတ်မျဉ်းများ
ဖြစ်နေပြီလား..ဒီဘ၀မှာနင့်ပေးအပ်တဲ့
ချစ်ခြင်းကြောင့် ကျန်တာတွေမလိုအပ်တော့
ပါဘူး။ ငါ့ဘ၀မှာနင့်ပေးအပ်ထားတဲ့မျှော်လင့်ခြင်း
တွေရှိနေပြီပဲ။ နင်နဲ့ထာဝရဆုံးဆည်းချင်ပေမယ့်…
ဘုရားပဲသိတဲ့ရှေ့ဖြစ်တွေအတွက်ငါကြိုပြီး
ဝမ်းမနည်းပါရစေနှင့်…. နင့်ကငါ့ရဲ့ရှင်သန်ခြင်း
နင်ကငါ့ရဲ့မျှော်လင့်ခြင်း နင်ကငါ့ရဲ့လမင်းပါ…..
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...