သစ္စာမရှိဘူး လို့တော့
အပြော မစောလိုက်ပါနဲ့ သခင်
ပိတောက်ပင် တစ်သောင်း
နရီစဉ် တိမ်းစောင်းလို့
ဗိန်းမောင်းပင် မတီးနိုင်ရအောင်
မိုးကြီးပင် ခေါင်နေလည်း
ပိတောက် မျက်ရည်
ပိတောက် သောက်လို့
အပူထဲ လျှောက်ရဲသူပါကွယ်...
ဟော .. ဟိုမှာ လျှပ်နွယ်ပြိုးပြက်
မိုးစက်တွေ လေမှာလွင့်လို့ရယ် ...
ရနံ့တွေ လှိုင်လှိုင်တက်
အပွင့်တွေ ခိုင်ခိုင်ထွက်တော့မယ်
အပြိုင်အဆိုင် ရာသီပန်းတို့ကြား
ဂုဏ်မာန်တစ်ထောင် စောင့်ကြပ်ကာထားပါတဲ့
နတ်ပန်းတမျှ နတ်ပန်းသွင်
မြင်သူပင် ခူးလို့လှမ်းချင်ရဲ့
သခင် မငြူစေချင်
အပူတွေမမြင်
အားကုန်သာ ပွင့်လိုက်တယ်
ကြွားကြွားဝင့်ဝင့်
ငွားငွားစွင့်စွင့်။
Posted by မြန်မာ့အားမာန်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...