Pages

Thursday, November 22, 2012

တကိုယ်ရေည

ခန်းဆီးလိုက်ကာစတွေ အရောင်မှိန် အိမ်အိုလေးလဲ ဟောင်းခဲ့ချိန် မပြောင်းလဲပဲ အရင်အတိုင်း ရှိနေတာက ငါ့နှလုံးသား မင်းအကြောင်း တွေးလိုက်တိုင်း ရင်ခုန်လှုပ်ရှား နေတုန်းပါပဲလား မီးလင်းဖို နွေးနွေးလေးဘေးမှာ ထိုင်ငေးရင်း အမှတ်မရှိနိုင်လွန်းတဲ့ ကိုယ့်နှလုံးသားကို ကိုယ်သာ အပြစ်တင်နေမိတော့တယ် ကမ္ဘာဆုံးသွားတောင် ဆုံးသေးမယ် မထင်တဲ့ ငါ့အချစ်တွေ ဟိုစဉ်ကလိုပဲ ပျိုရွယ်နေဆဲ သစ်လွင်တောက်ပ လတ်ဆတ်နေဆဲပဲ အားလုံးဟာ အသစ်..အသစ် ဟိုစဉ်ကလိုပဲ မင်းအနမ်းတွေဟာ အသစ်...အသစ် ရီဝေယစ်မူး အထိအတွေ့တွေဟာ အသစ်... အသစ် သံစဉ်ချိုတဲ့ အပြာရောင်အိပ်မက်တွေဟာ အသစ်...အသစ် မင်းအချစ်တွေသာ အသစ်ဖြစ်မလာတာ ဆိုးရွားလွန်းလှတယ် ဥပေက္ခာ နှလုံးသားကို အစိမ်းရောင်ခြယ် သံမဏိလို သဘောထားကို မင်းဦးနှောက်မှာ ကိုင်စွဲလို့ထားမှတော့ ဒီညလဲ တကိုယ်တော် အိပ်မက်ကိုပဲ ငါ ဆက်မက်နေရအုံးမယ်ထင်ပါတယ် post by မိုးနက်ကြယ်စင် at 4:24 AM

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...