Pages

Wednesday, January 16, 2013

အမေအတွက် ကဗျာ ၃


  မေမေ ရေ ... အရိုင်းအစိုင်းမာယာတွေနဲ့တွေ့တိုင်း ခေါ်နေမိတာ အကြိမ်ကြိမ်ပေါ့ မေမေကတော့ လောကဓံ ဘယ်နှစ်ပါးဖြစ်ဖြစ် ထမ်းထားမှာပဲ ဆိုတဲ့ လူမျိုး လာမယ့် အန္တရာယ် ရင်ဆိုင်တွေ့ ... အဲဒီလို... ကျွန်တော့် ထမင်းပန်းကန်လေးကို ဖြည့်ဖြည့်ပေးခဲ့တာ ကြာပေါ့ ဒါပေမယ့်လေ ကျွန်တော်ဆိုးသမျှက မေမေ့မျက်ရည် ဒီလိုဆိုတော့လည်း မတရားဘူးနော် မေမေ... မေမေ့ရင်ထဲကို ဆူးတွေထိုးထိုးသွင်းနေတဲ့ လူဆိုးလေးကျွန်တော်ပါ မေတ္တာတရားကို တာဝန်မကျေခဲ့တဲ့ လူမိုက်ကျွန်တော်ပါ အခုမှ နောင်တတွေနဲ့ မျက်ရည်ဝဲ အဝေးကပဲ ရှိခိုး ဦးချနေရပါပြီ မေမေရယ် "မေမေရဲ့သားနိုင်တယ်" ဇော်ဝင်းထွဋ်သီချင်းလေး ဆိုချင်တာပေါ့ အခုတော့ မေမေ့ မမြင်ကွယ်ရာမှာ အကြိမ်ကြိမ်ကျရှုံး ဒါပေမယ့် ဘယ်တော့မှ လက်မမြောက်ခဲ့ပါဘူး မေမေ့ရင်ထဲ ပျော်ရွှင်ခြင်းတွေပဲ ရွာသွန်းစေဖို့ ကျွန်တော်ကိုယ်တိုင် ရွာမယ့်မိုးပါ မေမေ ဒီကဗျာလေးနဲ့ စ မယ်နော်။ အိမ်က ထမင်းဝိုင်းလေးလည်း နေရာတွေ လွတ်လို့ လပ်လို့ နေမှာ တစ်နေ့နေ့ပေါ့ မေမေရယ် အဲဒီတစ်နေ့နေ့မှာ မိသားစုကောင်းကင်ထဲ အတူတူ ပျံသန်းကြမယ် ပျော်ရွှင်ခြင်း အတောင်ပံတွေ ဖြန့်လို့ပေါ့။ အဲဒီတစ်နေ့နေ့မှာ ကျွန်တော်ဟာ မေမေ့ရင်ခွင်ထဲမှာ ခိုနားနေတဲ့ သားလိမ္မာလေးဖြစ်နေလိမ့်မယ် တစ်နေ့နေ့ပေါ့ မေမေရေ... ဆုတောင်းခြင်းများ မေမေ့ရဲ့ မေတ္တာဖြင့် ပြည့်ပါစေသား ....
 (စိုင်းလောဝ်ပိန်း- ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀ မှ)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...