Pages

Wednesday, February 27, 2013

လူဖြစ်ရခြင်း၏ ရည်ရွယ်ချက်

လူဖြစ်ရခြင်း၏
အဓိကရည်ရွယ်ချက်ကို
မသိသော ပညာမဲ့သည်
လူ့ဘဝကို
ကာမဂုဏ်ခံစားဖို့အတွက်အသုံးချ၍
အပါယ်လေးပါးသို့သွားသည်။
လူဖြစ်ရခြင်း၏
အဓိကရည်ရွယ်ချက်ကို
သိသောပညာရှိသည်
လူ့ဘဝကို ကုသိုလ်ရဖို့အတွက်
အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။


ယခုခါမူ၊ လူလည်းဖြစ်လာ၊
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊
ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မူ ...
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်...။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...