Pages

Wednesday, February 6, 2013

သူငယ်ချင်း

မင်းနဲ့ငါဟာ အကြောင်းသိလို့
 
ပေါင်းမိကြတဲ့ သူငယ်ချင်းတွေဖြစ်တယ်
 
တစ်ယောက်နဲ့တစ်ယောက်
 
ပြောမနာ ဆိုမနာ
 
စေတနာထားခဲ့ကြတယ်
 
ရင်ဘက်နဲ့ပေါင်းတဲ့ သူငယ်ချင်းတွေဖြစ်လို့
 
တစ်ယောက်အကျိုးတစ်ယောက်
 
လိုလားကြတယ်ဆိုတာ
 
ပြောဖို့မလိုဘူးထင်တယ်
 
ဒါ့ကြောင့်...ငါ့ရင်ထဲမှာရှိတဲ့
 
စေတနာစကားတွေကို
 
မင်းအကျိုးမျှော်ကိုးပြီးပြောခဲ့တဲ့အတွက်
 
ဘာမျှော်လင့်ချက်မှ မရှိခဲ့ဘူးဆိုတာ ယုံပါ
 
မတော်တဆ မင်းမကြိုက်တာ ပါခဲ့ရင်လည်း
 
နားလည်ခွင့်လွှတ်ပေးပါလို့ ပန်ကြားပါရစေ...
 
အစစအရာရာ အစဉ်ပြေပါစေ...
 
သူငယ်ချင်း...

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...