(၁) တစ်ဆင့်စကားပြောလာသောစကားကို မယုံနဲ့အုံး။
(၂) ကောလဟာလ စကားကိုလည်း မယုံနဲ့အုံး။
(၃) စာအုပ်ထဲက ပြောတဲ့အတိုင်းလည်း မယုံနဲ့အုံး။
(၄) အစဉ်အလာ ဘိုးဘွားစဉ်ဆက်စကားကိုလည်း မယုံနဲ့အုံး။
(၅) ဟိုနည်း၊ ဒီနည်း ကူးချပြီးလည်း မယုံနဲ့အုံး။
(၆) အတွေးကောင်းတိုင်း မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး။
(၇) ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး။
(၈) ငါ့အယူဝါဒ မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး။
(၉) လေးစားကြည်ညိုထိုက်သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး။
(၁၀) ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။
မည်သည့် အယူဝါဒဖြစ်စေ ကိုယ်တိုင်သာလျှင် သိအောင်လုပ်ကြ .... ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်လျှင် မှားမှန်ဆိုးကောင်း သိမြင်ပြီးမှ လက်ခံယုံကြည်ကျင့်သုံးရန်ဖြစ်ပေသည်။
ဓမ္မဒါန ဖြန့်ဝေသူက ဆက်လက်ဖေါ်ပြပေးထားပါသေးတယ် ....
အနှိုင်းမဲ့ လာဘ် = ကျန်းမာရေးလာဘ် (ကိုယ်+စိတ်)
အနှိုင်းမဲ့ မီး = ရာဂမီး (သို့မဟုတ်) အချစ်မီး (အာရုံစွဲ = ရာဂ)
အနှိုင်းမဲ့ ဥစ္စာ = တင်းတိမ်ရောင့်ရဲခြင်း
အနှိုင်းမဲ့ အပြစ် = ဒေါသအပြစ်
အနှိုင်းမဲ့ ဆွေမျိုး = အကျွမ်းဝင် ပုဂ္ဂိုလ်
အနှိုင်းမဲ့ ရောဂါ = ဆာလောင်မွတ်သိပ်ခြင်း
အနှိုင်းမဲ့ ချမ်းသာ = နိဗ္ဗာန်ချမ်းသာ
အနှိုင်းမဲ့ ဆင်းရဲ = ခန္ဓာဝန်ထမ်းရတဲ့ ဆင်းရဲ
အနှိုင်းမဲ့ လမ်း = သတိပဋ္ဌာန်လမ်း
အနှိုင်းမဲ့ ပိုက်ကွန် = မောဟပိုက်ကွန်
မိမိသည်သာ မိမိ၏ ကိုးကွယ်ရာအစစ်ဖြစ်၏။ ဓမ္မသည်သာ အားကိုးရာ အစစ်ဖြစ်၏။
ကုသိုလ်ကောင်းမှုတစ်ခုခုပြုလုပ်ကြသောအခါ ဘုရားလောင်း အကိတ္တိပညာရှိရသေ့ ၏ ဆုတောင်းအတိုင်း-
ဤသည့်ပုည ၊ ကုသလကြောင့်
လောဘဒေါသ ၊ မောဟကင်းကွာ
သံသရာဝယ် ....
ကျင်ရပါဘိ ၊ ပညာရှိနှင့်
ယှဉ်မိပေါင်းသင်း ၊ ဥာဏ်မဲ့ကွင်း၍
ပြည့်လင်းလှူဖွယ် ၊ လှူစဉ်ဝယ်လည်း
သုံးသွယ်စေတနာ ၊ ဖြောင့်ညီညာသည်
ခေမာအထွတ် တိုင်လိုသော် .......။
ဆိုပြီး ဆုတောင်းဖို့ မမေ့ကြပါလင့် ......။
ရုပ်၊ နာမ်ခန္ဓာ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောတရားရှိကြကုန်၏။ မမေ့မလျှော့သော ၀ိပဿနာ သတိတရားဖြင့် ပြည့်စုံကြကုန်လော့....။
(Buddhists 969) မှ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...