တစ်ခါတုန်းက လူနဲ့အတော်ယဉ်ပါးတဲ့ မျောက်တစ်ကောင် ရှိတယ်။
လူတွေကြားထဲမှာ သွားလာနေထိုင်ပြီး လူတွေကျွေးတာ စားသောက် အသက်ရှင်ခဲ့တယ်။
တစ်နေ့တော့ သူဌေးကြီးတစ်ဦးအိမ်နားရောက်သွားတယ်။
အဲ့ဒီသူဌေးကြီးက အတော်ချမ်းသာတယ်။ မင်းပေါက် စိုးပေါက်သူဌေးကြီးဖြစ်ပြီး
ခြွေရံသင်းပင်းတွေလည်း အတော်များတယ်။ သူ့ပါးစပ်က တစ်ခွန်းပြောတာနဲ့ကိစ္စအားလုံးပြီးတယ်။
ဒါပေမဲ့ သူသားတစ်ယောက်ကိုတော့ ပြောလို့မရနိုင်ဘူး။
ပညာကောင်းကောင်းသင်ခိုင်းတယ်။ မသင်ဘူး။ အရက် စားသောက် ပျော်ပါးလောင်းကစားနဲ့
မွေ့လျော်တယ်။ မကောင်းတာမှန်သမျှဆိုပါတော့ သူဌေးကြီး သူ့သားနဲ့ပတ်သက်ပြီး
စိတ်ဆင်းရဲနေရတယ် တနေ့မှာ သူ့သားကအရက်မှုးပြီး
လူတစ်ယောက်ကို ခေါင်းရိုက်ခွဲလိုက်လို့
လျော်ကြေးပေးလိုက်ရတယ် အဲဒါကိုသူဌေးကြီးက ဒုက္ခ ဒုက္ခ ညည်းတွားလိုက်တယ်...
ဒါကို မျောက်ကလေးကကြားတော့ ဒုက္ခဆိုတာဘာလဲ ဘယ်လိုအကောင်လဲ
ဆိုတာကို သိချင်စိတ်ပြင်းပြလာတယ် နောက်တစ်နေ့ရောက်ပြန်တော့ ဆင်းရဲသား အဘွား
အိုတစ်ယောက် ဝင်ငွေမရှိ စားစရာမရှိ သားသမီးကျောထောက်နောက်ခံ မရှိတာကြောင့်
သူများလာပေးတာကိုစားပြီး နေရတဲ့ဘဝမှို့ ဒုက္ခ ဒုက္ခ လို့အဘွားအိုက ညည်းတွားလိုက်တယ်...
ဒါကို မျောက်ကလေးကကြားတော့ ဒုက္ခဆိုတာဘာကောင်လဲ အမျိုးအစားမတူဘူးထင်တယ်...
သူဌေးကြီးကလည်း ဒုက္ခ လို့ပြောတယ် ဆင်းရဲတဲ့ အဘွားကြီးကလည်း ဒုက္ခလိုဆိုတယ်
မျောက်ကလေးဟာခေါင်းခြောက်အောင် သူတွေးပြီး ဒုက္ခဆိုတဲ့ကောင်ကို အရမ်းတွေချင်နေတယ်
ဒီလိုနဲ့မျောက်ကလေးဟာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရောက်သွားတယ် ဘုန်းကြီးဟာ စားပွဲပေါ်က
ကြက်သားတုံး ဝက်သားတုံးတွေ ဘုဉ်းပေးပြီး ဒုက္ခ ဒုက္ခ ရွတ်ဆိုလိုက်တယ် တရားသဘော ဆင်ခြင်ပြီး
အနိစ္စ၊ ဒုက္ခ အနတ္တလို့ သတိနဲ့ တရားမှတ်ပြီး ဘုဉ်းပေးနေတာကို မျောက်ကမသိရှာဘူး
သူဌေးကြီးမှာလည်း ဒုက္ခရှိတယ်။
ဆင်းရဲသားမှာလည်း ဒုက္ခရှိတယ်။
ဘုန်းတော်ကြီးမှာလည်း ဒုက္ခရှိတယ်။
ငါ့မှာ ဘာဖြစ်လို့ ဒုက္ခမရှိရတာလဲ။ ဒုက္ခဆိုတာ အကောင်လား အဆောင်အယောင်လား ဘာလဲသိချင်
စိတ်ကများလာပြီး စပ်စုချင်လာတဲ့အတွက် မျောက်ကလေး ဒုက္ခရှာပုံတော် ထွက်လာပါသတဲ့
ဟိုလူမေး ဒီလူမေးနဲ့ ဒုက္ခဆိုတာကို ဘယ်သူမှ မျောက်ကလေးကို ရေရေ ရာရာ မရှင်းပြနိုင်ကြဘူး
ဒုက္ခရောက်ပြီဆိုရင် ကောင်းကောင်းမနေရဘူးဆိုတာလောက်သာ ကြားခဲ့ရတယ်...
တစ်နေ့တော့ လူတစ်ယောကဟာ ဒုက္ခရှာနေတဲ့ မျောက်ကလေးနဲ့တွေတော့
မျောက်ကလေးကို အဲဒီလူက အထုပ်တစ်ထုပ်ပေးလိုက်တယ် ပြီးတော့ ဒုက္ခဆိုတာ
ဘာလဲသိချင်ရင် အခန်းတစ်ခန်းထဲဝင် တံခါးကို အသေအချာပိတ်ပြီး အထုပ်ကိုဖြေကြည့်ပါတဲ့
ဒုက္ခဆိုတာဘာလဲဆိုတာ သိသွာလိမ့်မယ်လို့ပြောလိုက်သတဲ့ အဲဒီလိုနဲ့ မျောက်ကလေးလည်းအဲဒီလူ
ပြောတဲ့အတိုင်း အခန်းတစ်ခန်းထဲဝင်ပြီး အသေအချာ ပိတ်ပြီး ပေးလိုက်တဲ့အထုပ်ကို ဖြေလိုက်တယ်
ဆိုရင်ပဲ အထုပ်ထဲကိုအထည်းခံရလို့ စိတ်တိုနေတဲ့ခွေဟာ မျောက်ကိုတွေ့တယ်ဆိုရင်ပဲ အသေလိုက်ပြီး
ကိုက်ပါလေရော မျောက်ကလေးလဲ ခွေလိုက်ကိုက်တော့ သူ့ခမျာ သေပြေးရှင်ပြေး ပြေးရတော့တယ်
နောက်ဆုံးတော့ ထုပ်တန်းပေါ် တက်ပြေးတော့မှ ခွေးရန်ကလွတ်သွားပါသတဲ့...
သြော်...ဒုက္ခဆိုတာဒါပဲကိုး လိုမျောက်ကလေးဟာ ဒုက္ခကို တော်တော်ကြောက်သွာလေးတယ်
သူဘာသာရှိနေတဲ့ ဒုက္ခကို အတင်းလိုက်ရှာမိလို့ သေပြေးရှင်ပြေး ပြေးရတဲ့ငါ့ဒုက္ခကပိုကြီးပါလားလို့
မျောက်ကလေးတွေးနေပါသတဲ့.....
သတ္တဝါတိုင်း ဒုက္ခဆင်းရဲနဲ့ ကင်းဝေကြပါစေ..
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...