Pages

Sunday, April 21, 2013

Apr 21, 2013 မူးယစ်နေသော တူဖြစ်သူက ဓားကိုင် စိန်ခေါ်သဖြင့် ဦးလေးဖြစ်သူ ဓားချင်း ယှဉ်ခုတ်စဉ် သေဆုံး

ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ အထက်စု ရွာ၌ ဧပြီ ၁၈ ရက် ညနေ ပိုင်းက မူးယစ် ရမ်းကား၍ စိန်ခေါ်ပြီး ဓားချင်း ယှဉ်ခုတ်ရာမှ သေဆုံး မှု ဖြစ်ပွား ကြောင်း သိရသည်။  ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် ညနေ ၆ နာရီခွဲက ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ အထက်စု ရွာနေ ဒေါ်အေးေ အး ၄၂ နှစ် (ဘ)ဦးမောင် အေးသည် နေအိမ်၌ ရှိနေပြီး ခင်ပွန်း ဦးမြင့်စိန် ၄၃ နှစ် (ဘ) ဦးမောင် သန်းမှာ နေအိမ် တံစက်မြိတ် အောက်၌ ရေချိုးနေစဉ် တစ်ရပ်ကွက် တည်းနေ တူဖြစ်သူ တင်ဌေး ၃၄ နှစ် (ဘ) ဦးမောင်တင်စိန်က ဓားကိုင်လျက် နေအိမ်ရှေ့ လမ်းပေါ်မှ မူးယစ်ရမ်းကား စိန်ခေါ်ရာ ဦးမြင့်စိန်က ဓားကိုင်၍ လမ်းပေါ်ရောက်ပြီး ဓားချင်း ယှဉ်ခုတ်နေစဉ် ဦးမြင့်စိန်၏သား မြင့်အေး ၂၂ နှစ်က ရဲ ဒင်း ကိုင် ရောက်လာပြီး ၀င်ရောက် ခုတ်ခဲ့သည်။  ၎င်းဖြစ်စဉ်ကြောင့် ဦးမြင့်စိန်၏ ရင်အုံ ပြတ်ရှ ဒဏ်ရာတစ်ချက်၊ နှလုံးအပြင် ထွက်ကျ သေဆုံးပြီး မြင့်အေး ၏ ယာလက်မ ပြတ်ရှဒဏ်ရာ၊ ယာလက်ညှိုး၊ လက်ခလယ် ပြတ်ရှ ဒဏ်ရာ (မစိုးရိမ်ရ)နှင့် တင်ဌေး၏ ယာလက်မောင်း ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ဖနောင့် ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ယမန်နေ့ နံနက် ၂ နာရီ ၂၅ မိနစ်က ဦးမြင့်စိန်၏ ဇနီး ဒေါ်အေးအေး မ၏ တိုင်တန်းချက် အရ ဟိုင်းကြီးကျွန်း ရဲစခန်းမှ (ပ) ၂၁/ ၁၃၊ ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ပြီး တင်ဌေးအား ဖမ်းဆီးရန် ဆောင်ရွက်လျက် ရှိကြောင်း သိ ရသည်။
 မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...