Pages

Thursday, April 11, 2013

ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲအတွင်း မြန်မာနိုင်ငံသား မဟုတ်သူများမှ ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ တီရှပ်အား မီးရှို့ရန်ြ့ပင်ဆင်နေစဉ် မြင်တွေ့ရပုံ..



 
ဓာတ်ပုံ James Mint's

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်အတွင်း လူထုခေါင်းဆောင်၏ လုံခြုံရေးအား အထူးကာကွယ် စောင့်ရှောက်ရေးသည် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအားလုံး၏ တာဝန်ဖြစ်သည်..

ဒီနေ့ RFA သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုတွေ တွေ့ဆုံမယ့် ပွဲမှာ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က ရိုဟင်ဂျာ ဆိုသူတွေ မတက်ရောက်ဖို့ တားမြစ်ခံရကြောင်း AFP သတင်းဋ္ဌာနကို ပြောဆိုတယ်လို့ ထုတ်လွှင့်သွားသလို. အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခွင့်အား ဗုဒ္ဓဘာသာ လူနည်းစုက ကန့်ကွက်သည်ဟု သွေးခွဲစကား ဆိုလိုက်သေးတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရေးကော်မတီတွင် ဗုဒ္ဓဘာသာဝင်များ အစ္စလာမ်လာသာဝင်များနှင့် ခရစ်ယာန် ဘာသာဝင် မြန်မာနိုင်ငံသား စစ်စစ်တိုင်းရင်းသား ပြည်သူများ ဘာသာပေါင်းစုံ ပါဝင်ကြသည်..။

ဒါနဲ့ မစပ် ဘန်ကောက်သံရုံးရှေ့ ဗိုလ်ချုပ်ဓာတ်ပုံ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ဒီနေ့ ဧရာဝတီ သတင်းဋ္ဌာနက သတင်းကို ဖတ်ကြည့်ရအောင်..

ဧပြီလ ၉ ရက်နေ့က ပြုလုပ်သည့် အဆိုပါ ဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံ အခြေစိုက် မွတ်စလင်များနှင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသော မွတ်စလင်များလည်း ပါဝင်ကြောင်း ယင်းဆန္ဒပြပွဲ၌ ဦးဆောင်သူတဦးအဖြစ် ပါဝင်ခဲ့သည့် Burmese Rohingya Association in Thailand (BRAT) ဥက္ကဋ္ဌ မောင်ကျော်နုက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာကိစ္စမှာရော၊ မြန်မာမွတ်စလင် ကိစ္စမှာရော နှုတ်ဆိတ်နေတဲ့ အတွက်ကြောင့်မို့လို့ မီးရှို့လိုက်တာပါ။ ဗိုလ်ချုပ် အောင်ဆန်းပုံ ပါသွားတဲ့အတွက်ကြောင့်တော့ စိတ်မကောင်းပါဘူး။ ဒါလည်း တဖွဲ့လုံးရဲ့ သဘောဆန္ဒနဲ့ ရှို့တာ မဟုတ်ပါဘူး၊ ပါလာတဲ့လူတွေထဲက ၃ ယောက်လောက်က လုပ်တာပါ” ဟု မောင်ကျော်နုက ပြောသည်။ (ဧရာဝတီသတင်းဋ္ဌာန)

မြန်မာ့သမိုင်းမှာ တခါမှ မရှိဘူးတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်ပုံကို မီးရှို့ဖို့ လက်မနှေးခဲ့သူများမှ မြန်မာ့ဒီမိုကရေစီအရေးအတွက် အတူတူ လှုပ်ရှား လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုလျှင် ယုံကြည်သင့်ပါ၏လော...။

ဗိုလ်ချုပ်၏သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား မီးရှို့ဆန္ဒပြခဲ့တဲ့ အဖွဲ့အစည်းမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရအောင် ဗုဒ္ဓဘာသာဝင် လူနည်းစုမှ ကန့်ကွက်ခဲ့သည်ဟု တဘက်သတ်
သွေးခွဲစကား ပြောဆိုလာခဲ့မှုအပေါ် မည်သို့ သဘောထား သင့်ပါသနည်း..။

ယနေ့ ဂျပန်ခရီးစဉ် မစခင်မှာပင် ဖြစ်ပေါ်ခဲ့သော ဘန်ကောက် မြန်မာသံရုံးရှေ့မှ မီးရှို့ဆန္ဒပြခဲ့သူများ၏ လုပ်ရပ်ကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးဖြစ်သည်။

ယနေ့ လူထုခေါင်းဆောင်၏ ဂျပန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံသား တိုင်းရင်းသား မဟုတ်သူများမှ အကြမ်းဖက် ဆန္ဒုပြခွင့်မပြုနိုင်အောင် လူထုခေါင်းဆောင်၏ လုံခြုံရေးအား အထူးကာကွယ် စောင့်ရှောက်ရေးသည် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအားလုံး၏ တာဝန်ဖြစ်သည်..

ဒီမိုဝေယံ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...