Pages

Friday, April 5, 2013

RSV အရေးကြီးသတင်း



------------------
သင်္ကြန်းဝတ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ
-----------------------------------------------------
သင်္ကြန်းဝတ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုက် ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။
၎င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅က/36388 ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ၄င်းတို့အား အမ်းမြို့နယ်ရဲစခန်းတွင် အာဏာပိုင်များမှ စစ်ဆေး လျက်ရှိကြောင်းသိရပါသည်။

ထိုသို့ ဘင်္ဂလီများအား သင်္ကန်း များဝတ်ပေးကာ ခေါ်ဆော်သွားခြင်းများ အပေါ် ဒေသခံများနှင့် ဗုဒ္ဓဘာသာများ မကျေမနပ်ဖြစ်လျက်ရှိပြီး ၉၆၉ စတေ ကာအားသုံးခြင်းမှာ လုံးဝမသင့်တော်သော လုပ်ရပ်ဖြစ်ကြောင်းလည်းသိရ သည်။

လက်ရှိအနေအထားတွင် စစ်တွေမြို့ရှိ ဘင်္ဂလီဒုက္ခသည် စခန်းများတွင် သင်္ကန်း များရောက်ရှိနေကြောင်းနှင့် ထိုသင်္ကန်းများအား ရှာဖွေစစ်ဆေးခြင်း တစ်စုံတစ်ရာမရှိကြောင်းလည်းသိရသည်။
ယင်းအတွက် ဒေသခံများက စိုးရိမ်လျက်ရှိကြောင်းနှင့် ဒုက္ခသည်စခန်းများ အား မည်သို့မျှ ရှာဖွေခြင်းများလည်းမရှိကြောင်းသိရသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...