Pages

Wednesday, May 22, 2013

နိုင်ငံခြားသားခရီးသည်များအတွက် Air Con တပ်ဆင်ထားသည့် ဂျပန်နိုင်ငံ ထုတ်မီးရထားကိုပုဂံမှ မန္တလေးအထိစတင်ပြေးဆွဲပေးနေ…

နိုင်ငံခြားသားခရီးသည်တွေအတွက် Air Con တပ်ဆင်ထားသောဂျပန်နိုင်ငံ ထုတ်မီးရထားဖြင့် ပုဂံမှ မန္တလေးအထိမေလ(၁၇)ရက်နေ့က စတင်ပြေးဆွဲ ပေးနေကြောင်း မြန်မာ့မီးရထားမှဒုရုံပိုင်ချုပ်ဦးရဲလွင်က ပြောပြခဲ့သည်။ ခရီးစဉ်ပြေးဆွဲမှုကိုမီးရထား(၅)စီးဖြင့် စတင်ပြုလုပ်ခဲ့သော်လည်း မေလ (၂၀)ရက်နေ့ကနောက်ထပ်(၄)စီးထပ်ရောက်လာသည့် အတွက်စုစုပေါင်း (၉)စီးဖြင့် တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရပါတယ်။
၎င်းမီးရ ထား များကိုဂျပန်နိုင်ငံကတင်ပို့ခြင်း ဖြစ်သည်။“အခုအဲယားကွန်းပါမီးရထားတွေ ကိုနိုင်ငံခြားသားခရီးသည်တွေအတွက်ပဲသီးသန့်ပြေးဆွဲ ပေးနေတာပါ။ မီးရထားစီးနင်းခကိုတော့ပုံသေမသတ်မှတ်ရသေးပါဘူး။အရင်က(၅)စီးနဲ့ ပဲပြေးဆွဲပေးနေပါတယ်။အခုနောက်ထပ်(၄)စီး ရောက်လာပြီဆိုတော့စုစု ပေါင်း(၉)စီးနဲ့အစီးရေ
ထပ်ဖြည့်ပြီးပြေးဆွဲပေးသွားမှာပါ”လို့ဒုရုံပိုင်ချုပ်ဦးရဲလွင် ကပြောပြခဲ့သည်။ မီးရထားတစ်တွဲမှာလူဦးရေအယောက်(၆၀)ဦးစီးနင်းနိုင်ပြီး မြန်မာနိုင်ငံမှာအိမ်ရှင်အဖြစ်လက်ခံကျင်းပ
မယ့်ဆီးဂိမ်းအတွက်လည်း Air Con ပါတဲ့နောက်ထပ်အတွဲ(၄)တွဲထပ်ရောက်မည် ဖြစ်ကာ တိုးချဲ့ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...