Pages

Friday, May 17, 2013

မုန်တိုင်းကယ်ဆယ်ရေးနဲ့ သံသယ

Published 17.05.2013

မဟာစင်မုန်တိုင်းဒဏ် ခံရနိုင်ခြေရှိခဲ့တဲ့ဒေသတွေက လူထုကို ဘေးကင်းလုံခြုံရာဆီ ရွှေ့ပြောင်းပေးဖို့ သက်ဆိုင် ရာ တာဝန်ရှိသူတွေက စီစဉ်တာမှာ လူထုက သူတို့အပေါ် မယုံကြည်မှုနဲ့ ကြောက်ရွံ့စိတ်တွေကြောင့် နေရာမရွှေ့ပြောင်းချင်သူ တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီဒေသတွေမှာရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေကနေ ၀င်ရောက် ကူညီပြီး ဆွဲဆောင် စည်းရုံးပြီးတော့ လုပ်ဆောင်ပေးခဲ့ ရတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကပြောပါတယ်။ ရန်ကုန်မြို့၊ နတ်မောက်လမ်းက ကုလသမဂ္ဂရုံးမှာ ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ကြတာတွေကိုတော့ ကိုယ်တိုင်သွားတက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။


 

သမ္မတဦးသိန်းစိန်ခရီးစဉ် ဦးအောင်ဒင်အမြင်

Published 17.05.2013

မြန်မာအစိုးရ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း၊ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံတဲ့အချိန် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားတွေ အရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်တွေ အားကောင်းလာရေး ကိစ္စတွေကို အဓိက ဆွေးနွေးမယ်လို့ မျှော်လင့်တဲ့ အကြောင်း မြန်မာ့ အရေး တက်ကြွလှုပ်ရှားသူ ရှစ်ဆယ့်ရှစ်မျိုးဆက် ဗကသ ခေါင်းဆောင်ဟောင်း ဦးအောင်ဒင်က သုံးသပ်ပါတယ်။ ဦးအောင်ဒင်ကိုVOA မြန်မာပိုင်း အစီအစဉ်က သိန်းထိုက်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။


 

ယူနန် ဓာတ်ငွေ့ပိုက်လိုင်း ဆန့်ကျင်ရေး

Published 17.05.2013

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းဖောက်လုပ်နေ တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အစီအစဉ်နဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံမှာလည်း ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ မြန်မာနိုင်ငံကတဆင့် တင်ပို့မယ့်ရေနံတွေ ကို ချက်လုပ်မယ့် စက်ရုံတခု တည်ဆောက်မယ့် စီမံကိန်းကြောင့် နစ်နာမှုတွေ ဖြစ်ရတယ်ဆိုပြီး ဒေသခံတွေနဲ့ တက်ကြွသူတွေ ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...