Pages

Sunday, May 12, 2013

"ဒါန သုံးမျိုး"



•••••••••••••••••
ပေးကမ်းစွန့်ကြဲခြင်းကို ဒါနလို့ခေါ်ပါတယ်။ ဒါနအမျိုးအစားများစွာရှိတဲ့အထဲက စေတနာ သဒ္ဒါတရားအပေါ်မူတည်ပြီး ကွဲပြားသွားတဲ့ ဒါန(၃)မျိုးအကြောင်း ဖော်ပြလိုက်ပါတယ်။
ထိုဒါန(၃)မျိုးဟာ-

(၁) ဒါနဒါသ(ကျွန်ဒါန)

(၂) ဒါနသဟာယ(မိတ်ဆွေဒါန)

(၃) ဒါနပတိ(အရှင်သခင်ဒါန)ဆိုပြီးသုံးမျိုးရှိပါတယ်။

(၁) ဒါနဒါသ(ကျွန်ဒါန)ဆိုတာ တစ်ယောက်သောသူသည်
မိမိကိုယ်တိုင်တော့ ကောင်းမွန်သော အစာအဟာရ ဝတ္ထုတွေကိုသုံးဆောင်ပါတယ်။ ဒါပေမယ့် အလှူခံပုဂ္ဂိုလ် ကိုမူကား မိမိသုံးဆောင်သော အစာအာဟာရ ဝတ္ထုလောက်မကောင်းသော
(တနည်း) ယုတ်ညံ့သော အစာအာဟာရဝတ္ထုကိုပေးလှူတယ်။
ထိုဒါနရှင်၏ စေတနာသည် ယုတ်ညံ့သောကြောင့် ထိုဒါနကို
ဒါနဒါသ (ကျွန်ဒါန) လို့ခေါ်ပါတယ်။ (ကိုယ်က ကြက်သား ၀က်သား ချက်စားသော်လဲ ဆွမ်းခံကြွတော်မူသော သံဃာတော်အရှင်သူမြတ်
တို့အား ချဉ်ရည်ဟင်းလောင်းလှူခြင်းမျိုး)။
ထိုယုတ်ညံ့သော ဒါနကံကြောင့် ဖြစ်လေရာဘဝတိုင်းမှာ
ယုတ်ညံ့သော အကျိုးကိုသာ ခံစားရပါတယ်။

(၂) ဒါနသဟာယ(မိတ်ဆွေဒါန)ဆိုတာ တစ်ယောက်သောသူသည် မိမိ သုံးဆောင်သောအစာအာဟာရ ဝတ္ထုနှင့်ညီမျှသော အစာအာဟာရဝတ္ထုကိုပေးလှူခြင်းမျိုးဖြစ်ပါတယ်။ ဆိုလိုတာက မိမိလည်း ကြက်သား ဝက်သား စသော ကောင်းသော အစာအာဟာရများကိုစားသုံးတယ်။ အလှူခံပုဂ္ဂိုလ် တို့အားလည်း မိမိသုံးဆောင်သည့်ဝတ္ထုအတိုင်းပေးလှူပါတယ်။ ထိုသူ၏စေတနာသည် ထပ်တူဖြစ်သောကြောင့် မိတ်ဆွေဒါန(ဒါနသဟာယ) အဆွေခင်ပွန်းတို့ကို ကျွေးမွေးသောဒါနလို့ခေါ်ပါတယ်။ ကိုယ့်အိမ်မှာ ကြက်သာဝက်သားဟင်း တို့ကိုသုံးဆောင်သကဲ့သို့ အလှူခံပုဂ္ဂိုလ် ဆွမ်းခံကြွသံဃာတော်တို့ကိုလည်း ဝက်သားဟင်း ကြက်သားဟင်းများ လောင်းလှူခြင်းမျိုးပါပဲ။ ထိုသို့သော မိတ်ဆွေဒါန(ဒါနသယာယ)ကြောင့် ဖြစ်လေရာဘဝတိုင်းဝယ် အလယ်အလတ်တန်းစားဝတ္ထုတို့ကိုရရှိခံစားသုံးဆောင်ရပါတယ်၊ အလယ်အလတ်တန်းစား အကျိုးကို ခံစားရပပါတယ်။

(၃) ဒါနပတိ (အရှင်သခင်ဒါန) ဆိုတာက တစ်ယောက်သောသူသည် မိမိသုံးဆောင်သည်ထက် သာလွန် မွန်မြတ်သော အစာအာဟာရ ဝတ္ထုပေးလှူပါတယ်။ ဆိုလိုတာက မိမိကမူ တော်ရုံလောက်သော အစာအာဟာရဝတ္ထုများကိုသုံးဆောင်ပြီး အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးဆောင်သော အစာအာဟာရဝတ္ထုထက်လွန်မြတ်သော ဝတ္ထုများကိုပေးလှူခြင်းဖြစ်သည်။(အနည်းငယ်ရှင်းဦးအံ့) မိမိကမူ ချဉ်ရည်ဟင်း ငပိရည် တို့စရာလောက်နဲ့ တင်းတိမ်ရောင့်ရဲပြီး အလှူခံပုဂ္ဂိုလ်တို့အား ဦးဦးဖျားဖျား မွန်မြတ်သော ကောင်းမွန်သော အစာအာဟာရများကို ပေးခြင်းဖြစ်ပါတယ်။ ဆွမ်းခံကြွကြသော အရပ်လေးမျက်နှာမှရောက်လာကြကုန်သော အလှူခံပုဂ္ဂိုလ် ရဟန်းသံဃာတော်များကို စားဦးစားဖျား ဆွမ်းကောင်း ဟင်းကောင်းလောင်းလှူပြီး မိမိကမူ ချဉ်ရည်ဟင်း၊ ငပိရည်လောက်နှင့်တင်းတိမ်ရောင်ရဲနေမယ်ဆိုရင် ဒါနပတိ(အရှင်သခင်ဒါန)လို့ခေါ်ပါတယ်။ ထိုသူ၏စေတနာသည် အထက်တန်းကျသောကြောင့်ဒါနပတိလို့ခေါ်သော အရှင်သခင် ဒါနဖြစ်ရပါတယ်။ ထိုအရှင်သခင်ဒါန(ဒါနပတိ)စေတနာကံကြောင့်ဖြစ်လေရာဘဝတိုင်းမှာ ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ဥစ္စာများကို ရရှိနိင်ပါတယ်။

အရှင်သခင်ဒါန၏အကျိုးကြီးမားပုံကို "သဂါထာဝဂ္ဂသံယုတ်"တွင်
လာသော သေရိမင်းကြီး၏ဝတ္ထုဖြင့် နမူနာပြပါ့မယ်။

♦ ရှေးအခါ သေရိမည်သော မင်းတစ်ပါးဟာ ဒါနကို အလွန်မြတ်နိုးရှာတယ်။ ဒါန၏အကျိုးတရားကြီးမားပုံကိုလည်းဟောပြောတတ်တယ်။ ထိုမင်းသည် ရောရုဝမည်သော မြို့တော်၏ တံခါးလေးမျက်နှာမှာ အလှူမဏ္ဍပ်တွေဆောက်လုပ်ပြီး လာသမျှသော ရဟန်း ပုဏ္ဏား သူဆင်းရဲ ခရီးသွားဖုန်းတောင်းယာစကာတို့အား အလှူဒါနကို အကြီးအကျယ်ပေးလှူလေ့ရှိပါတယ်။

♦ တစ်နေ့တော့ မင်းမောင်းမတွေ မင်းကြီးထံ ချဉ်းကပ်ပြီး မိမိတို့လည်း မင်းကြီးကဲ့သို့ အလှူပေးပါရစေဟု တောင်းပန်ကြသဖြင့် မင်းကြီးလည်း မင်းမောင်းမတို့အား ပထမတံခါးတွင် အလှူပြုရန်ခွင့်ပေးလိုက်တယ်။ ထိုသတင်းကိုကြားတော့ လက်အောက်ခံ မင်းငယ်တို့က တောင်းပန်ပြန်ရာ ဒုတိယ တံခါးတွင်အလှူပြုရန် ခွင့်ပြုပေးရပြန်တယ်။ ထို့အတူ ဗိုလ်ပါရဲမက်တို့က တောင်းပန်ပြန်တော့ တတိယ တံခါးကို ပေးရပြန်တယ်။ ထို့နောက်ပုဏ္ဏား သူကြွယ်တို့က တောင်းပ...See More♦ မင်းကြီးက မွန်မြတ်သော (ဒါနပတိ) အလှူတို့ကို
အနှစ်ရှစ်သောင်းပတ်လုံး ပြုစုလှူဒါန်းပြီး စုတေနေ သေလွန်သောအခါ နတ်ဘုံတစ်ခုမှ နတ်ဘုံတစ်ခုသို့ ကူးပြောင်းခံစားပြီး ဗုဒ္ဓမြတ်စွာဘုရား ထင်ရှားပွင့်တော်မူစဉ် ခေမကမည်သော နတ်သားဖြစ်ပြီး နတ်ဘုံနတ်နန်းမှာ နတ်အဖြစ်ဖြင့် အကြိမ်ပေါင်း ဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာကိုတောင် မသိနိုင်လောက်အောင်များပြားပါတယ်။ ထိုအခါမှ သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားက "အကြင်သူသည် သဒ္ဓါသော စိတ်ဖြင့် (အင်မတန်ထက်သန်သော သဒ္ဓါတရားဖြင့်)ပေးလှူတယ်။ ထိုသူ၏ အကျိုးကတော့ ယခုဘဝမှာရော တမလွန်ဘဝမှာပါ အစဉ်တစိုက် လိုက်ပါလေတယ်။

♦ ဒါကြောင့် “ဝန်တိုခြင်းကို ဖျောက်ပြီး အလှူကိုပေးတတ်ကြကုန်၏။ ကုသိုလ်ပုည ဟူသမျှသည် တမလွန်လောကမှာ သတ္တဝါတို့၏ မှီရာ တည်ရာ အားထားရာ ဖြစ်၏”လို့ဟောတော်မူပါတယ်။ ထိုဒေသနာတော်ကို ထောက်ခံသောအားဖြင့် ခေမကနတ်သားသည် မိမိအကြောင်းကို ဘုရားရှင်အားလျှောက်ထားလာတယ်။ ဒါကြောင့် အားလုံးသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဟာ အကျိုးတရားကြီးမားသော ဒါနပတိ(အရှင်သခင်ဒါန) မျိုးဖြစ်အောင် မွန်မြတ်ထက်သန်သော စေတနာဖြင့် စွန့်ကြဲပေးကမ်းလှူဒါန်းသင့်ကြောင်းတိုက်တွန်းလိုက်ရပါတယ်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေစွာဖြင့်
သာသနာ့အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ကြပါစေ။

- (အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်) )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Young Buddhist's Association

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...