Pages

Tuesday, May 14, 2013

ရန်ကုန် သတင်းဓာတ်ပုံပြပွဲ

 
ရန်ကုန် သတင်းဓာတ်ပုံပြပွဲ

Published 15.05.2013

ပြည်တွင်း မီဒီယာတွေမှာ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံတွေကို စုစည်းပြသပွဲ တရပ်ကို Press Club of Myanmar (PCM) မှာ ပြုလုပ်နေပါတယ်။ ၅ ရက်ကြာ ပြုလုပ်မယ့် ဒီ သတင်းဓာတ်ပုံ ပြပွဲမှာတော့ ကချင်စစ်ရေး၊ ရခိုင်ပဋိပက္ခ၊ လက်ပံတောင်းတောင်း သပိတ် ဖြိုခွင်းခဲ့ချိန်က ဓာတ်ပုံတွေ အပြင် ပြီးခဲ့တဲ့ ၂ နှစ် အတွင်းက ထူးခြားတဲ့ သတင်းဓာတ်ပုံတွေကို ပြသထားတာပါ။ မသိင်္ဂီထိုက်က ပြေပြပေးမှာပါ။
 မုန်တိုင်းအရေးပေါ်နဲ့ ပြင်ဆင်မှု

Published 15.05.2013

မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်လာဖို့ ရှိနေတာကြောင့် အရေးပေါ် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အာဏာပိုင် တွေက နှိုးဆော်နေပါတယ်။ အားပြင်းတဲ့ မဟာစင် ဆိုင်ကလုန်းမုန်တိုင်းနဲ့အတူ မိုးသည်းထန် လေပြင်းတိုက်ခိုက်မှုတွေကြောင့် ကမ်းရိုးတန်းဒေသမှာ နေထိုင် သူတွေ အထူး သတိထားကြဖို့ လိုမယ်လို့လည်း မိုးလေ၀သ ကျွမ်းကျင်သူတွေက အရေးပေါ် အကူအညီပေးရေး အဖွဲ့အစည်းတွေက သတိပေးနေကြတာပါ။ အပြည့် အစုံကိုတော့ ကိုအောင်အောင် ကတင်ပြပေးထားပါတယ်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...