Pages

Sunday, May 12, 2013

တရုတ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ၂၇ ဦး သေဆုံး

ဗွီအိုအေ (မြန်မာဌာန)

12.05.2013
တရုတ်နိုင်ငံမှာ ၂ ရက်အတွင်း  ဒုတိယအကြိမ်အဖြစ်   အသေအပျောက် အများဆုံး သတ္တုတွင်းပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တာမို့ တရုတ် အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေကြပါတယ်။

တရုတ်နိုင်ငံ Sichuan ခရိုင်မှာ စနေနေ့က ကျောက်မီးသွေး သတ္တုတွင်းပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး သတ္တုတွင်းလုပ်သား  ၂၇ ဦး သေဆုံး ခဲ့ရပါတယ်။



ကျောက်မီးသွေးတွင်းတူးသမား ၈၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး  အဲဒီထဲက ၆ ဦး ထက်မနည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သလို  ဒါဇင်နဲ့ချီပြီး ထိခိုက် ဒဏ်ရာရမှု ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သောကြာနေ့ကလည်း  ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှုတခု ဖြစ်ပွားရာက သေ ဆုံးရသူ  ၁၂ ဦး ရှိခဲ့ပါတယ်။

သောကြာနေ့ ပေါက်ကွဲမှုကတော့ Guizhou ခရိုင်နားမှာ ဖြစ်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ ရှိတဲ့ သတ္တုတွင်းလုပ်ငန်းတွေဟာ ကမ္ဘာမှာ လူအသေအပျောက် အများဆုံး လုပ်ငန်းတခု ဖြစ်ပါတယ်။

 (VOA)  မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...