Pages

Wednesday, May 29, 2013

လားရှိုးမြို့ ရှမ်း-ကုလား အဓိကရုဏ်း ဗုဒ္ဓဘာသာဝင် ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

လားရှိုးမြို့ ရှမ်း-ကုလား အဓိကရုဏ်း ဗုဒ္ဓဘာသာဝင် ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရတယ်လို့ အစိုးရ ရုပ်မြင်သံကြားက ကြေညာသွားပါတယ်။ အင်္ဂါနေ့က စတင်ခဲ့တဲ့ ပဋိပက္ခ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ အခြေအနေက အထိုက် အလျောက် တည်ငြိမ်နေပြီး စစ်တပ်နဲ့ ရဲက လုံခြုံရေး ယူထားတယ် ဆိုပေမယ့် နေ့လည်ပိုင်းမှာတော့ တိုက်ခိုက်မှု တခိျု့ ရှိခဲ့ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆိုင်ကယ်တွေနဲ့ လူစုဝေးတွေဟာ တုတ်ဓါး လက်နက်တွေကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်ကာ လူအများစုကတော့ နေအိမ်အပြင် မထွက်ရဲဘဲ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီပဋိပက္ခဟာ အင်္ဂါနေ့က မွတ်ဆလင် တယောက်က ရှမ်းတိုင်းရင်းသူ ဗုဒ္ဒဘာသာ အမျိုးသမီးတစ်ဦးကို ဓါတ်ဆီနဲ့ပက် မီးရှို့မှု ဖြစ်ပြီးနောက် စတင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးကို မီးရှို့တဲ့သူဟာ တာချီလိတ်ကနေ လားရှိုးမှာ လာနေတဲ့ နေဝင်း(၄၈ နှစ်)ဆိုသူ ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မီးရှို့ခံရသူ မအေးအေးဝင်းဆိုသူ အမျိုးသမီးကတော့ ဆေးကုသမှု ခံယူနေပါတယ်။

.. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...