Pages

Wednesday, May 29, 2013

ရှမ်း-ကုလား အဓိကရုဏ်း ဒုတိယနေ့ နေ့လည် ၁၁ နာရီတွင် မွတ်ဆလင် တစ်ဦးမှ ဗမာအိမ် တစ်ခုကို မီးထပ်ရှို့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့က လမ်းဘေးဓါတ်ဆီရောင်းသူ ဗုဒ္ဒဘာသာဝင် ရှမ်း အမျိုးသမီးတစ်ယောက်ကို မွတ်ဆလင် ကုလား အမျိုးသားတစ်ယောက် မှ ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် ပြဿနာပေါ်ပေါက်ခဲ့ရာကနေ တဆင့် ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဟာ ဒီကနေ့မှာ တခြားရပ်ကွက်တွေပါကူးစက်ပြီး မီးရှို့ဖျက်ဆီးတာတွေ ဆက်လက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညက အမှတ် (၈) ရပ်ကွက်မှာ စတင်ခဲ့တဲ့ ဒီပြဿနာဟာ ဒီကနေ့မှာ အမှတ် (၂) ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်တွေကိုပါ ကူးစက်ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အမှတ် (၈) ရပ်ကွက်မှာတော့ မီးလောင်တာတွေ ဒီနေ့ပိုဆိုးလာတယ်လို့ လားရှိုးမြို့ခံတစ်ဦးဖြစ်သူ ဦးခွန်ဆိုင်းက RFA ကို ပြောပါတယ်။

"ဒီမနက် ၁၁ လောက်ကနေ ပြန်စလာတယ်ခင်ဗျ၊ ရန်ကင်းလမ်းကနေ စလာတယ်၊ အဲဒီနားမှာ မွတ်စလင်တစ်ယောက်က ဗမာအိမ်တစ်ခုကို မီးသွားရှို့လိုက်တယ်၊ အဲဒီကနေ ပြန်ပြီးတော့မှစလာတယ်၊"

လားရှိုးအမှတ် (၈) ရပ်ကွက် အားကစားကွင်းအနီးမှာရှိတဲ့ ဆိုင်ကယ်ပစ္စည်း အဟောင်းဆိုင်၊ အမှတ် (၇) ရပ်ကွက် လန်ဒန်ကုန်းနားက နေအိမ် (၃) လုံး၊ ရန်ကင်းလမ်းက အိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့သိရပါတယ်။

  လားရှိုးမြို့မှာ မနေ့ညက အရေးပေါ် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

.. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...