Pages

Friday, May 31, 2013

တရုတ်ပြည်က လာတဲ့ ဆန်တွေကို သတိထား။

တရုတ်နိုင်ငံ ဂွမ်ဇူးက သုတေသန သမားတွေက ဒီနှစ် အစောပိုင်းမှာ ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ဆန်တွေကို စမ်းသပ်ကြည့်ခဲ့ရာမှာ သူတို့က စိုးရိမ်စရာ ကောင်းတဲ့ အဖြေတွေကို ရရှိခဲ့ကြပါတယ်။

စမ်းသပ် စစ်ဆေးခဲ့တဲ့ ဆန်နမူနာ ၁၈ မျိုးရဲ့ ထက်ဝက် လောက်နီးပါးဟာ ခန္ဓာကိုယ်က ကျောက်ကပ်တွေကို အ များကြီး ထိခိုက်ပျက်စီး စေနိုင်တဲ့၊ မြေဆီလွှာမှာ တွေ့ရှိရတဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ သတ္တုဓာတ် တမျိုးဖြစ် တဲ့ ကက်ဒ်မီယမ်ဓာတ် ပိုလွန်မြင့်မားတဲ့ အဆင့်ထိ ပါဝင်နေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆန်တွေကို ဟူနန်ပြည်နယ်နားမှာ စိုက်ပျိုးပြီး အငယ်စားထုတ်လုပ်တဲ့ ဆန်စက်တွေမှာ ကြိတ်ခွဲကြတာလို့ ယူဆရပါတယ်။

ဂွမ်ဇူး အစားအစာနဲ့ ဆေးဝါး အုပ်ချုပ်ရေးအဖွဲ့က သူ့ရဲ့ ၀က်ဘ်ဆိုက်မှာ တွေ့ရှိချက်အဖြေတွေကို ထုတ်ဝေ ဖော်ပြလိုက်တဲ့အချိန်မှာတော့ သန့်ရှင်းမှုမရှိတဲ့ အစားအသောက်တွေအကြောင်း မကောင်းသတင်းတွေ ကြားရဖန်များနေတဲ့ ပြည်သူတွေက ဒေါသထွက်ခဲ့ကြတာကတော့ မဆန်းပါဘူး။

ဩစတြေးလျရေဒီယိုက သတင်းထောက် လီယမ် ခေါ့ခရာနီက ဟောင်ကောင် ဘက်ပတစ် တက္ကသိုလ် ဇီဝဗေဒဌာနက ပါမောက္ခ ဂျွန်နသန် ဝေါင်းနဲ့ ပြောဆိုသတင်းရယူထားပါတယ်။ ယုယမိုး တင်ဆက်ပေးထားပါတယ်။

DVB

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...