Pages

Monday, May 27, 2013

လွတ်လပ်စွာရေးသားထုတ်ဖော်ခဲ့သော ဒေါက်တာဆိတ်ဖွားအား မီဒီယာလွတ်လပ်ခွင့် အသံအကျယ်ဆုံးတောင်းဆိုသူ Eleven Media မှ တရားစွဲမည်


ဒေါက်တာဆိတ်ဖွားကို တရားစွဲဆိုထားခြင်းအား ခတ္တေစိုင်းငံ့ပြီး Myanmar Express ကို တရားစွဲထားသော မီဒီယာလွတ်လပ်ခွင့် အသံအကျယ်ဆုံးတောင်းဆိုသူ Eleven Media မှ လွတ်လပ်စွာရေး သားထုတ်ဖော်ခဲ့သော ဒေါက်တာဆိတ်ဖွားအား ပြန်လည် တရားစွဲအုံးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါက်တာဆိတ်ဖွားနှင့် ပတ်သက်၍ ခေါ်ယူ စုံစမ်းသူများ အနက် တစ်ဦးမှာ ဒေါက်တာဆိတ်ဖွား သည် မိ မိဖြစ်ကြောင်း ဝန်ခံသွားပြီ ဖြစ်သောကြောင့် လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဒေါက်တာ ဆိတ် ဖွား အား ဖော်ထုတ်ပြီးပါက Eleven Media Group မှ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း Eleven Me- dia Group ၏ Managing Director ဒေါက်တာသိန်းမြင့်က ပြောကြားခဲ့သည်။

ဒေါက်တာဆိတ်ဖွား ဆိုသူအား စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဖော်ထုတ်တော့မည်ဖြစ်သဖြင့် အဆိုပါ ဒေါက်တာ ဆိတ်ဖွား ဆိုသူနှင့် ၎င်းနှင့်ပတ်သက်သည့် အဖွဲ့အစည်းကိုပါ တရားမကြောင်း အရ လည်းေ ကာင်း၊ ရာဇာဝတ်ကြောင်းအရ လည်းကောင်း တရားစွဲဆိုသွားမည်ဖြစ်ပြီး ကော်မရှင်မှ ဖော်ထုတ် လိုက်သာ ဒေါက် တာ ဆိတ်ဖွား စစ်မှန်ခြင်း ရှိ၊ မရှိကိစ္စသည် လွှတ်တော်နှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဂုဏ်သိ က္ခာနှင့် သက်ဆိုင်ကြောင်း ဒေါက်တာသိန်းမြင့်က ပြောကြားခဲ့သည်။

ဒေါက်တာဆိတ်ဖွားကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းအပြင် ၎င်း ကိုယ်တိုင် သွားရောက်ထွက်ဆိုခဲ့ရခြင်းဖြစ်ပြီး အဆိုပါကိစ္စအား လွှတ်တော်မှ အချိန်ကုန်၊ ငွေကုန်ခံကာ စုံစမ် ဖော်ထုတ်ခဲ့ရသောကြောင့် အမှန်တရားတစ်ခု ရရှိလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒေါက်တာဆိတ်ဖွားဆိုသူသည် ဇန်နဝါရီလ ၁၄ ရက်တွင် အွန်လိုင်းမှတစ်ဆင့် Above the law ဟူသော ဆောင်း ပါးအား ရေးသားခဲ့ပြီး အဆိုပါဆောင်းပါးသည် လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသေြာေ ကာင့် ဒေါက်တာဆိတ်ဖွားအား အရေးယူပေးပါရန် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကမာ ရွတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင် က အဆိုတင်သွင်းထားခြင်း အား လွှတ်တော်မှ လက်ခံကာ ဇန်နဝါရီလ ၁၇ ရက်နေ့က စုံစမ်းစစ်ဆေးရေး၏ ကော်မရှင်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဒေါက်တာဆိတ်ဖွား အားဖော်ထုတ်နိုင်ရန်အတွက် နိုင်ငံတော် သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင် ခဲ့သော ဝန်ထမ်းဟောင်းများ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဌာနမှ ဝန်းထမ်း အ ချို့နှင့် ဂျာနယ်လစ်များ၊ ဘလော့ဂါအချို့အား ခေါ်ယူမေးမြန်းခဲ့ကြောင်းသိရှိရသည်။

ဒေါက်တာဆိတ်ဖွားနှင့် ပတ်သက်၍ ခေါ်ယူစုံစမ်းသူများအနက် တစ်ဦးမှာ ဒေါက်တာဆိတ်ဖွား ဖြစ်ကြောင်း ဝန်ခံ ခဲ့ပြီ ဖြစ်သောကြောင့် မကြာမီတွင် မည်သူသည် ဒေါက်တာဆိတ်ဖွားဖြစ်သည်ကို လွှတ်တ်ာမှ ထုတ်ြ ပန်ေ ပး သွားမည်ဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးလှဆွေက မေ လ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

လွတ်လပ်စွာရေးသားဖော်ထုတ်ခဲ့သည့် ဒေါက်တာဆိတ်ဖွားကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ချိန်က မည်သည့် မီဒီယာ ၊ မည်သည့် ကွန်ယက်ကမှ ကန့်ကွက်ခြင်း၊ ဆန္ဒပြခြင်းမရှိ ခဲ့သလို Eleven Media မှ တရားစွဲမည့် အစီအစဉ်ကိုလည်း မည်သည့်သတင်းသမားကမှ ဝေဖန်ခြင်းမရှိချေ။ မီဒီယာသမားများနှင့် ကွန်ယက်များမှ မကန့်ကွက်၊ ဆန္ဒမပြကြသော်လည်း ဒေါက်တာဆိတ်ဖွားကို ထောက်ခံသူများ နှင့် လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကို မြတ်နိုးသူအချို့မှ ခရိုနက် ဦးသန်းထွဋ်အောင် နေအိမ်ရှေ့ နှင့် Eleven Media ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

.. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...