Pages

Thursday, May 16, 2013

Essential Moe shared Classic Burma News's photo.

ဖစ်သင့်တာက ဒီလို

Photo credit - မတစ်ထောင် တစ်ကောင်ဘွား
ခု !!

သူဘယ်မှာလဲ ?

ဝိဇ္ဇာဇော်ဂျီလောက ဆိုရင်တော့

အသေထွက်လား !! အရှင်ထွက်လား !! မေးရမှာပဲ

အခုတော့ အဲဒီလိုမဟုတ်ဘူး


သူဘယ်မှာလဲ ?


သူမပြောမဆိုပျောက်သွားတာတော့ မဟုတ်ဘူး

သူသွားဖို့ပြင်ဆင်နေတာတော့ ရိပ်မိနေတာကြာပြီ

အခုသူဘယ်မှာလဲ ?

သူဟာ သတိရစရာတွေ အများကြီးချန်ခဲ့ပြီး လစ်သွားခဲ့တယ်

မြေလဲမလျှိုးတတ်၊ မိုးလည်းမပျံတတ် သူဘယ်မှာလဲ

သူဟာ သူဖောက်ခဲ့တဲ့ လမ်းတွေပေါ်မှာလည်းမရှိဘူး

သူဆောက်ခဲ့တဲ့ တံတားတွေပေါ်မှာလည်းမရှိဘူး

ယုတ်စွအဆုံး သူတူးခဲ့တဲ့ ဥမင်လှိုဏ်ခေါင်းတွေကိုတောင်မသုံးဘူး


သူထွက်သွားခဲ့တယ်


သူ့ကျေးဇူးနဲ့ ပလတ်စတစ်ကောက်တဲ့ ကလေးတွေဟာ

သေနတ်အစစ်နဲ့ ကစားခွင့်ရခဲ့တယ်

အခုသူဘယ်မှာလဲ ?

သူ့ကြောင့်ပဲ အိမ်ဖေါ်မလေးတွေ နိုင်ငံရပ်ခြားသွားခွင့်ရတာပေါ့

သူပဲလေ

သံဃာတွေကိုတောင် ဂျီတီအိုင်ကျောင်းတက်ခွင့်ပေးခဲ့တာ

သူဟာ ရှေ့ရေးကို မျှော်တွေးတတ်တယ်

အတက်အဆင်း ကျွမ်းကျင်တယ်

နေ့မနားညမအား သူဟာပြည်သူ့ဘက်တော်သားပဲ

သိပ်ကြိုးစားတယ် ပြည်သူ့အတွက်

အပြောင်းအလဲအတွက် သူလိုတာ သူသိတယ် သူသိတယ်


အဲ့ ဒီလိုသူ

အခုဘယ်မှာလဲ ?


မကာအိုမှာလား ဒူဘိုင်းမှာလား

ဒါမှမဟုတ် ဒီနားဟိုနားလေးမှာပဲလား


သူဘယ်မှာလဲ ?



"" ဖြစ်နိုင်ရင်တော့ အင်တာဗျူးတစ်ခုမှာပဲ ဖြစ်ဖြစ် နိုင်ငံတကာစစ်ခုံရုံး ရဲ့

တရားရုံး တစ်ရုံးမှာပဲဖြစ်ဖြစ် သူနဲ့ပြန်တွေ့ချင်တယ် ""

မျိုးတေဇာမောင်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...