Pages

Friday, May 10, 2013

Galaxy S4 Launch က ရလိုက်တဲ့ သင်ခန်းစာလေး.....

James Mint
Galaxy S4 Launch က ရလိုက်တဲ့ သင်ခန်းစာလေး.....
Galaxy S4 ကို Mar 14 2013 မှာ မိတ်ဆက်ပွဲလုပ်ဖို့ ဆမ်ဆောင်းက အားခဲထားတာ အတော်ကြာခဲ့ပါပီ..... အဆိုပါပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့တာတွေ အများကြီးပါ.... New York Time Square မှာ ပြင်ဆင်မှုတွေ အကြီးအကျယ် လုပ်ခဲ့တာမှာ ကြေငြာဆိုင်းဘုတ်တွေလည်း ပါဝင်ခဲ့ပါတယ်.....
ဒါပေမယ့်လည်း ဆမ်ဆောင်းရဲ့ ကြေငြာဘုတ်တွေအပေါ်မှာ အခန့်သား နေရာယူထားတာကတော့ S4 ကို ကြိုဆိုသလို ဘာလိုလိုနဲ့ သူ့ရဲ့ နောက်ဆုံး ထွက်ကုန်ဖြစ်တဲ့ optimus G ကို ကြေငြာထားတဲ့ LG ပဲ ဖြစ်ပါတယ်......
ဒါတင်ပဲလားဆိုတော့ မဟုတ်သေး..... အစစ အရာရာ ဒေါင့်စေ့အောင် ဆမ်ဆောင်းအနေနဲ့ စီစဉ်ခဲ့ပေမယ့် ပွဲမစခင် ကြိုတင်ရောက်နှင့်နေတဲ့ လူထုကြီးအတွက် တစ်စုံတစ်ရာ စီစဉ်ထားခြင်း မရှိတာပါပဲ..... အေးချမ်းလှတဲ့ ရာသီဥတုအောက်မှာ S4 မိတ်ဆက်ပွဲကို စောင့်မျှော်နေတဲ့လူထုကြီးအတွက် အခမဲ့ လာရောက် ဖြည့်ဆည်းပေးတာကတော့ HTC က သူ့ရဲ့ နောက်ဆုံးထွက်ကု...န်ဖြစ်တဲ့ HTC One အမှတ်တံဆိပ်နဲ့ ချောကလက် ပူပူလေးတွေပဲ ဖြစ်ပါတယ်.... တနည်းအားဖြင့် S4 ကို စောင့်မျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက် ရင်ထဲနွေးထွေးသွားစေဖို့ အခမဲ့ ၀န်ဆောင်မှုပေးခဲ့တာ HTC က ပဲ ဖြစ်ပါတယ်......
ဒါတွေဟာ တိုက်ဆိုင်မှုတွေ မဟုတ်ပဲ ကုန်ပစ္စည်းထုတ်လုပ်သူများရဲ့ စစ်ပွဲပဲ ဖြစ်ပါတယ်...... သို့သော် အဆိုပါ စစ်ပွဲရဲ့ ရလာဘ်အနေနဲ့ Customer ဆိုတဲ့ လူထုအတွက်တော့ ကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေ ရရှိစေခြင်းပဲ ဖြစ်ပါတယ်.......
ဒါလေးကိုကြည့်ရင်း ကျွန်တော်တို့ နိုင်ငံမှာလည်း နိုင်ငံရေးသမားတွေဟာ အယူဝါဒ ဘယ်လိုပဲ မတူညီပါစေ၊ Customer ဆိုတဲ့ ပြည်သူလူထုအတွက် ဦးတည်ပီး လုပ်ကြ ကိုင်ကြရင်ဖြင့် အကွဲအပြဲ ဆိုတာတွေထက် နိုင်ငံနဲ့ လူမျိုးအတွက် ချိုမြိန်တဲ့ ရလာဘ်တွေ ရလာမယ်လို့ မြင်မိပါတယ်...... တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ထိပ်တိုက်တွေ့နေမယ့်အစား တစ်ဖက်ရဲ့ လစ်ဟာမှုကို ၀င်ဖြည့်ဆည်းသွားရင်းနဲ့ လုပ်ဆောင်သွားကြမယ်ဆိုရင်ဖြင့် အနာဂါတ် မြန်မာနိုင်ငံဟာ ရောင်ခြည်သမ်းလာမယ်လို့ မျှော်လင့်မိရပါတယ်.....
အခု လက်ရှိကတော့........... 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...