Pages

Monday, May 20, 2013

SSA (ရွက်ဆစ်) အဖွဲ့မှ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီး

နေပြည်တော် မေ ၁၉

SSA (ရွက်ဆစ်) အဖွဲ့မှ အင်အားသုံးဦးခန့် ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လက်နက် ငယ် ကိုယ်စီ ကိုင်ဆောင် လျက် ကျောက် ဂူမြို့နယ် နောင် ဂိုးကျေး ရွာသို့ မေ ၁၁ ရက် ညပိုင်းက ဝင်ရောက် လာကာ အပြစ်မဲ့ ရွာသား အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး ခုနစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားပြီး မေ ၁၅ ရက်တွင် အမျိုးသမီး ခုနစ် ဦးအား ပြန်လွှတ်ပေးခဲ့သည်။

ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသူ များတွင် အမျိုးသား ခုနစ်ဦးသည် ၂၀၀၉ ခုနှစ် ခန့်က SSA (ရွက်ဆစ်)အဖွဲ့မှ အဓမ္မ လူသစ် စုဆောင်း ခံရ၍ ပြန်လည် ထွက်ပြေး လာကြ သူများ ဖြစ်ကြောင်းနှင့် အမျိုးသမီး ခုနစ်ဦးမှာ ၎င်းတို့၏ သား၊ ခင်ပွန်းများသည် ယခင် SSA (ရွက်ဆစ်)အဖွဲ့ဝင်ဟောင်းများဖြစ်ပြီး ယခုအခါ ထွက်ပြေး တိမ်းရှောင် နေသဖြင့် ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီး ခံရသော ရွာသားများ လွတ်မြောက်ရေး အတွက် တပ်မတော် စစ်ကြောင်းများမှ လိုက်လံ ရှင်းလင်း ဆောင် ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
From: ပြန်ကြားရေးဝန်ကြီးဌာန Website

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...