Pages

Monday, June 24, 2013

အင်ဒို မီးခိုးတွေကြောင့် မလေးရှား မှာ အရေးပေါ် အခြေနေ ကြေညာ

Photo: အင်ဒိုမီးခိုးတွေကြောင့် မလေးရှားမှာ အရေးပေါ်အခြေနေ ကြေညာ
Monday, June 24, 2013

အင်ဒိုနီးရှားနိုင်ငံ တောမီးလောင်မှုကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့် 
စင်္ကာပူနိုင်ငံသားတွေ ဒုက္ခရောက်နေတုန်း ခုအခါမှာ နောက်အိမ်နီး ချင်းနိုင်ငံ 
ဖြစ်တဲ့ မလေးရှားနိုင်ငံကို ကူးစက်သွားပြီလို့ သိရ ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက မီးခိုးတွေကြောင့် မ လေး ရှား နိုင် ငံ ရဲ့ တောင် 
ပိုင်း ရှိ ပြည်နယ် နှစ် ခု က လေထု ညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့ အဆင့်ကို 
ရောက်သွားပြီး ၈ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ် လေထု ညစ်ညမ်းမှု ဆိုင်ရာ 
အရေးပေါ် အခြေအနေ ထုတ်ပြန် ခဲ့ရတယ်လို့ သိရပါတယ်။

မိုးတွေရွာသွန်းမှသာ လေထု သန့်စင်မယ်လို့ ယုံကြည်တဲ့အတွက် လေထု ညစ်ညမ်းမှု 
အဆိုးဝါးဆုံး ခံနေရတဲ့ ဒေသမှာ မိုးရွာတဲ့ အခြေအနေဖြစ် လာအောင် သိပ္ပံနည်းနဲ့
 ဖန်တီးဖို့ ကြိုးစားမှုတွေ လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ မီးခိုးဒဏ်ကို နှစ်စဉ်ခံစားရလေ့ရှိပေမယ့် ဒီနှစ်မှာ 
အခြေအနေဆိုးလွန်းတဲ့အတွက် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပြီး 
လမ်းတွေပေါ်မှာလည်း လူသွားလူလာ နည်းကုန်တဲ့အတွက် စီးပွားရေးတွေ 
ထိခိုက်နစ်နာရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ သဘာဝပတ်ဝန်ကျင်းဆိုင်ရာ ဝန်ကြီး က 
အင်ဒိုနီးရှားနိုင်ငံ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးနဲ့ လာမယ့် 
ဗုဒ္ဓဟူးနေ့ မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

စင်္ကာပူအစိုးရကလည်း ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အင်ဒိုနီးရှား အစိုးရ 
ကို တောင်း ဆို ထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အထိ မီးခိုးတွေဖုံးအုပ်နေ (Credit: AFP)
ABC Radio Australiaမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အထိ မီးခိုးတွေဖုံးအုပ်နေ (Credit: AFP)
အင်ဒိုနီးရှားနိုင်ငံ တောမီးလောင်မှုကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့် စင်္ကာပူနိုင်ငံသားတွေ ဒုက္ခရောက်နေတုန်း ခုအခါမှာ နောက်အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ မလေးရှားနိုင်ငံကို ကူးစက်သွားပြီလို့ သိရ ပါတယ်။


အင်ဒိုနီးရှားနိုင်ငံက မီးခိုးတွေကြောင့် မ လေး ရှား နိုင် ငံ ရဲ့ တောင် ပိုင်း ရှိ ပြည်နယ် နှစ် ခု က လေထု ညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်သွားပြီး ၈ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ် လေထု ညစ်ညမ်းမှု ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ခဲ့ရတယ်လို့ သိရပါတယ်။

မိုးတွေရွာသွန်းမှသာ လေထု သန့်စင်မယ်လို့ ယုံကြည်တဲ့အတွက် လေထု ညစ်ညမ်းမှု အဆိုးဝါးဆုံး ခံနေရတဲ့ ဒေသမှာ မိုးရွာတဲ့ အခြေအနေဖြစ် လာအောင် သိပ္ပံနည်းနဲ့ ဖန်တီးဖို့ ကြိုးစားမှုတွေ လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ မီးခိုးဒဏ်ကို နှစ်စဉ်ခံစားရလေ့ရှိပေမယ့် ဒီနှစ်မှာ အခြေအနေဆိုးလွန်းတဲ့အတွက် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပြီး လမ်းတွေပေါ်မှာလည်း လူသွားလူလာ နည်းကုန်တဲ့အတွက် စီးပွားရေးတွေ ထိခိုက်နစ်နာရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ သဘာဝပတ်ဝန်ကျင်းဆိုင်ရာ ဝန်ကြီး က အင်ဒိုနီးရှားနိုင်ငံ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့ မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

စင်္ကာပူအစိုးရကလည်း ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အင်ဒိုနီးရှား အစိုးရ ကို တောင်း ဆို ထားပါတယ်။
ABC Radio Australia

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...