ချီကာဂိုမြို့ ဆင်ခြေဖုံးမှ ၁၁ နှစ်အရွယ်လုခ်နှင့် ရိုင်ယန်နိုဗို ဆဲလ် တို့ အမြွှာညီအစ်ကို နှစ်ဦးက ကမ္ဘာ့ဂင်းနစ်စံချိန် စာရင်းမှာပါရှိတဲ့ထူးဆန်း အံ့ဩဖွယ်ရာတွေကို လေ့လာရင်း သူတို့ ကိုယ်တိုင်လည်းဘယ်လို ပါ ဝင်နိုင် မလဲဆိုတာစဉ်းစားနေကြပါတယ်။
သူတို့နှစ်ဦး က၎င်းတို့ကျောင်းရဲ့မှတ်တမ်းမှာ အမြွှာ ကျောင်းသားအားလုံး ကို ရေတွက်ရင်း Highcrest စေတအလယ်တန်း ကျောင်းမှာတစ်တန်းတည်း အမြွှာကျောင်းသား၂၀ ကျော်ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။
မိဘတွေရဲ့ အကူအညီနဲ့ ကျောင်းအပ်တဲ့အထောက်အထား ၊ ဓာတ်ပုံ ၊ မွေးစာရင်း တွေနဲ့အတူယခုနှစ်ဂင်းနစ် စံချိန် အတွက် ၎င်းတို့က လျှောက်လွှာ တင်ခဲ့ ကြပြီးတရားဝင် အသိအမှတ် ပြုခံရဖို့ စောင့်စားနေခဲ့ကြပါတယ်။
အမြွှာ၂၄ တွဲမှာအမြွှာညီအစ်ကို သုံးတွဲ၊ ညီအစ်မ ၁၁တွဲ နှင့် မောင်နှမ ဆယ်တွဲတို့ ဖြစ်ပါ တယ်။
ထူး ခြားတာကအားလုံး သော အမြွှာကျောင်းသား ၄၈ ဦးတို့ ဟာ တစ်ကျောင်းတည်း တစ်တန်းတည်းမှာရှိနေ တာပဲ ဖြစ်ပါတယ်။
အိုင်အိုဝါ ပြည်နယ် Valley Southwoods Freshmanအထက် တန်းကျောင်း ၊ကော်နက်တီကပ် ပြည်နယ်၊ Staples အထက်တန်း ကျောင်းနှင့် ဟီလီနွိုက် ပြည်နယ် Maine South အထက်တန်း ကျောင်း တို့ မှာ တစ်တန်းတည်း အမြွှာကျောင်းသား ၁၆ တွဲ ရှိကြောင်း လက်ရှိ မှတ်တမ်းဝင်ထားပါတယ်။
အထူးစာရင်းပြုစုချက်များ အရ ၂၀၁၀ပြည့်နှစ်ကမွေးဖွားမှု ၁၀ဝ၀ မှာ အမြွှာဦးရေ ၃၃ တွဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ယွန်းစန္ဒီနန်းမွန်
The Modern News Journal
From: The Modern News Journal

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...