Pages

Friday, June 14, 2013

အစ္စလမ်အကြမ်းဖက်သမားတို့ တိုက်ခိုက်မှုကြောင့် ၅ ဦး သေ၊ ၆ ဦး ဆေးရုံရောက် ရှိနေကြောင်း အစိုးရသတင်းထုတ်ပြန်

ကနေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာမှာတော့ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က စတင်ပြီး မလေးရှား မှာ  မြန်မာလူနည်းစုတချို့  အစ္စလမ်ဘာသာဝင်တို့တိုက်ခိုက်ခံရလို့ သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးရှိ တယ်လို့ ရေးသား ဖော်ပြထားပါတယ်။

 မလေးရှားနိုင်ငံရှိ မြန်မာ နိုင်ငံသားများ ကြုံတွေ့နေရသော အခက်အခဲများ စုံစမ်းစစ်ဆေးရန်နှင့် အကာအကွယ်ပေးမှုများ အတွက် အစိုးရ အထူး ကိုယ်စားလှယ်အဖွဲ့က ဇွန်လ ၁၁ ရက်နေ့က သွားရောက်ခဲ့ကြတာပါ။ အဲဒီအဖွဲ့ကို နိုင်ငံခြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးဇင်ယော် ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း တို့ ဦးဆောင်ပြီး သွားရောက်တာဖြစ်ပါတယ်။ အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့ မလေးရှားကို ရောက်ပြီး ၃ ရက်အကြာမှာ နိုင်ငံပိုင် သတင်းစာတွေက အခုလို ဖော်ပြလာတာလည်းဖြစ်ပါတယ်။

အစိုးရဖက်က ကူညီဖြေရှင်းမှုနဲ့ ကယ်ဆယ်မှုတွေလုပ်နေပေမယ့် မွတ်ဆလင်တွေအတွက် ဝမ်းနည်းကြောင်းပြောပြီး ဘင်္ဂလီတွေ ကလေးအကန့်အသက်မရှိမွေးဖွားဖို့ မဆီမဆိုင်ဝင်ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါးစပ်ပိတ်နေခဲ့ပါတယ်။

.. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...