Pages

Friday, June 21, 2013

ဦးဝီရသူတို့ ဦးဆောင်ပြီး ကျင်းပမယ့် မျိုးစောင့်ဥပဒေညီလာခံကို သီတဂူဆရာတော်တက်ရောက်မည်

မြန်မာနိုင်ငံမှာ အခုတလော ရေပန်းစားနေတဲ့ ဥပဒေ။ “မျိုးစောင့်ဥပဒေ”တဲ့။ နာမည်လေးကိုက လေးစားစရာကောင်းတယ်။

ဒါကိုမှ မကြိုက်ဘူးဆိုရင် အမျိုးမစောင့်သူ၊ ဒါမှ မဟုတ်၊ သစ္စာမဲ့နိုင်ငံသားပဲ ဖြစ်မှာပါ။ ပြည်သူတွေကတော့ သောသောညံအောင် ထောက်ခံနေကြပြီ။ ဒါပေမဲ့ တချို့ နိုင်ငံရေးသမားဆိုသူတွေကတော့ “မကြိုက်ရေးချ မကြိုက်”တဲ့။ ပြဿနာ မရှိပါ။ ပြည်သူတွေရဲ့ ဆန္ဒနှင့် ကိုက်ညီရင် အဲဒီဥပဒေဟာ အတည်ဖြစ်တာပဲ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြဋ္ဌာန်းဖြစ်ဖို့အတွက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှာ “မျိုးစောင့်ဥပဒေညီလာခံကြီး”ကို ခြိမ့်ခြိမ့်သဲကျင်းပတော့မယ်။ ဒီပွဲမှာ သာသနာ့ဦးသျှောင် ဖြစ်သော သီတဂူဆရာတော်ကြီးက တက်မယ်တဲ့။ ဆရာတော်ကြီးကလဲ တက်တက်ကြွကြွပါပဲ။ သီတဂူဆရာတော်ဆိုတာ . . . အမျိုးသားရေးအတွက်ဆိုရင် နောက်မဆုတ်၊ ပြောသင့်က ပြော၊ ရေးသင့်ကရေး။

 ဆိုရေးရှိက ဆိုအပ်လှ၏ မဟုတ်လား။ မိတ္ထီလာအရေးအခင်းတုံးကလည်း “ကုလားဆိုတာ ဧည့်သည်၊ မြန်မာဆိုတာ အိမ်ရှင်”ဆိုပြီး နိုင်ငံရေးသမားတွေကို အသိပေးခဲ့။ လက်ပတောင်းအရေးအခင်းတုံးက ဒုက္ခရောက်ခဲ့ကြတဲ့ သံဃာလေးတွေကို ဆရာတော်သည် အခုထိ ဆေးကုပေးနေဆဲပါပဲ။ ဖြစ်ခါစကတော့ နိုင်ငံရေးသမားတွေ လာလိုက်ကြတာ။ စိတ်မကောင်းဘူးတို့၊“ နိုငံရေးလောကမှာ သံဃာမပါရင် မပြီးဘူး”တဲ့။ ပြောလိုက်ကြတဲ့ စကားလုံးလှလှလေးတွ။ အခုတော့ နိုင်ငံရေးသမားတွေ ဘယ်ရောက်လို့ ရောက်မှန်း မသိတော့။ အခု ၂၄-ရက်နေ့မှာ မလေးရှားမှာ ကြွမြန်းတော်မူမည်။

ဘာ့ကြောင့် မွတ်စလင်ကုလားတွေရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဒေါ်လာ တွေ သွားလှူတော့မယ်။ အမျိုးအတွက်ဆိုရင် ရှေ့တန်းက မားမားမတ်မတ် ရပ်တော်မူတဲ့ဆရာတ်ာကြီးပါ။ လူ့အခွင့်အရေးသမားတွေ ဘယ်ရောက်နေကြလဲ။ အပေါ်ယံရွှေမှုန့်ကြဲတွေပါလား။ ဒီကနေ့ အင်းစိန်ညီလာခံကြီးကို စီစဉ်နေကြတဲ့ သံဃာတွေကို မိန့်တယ်။ “လူ့အခွင့်အရေးဆိုတာ ဥပဒေ မဟုတ်ပါဘူး။ အမိန့်ပေးလို့ မရပါဘူး၊ သူတို့ဖာသာသူတို ကြိုက်သလောက် အော်ပါစေ၊ ငါတို့ကတော့ “အမျိုးသားရေးဝါဒ” ကို ဆုပ်ကိုင်ထားရမယ်”ဆိုတာပါပဲ။

From: Ashin Dayweinda

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...