Pages

Monday, June 24, 2013

ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်း အစားထိုး တင်သွင်းမှု စီမံချက် ဆောင်ရွက်ပြီးစီးမှု ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း သို့ရောက်ရှိလာ

ရန်ကုန် ၊ ၂၄-၆-၂၀၁၃

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ က စတင်ခဲ့သည့် ယာဉ်အို ယာဉ်ဟောင်း များကို ဖျက်သိမ်းကာ အစားထိုး တင်သွင်းခြင်း စီမံချက် ၏ ဆောင်ရွက် ပြီးစီးမှုမှာ ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း သို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနက ကြေညာချက် တစ်ရပ် ထုတ်ပြန်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၁၃ ခုနှစ် ဇွန်လ အထိ ယာဉ်အို ယာဉ်ဟောင်း  အပ်နှံစီးရေမှာ ၈၄၈၅၆ စီးရှိခဲ့ပြီး ယာဉ်အို ယာဉ်ဟောင်း  များကို ဖျက်သိမ်းကာ အစားထိုး တင်သွင်းခြင်း စီမံချက် ၏ ဆောင်ရွက် ပြီးစီးမှုမှာ ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း သို့ ရောက်ရှိ ခဲ့ပြီ ဖြစ်သည်ဟု အဆိုပါ ကြေညာချက် တွင် ဖော်ပြ ထားသည်။ ယင်းသို့ ဆောင်ရွက် ခဲ့ရာတွင် ပထမအဆင့် အနေဖြင့် မှတ်ပုံတင် သက်တမ်း အနှစ် (၄၀)ကျော် ( စ ၊ ဆ ၊ ဇ ) အက္ခရာများ ကိုလည်းကောင်း ၊ ဒုတိယအဆင့် အနေဖြင့် အနှစ် (၃၀) ကျော် မှ အနှစ် (၄၀) ကျော် အတွင်းရှိ ( ဈ ၊ ည ) အက္ခရာ များကို လည်းကောင်း ၊ တတိယ အဆင့် အနေဖြင့် အနှစ် (၂၀) မှ အနှစ် (၃၀) ကျော် အတွင်းရှိ ( ဏ ၊ ထ ၊ ဒ ၊ ဓ ၊ န ၊ ပ ၊ ဗ ၊ ဘ ၊ လ ) အက္ခရာ များကို လည်း ကောင်း ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ စတုတ္ထ အဆင့်တွင် ( သ ) အက္ခရာ ကို လာမည့် ဇွန်လ ၂၅ ရက်တွင် လက်ခံ ပေးသွားမည် ဟု သိရသည်။

မော်တော်ယာဉ် များ လွတ်လပ်စွာ တင်သွင်း ရရှိခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ မှ စတင်ကာ ၂၀၁၃ ခုနှစ် ဧပြီလ ကုန်အထိ တင်သွင်း ထားသည့် မော်တော်ယာဉ် အစီးရေမှာ ၁၆၁၈၁၃ စီး ရှိသည်ဟု အကောက်ခွန် ဦးစီးဌာန က သတင်း ထုတ်ပြန်ထားပြီး ယင်းတွင် ယာဉ်အို ယာဉ်ဟောင်း များကို ဖျက်သိမ်း ကာ အစားထိုး တင်သွင်း ယာဉ် ၆၈၄၅၅ စီး ပါဝင်ကြောင်း အကောက်ခွန် ဦးစီး ဌာနမှ သိရှိရသည်။
You might also like:
ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ ...
မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများရှိ ပြည်သူများအား ...
မိုးစပါးစံကွက် ကသာမြို့နယ်တွင် ရိတ်သိမ်း
ချစ်သော ဤမြေ ဤရေကို သက်သေတည်၍
LinkWithin
Posted by myawady at 3:29 PM No comments:
Labels: စီးပွားရေး, ထင်သာမြင်သာ ပြုပြင်စရာ, ဒေသဖွံ့ဖြိုးရေး
တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ORANGE ကုမ္ပဏီ ဆောင်ရွက်မည်


ရန်ကုန် ၊ ၂၄-၆-၂၀၁၃

ကမ္ဘာ့ တယ်လီဖုန်း အော်ပရေတာ လောကတွင် ရှေ့ဆုံးမှ ဦးဆောင် နေသော နာမည်ကြီး ကုမ္ပဏီ တစ်ခုဖြစ်သည့် ORANGE ကုမ္ပဏီ သည် ဂျပန် ထိပ်တန်း ကုမ္ပဏီ ဖြစ်သော Marubeni နှင့် ပူးပေါင်းကာ မြန်မာ့ ဆက်သွယ်ရေး က ချပေးမည့် တယ်လီဖုန်း အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ၂ ဦး အနက်မှ တစ်ဦးအဖြစ် ရရှိရန် ဇွန်လ ၃ ရက်က တင်ဒါ တင်သွင်း ခဲ့ကြောင်း သိရသည်။

ORANGE ကုမ္ပဏီသည် ဥရောပ နိုင်ငံတလွှား အောင်မြင် နေသည့် အကြီးဆုံး တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်ပြီး အဆင့်မြင့် နည်းပညာများ ၊ မိုဘိုင်းလ် တီထွင် ဖန်တီးမှုများ ၊ Network ကြိုးသွယ်တန်း တပ်ဆင်ခြင်း နှင့် Fixed , Broadband ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။ ထို့အပြင် အာဖရိက ၊ ဥရောပ အရှေ့ပိုင်း နှင့် အာရှနိုင်ငံ ဖြစ်သည့် ဗီယက်နမ် ကဲ့သို့သော ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ တယ်လီဖုန်း ဆက်သွယ်ရေး နှင့် ပတ်သက်သည့် ဈေးကွက် ဆိုင်ရာ ကျွမ်းကျင်မှု နှင့် နည်းပညာ ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များဖြင့် ဈေးကွက် လိုအပ်ချက် များကို အကောင်းဆုံး ဖြည့်တင်း ပေးနိုင်သော ကုမ္ပဏီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ ၏ တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက်အကူ ပြုစေရန် မြန်မာ ပြည်သူများ အကျိုး ခံစားစေမည့် ကတိပြုချက် များဖြင့် တင်ဒါ တင်သွင်း ထားခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီ သည် ကမ္ဘာ့အဆင့်မီ ( 2 G ) GSM ( 3 G ) မိုဘိုင်းလ် ဆက်သွယ်မှု ကွန်ရက် များကို တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် အပြည့်အ၀ အသုံးပြု နိုင်ရန် နောက်ဆုံးပေါ် အဆင့်မြင့် ( 4 G ) နည်းပညာကို အသုံးပြု တည်ဆောက် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ Customer များကိုလည်း ကမ္ဘာအနှံ့ ရှိသော အခြား Customer သန်း ၂၃၀ ကျော်များ နည်းတူ နောက်ဆုံးပေါ် တီထွင် ဖန်တီးမှု များနှင့် အခြား ခံစားမှုများ ရရှိစေရန် ရည်ရွယ်သည်။ မြန်မာနိုင်ငံ အတွင်းရှီ နေရာ ဒေသမရွေး ၊ လူတန်းစား မရွေး အားလုံး တတ်နိုင်သည့် သင့်တင့် မျှတသော ဈေးနှုန်းဖြင့် ၀န်ဆောင်မှုများ ပေးသွားမည့် အပြင် အသေးစား နှင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ အတွက် အထောက်အကူ ဖြစ်အောင် စီစဉ် ပေးသွားမည် ဖြစ်သည်။

ပြည်တွင်း၌ အတူတကွ လက်တွဲ လုပ်ကိုင်မည့် Network ဆိုင်များနှင့် တစ်ဆင့် ပြန်လည် ရောင်းချမည့် ဆိုင်ရှင်များ အတွက်လည်း အရည် အသွေး ပြည့်ဝစွာဖြင့် အကောင်းဆုံး သော Customer Care ၀န်ဆောင်မှု များကို စီစဉ် ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

နောင်လာမည့် ၁၀ နှစ်အတွင်း မြန်မာ ပြည်သူ ထောင်ပေါင်း များစွာ အတွက် အလုပ်အကိုင် များ ရရှိရန် ဖန်တီး ပေးသွားမည် ဖြစ်ပြီး နည်းပညာ လက်ဆင့်ကမ်း မှုနှင့် အရည်အချင်း ပြည့်မီသော ၊ ကျွမ်းကျင်သော သင်တန်း နှင့် တတ်ကျွမ်းမှု ဆိုင်ရာ ဆွေးနွေး ဖလှယ်မှု အစီအစဉ် များကိုပါ လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။ ORANGE သည် ကျေးလက်နေ ပြည်သူများ၏ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ဆိုင်ရာ ကိစ္စရပ်များ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် လူမှုရေး ဆိုင်ရာ တာဝန်ယူမှု မူဝါဒများကို အခြေခံပြီး ORANGE Foundation တစ်ခုကိုလည်း တည်ထောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

MWD...

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...