Pages

Saturday, June 1, 2013

စမ်းချောင်းမြို့နယ်တွင် အမျိုးသမီးငယ်များအားပြည်ပသို့ပို့ရန်စီစဉ်သဖြင့် အရေးယူ

၂၈.၅.၂၀၁၃ ရက်နေ့တွင် ရန်ကုန်လူကုန်ကူးတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် စမ်းချောင်းမြို့နယ်၊ အမှတ် ၁၀၂၊ ဗဟိုလမ်း၊ စမ်းချောင်း(မြောက်)ရပ်ကွက်နေအိမ်တွင် စင်္ကာပူနိုင်ငံသို့ အိမ်အကူအလုပ်ဖြင့် လူ ပို့ဆောင် ရန် ဆောင်ရွက်နေကြောင်း အထက်ဌာန၏ချပြသတင်းအရ အိမ်ရှင်ဒေါ်ချယ်ရီ(ခ) ဒေါ်မြင့်မြင့်ေ အး(ခ)မမော်အား စိစစ်ရာ ၎င်း၏နေအိမ်တွင် မမိုးမိုးလှိုင်၊ မစုမွန်ထွေး၊ မခင်မိုး (ခ) မခင်မိုးမြင့်၊ မဖူးငုံ၊ မမြမြ စိုး၊ မမြင့်မြင့်ခိုင်၊ မမြတ်မီမီဇင်၊ မနှင်းဝေကြူ(ခ)သင်းဝေကြူ၊ မနှင်းဝေေ၀ထွန်း(ခ)၊ နန်းစီလာ၊ မရွှေဇင် ၀င်း(ခ)မင်းမင်း၊ မသက်သက်ခိုင်၊ မဥမ္မာလင်းနှင့် မဥမ္မာတို့ (၁၃)ဦးအားတွေ့ရှိခဲ့ပါသည်။

၎င်းအမျိုးသမီးငယ်များအား စင်္ကာပူနိုင်ငံတွင် အိမ်အကူအလုပ်လုပ်၍ လုပ်အားခအဖြစ် ၁ လလျှင် စင်္ကာ ပူဒေါ်လာ ၄၀၀ မှ ၄၅၀ (မြန်မာငွေ ၃ သိန်းကျပ် (သို့) ၃ သိန်းခွဲ) ရမည်ဖြစ်ကြောင်း ပို့ဆောင်ခအဖြစ် ၆လ/ ၇လ လစာဖြတ်ယူကာ ၂ နှစ်စာချုပ်ဖြင့် ပို့ဆောင် ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံး စုစည်းထား ရှိပြီး နိုင်ငံကူးလက်မှတ်များ ဆောင်ရွက်ပေးကာ စင်္ကာပူနိုင်ငံရှိ KCL ကုမ္ပဏီနှင့် ဆက်သွယ်ပို့ဆောင် ပေး ရန် စီစဉ်လျက်ရှိသည်ကို စိစစ်တွေ့ရှိ ရသဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်မရှိဘဲ အမျိုးသမီးငယ် များအား အိမ်အကူအဖြစ်ပြည်ပသို့ ပို့ဆောင်ရန်ဆောင်ရွက်ခဲ့သူ့ ဒေါ်ချယ်ရီ(ခ) ဒေါ်မြင့်မြင့်အေး (ခ)မမော် အား စမ်းချောင်းမြို့မ ရဲစခန်းတွင် အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...