Pages

Monday, June 17, 2013

သမ္မတ ဦးသိန်းစိန် ဗြိတိန်နဲ့ ပြင်သစ်ကို သွားရောက်မည်

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ လာမယ့်လအတွင်း ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်မယ်လို့ အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ်ကို ဇူလိုင်လလယ်လောက်မှာ စတင်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ၄ နိုင်ငံလောက်အထိ သွားရောက်လည်ပတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ မတ်လက ဥရောပနိုင်ငံတွေကို ခရီးထွက်ခဲ့ပေမဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကိုတော့ မရောက်ရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ် အစိုးရသစ် တက်လာချိန်ကစလို့  သမ္မတ ဦးသိန်းစိန် ကြောင့်သာ  နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျော့ချပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကဆိုရင် EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးအခွင့်အရေး GSP ပြန်လည်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

...RFA...

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...