(နိရဉ္စရာ- ၁၉ ဇွန် ၂၀၁၃)
မြန်မာနိုင်ငံက ဆင်ဖြူကို ထိုင်းနိုင်ငံက ဌားရမ်းလိုကြောင်း ကမ်းလှမ်းရာ မြန်မာဘက်က သယ်ယူပို့ဆောင်
ရေး အခက်အခဲကြောင်း ဌားရမ်းရန် မဖြစ်နိုင်ကြောင်း ပြောဆိုကာ ငြင်းပယ်လိုက်သည်ဟု သိရသည်။
မြန်မာနိုင်ငံက ဆင်ဖြူကို ထိုင်းနိုင်ငံက ဌားရမ်းလိုကြောင်း ကမ်းလှမ်းရာ မြန်မာဘက်က သယ်ယူပို့ဆောင်
ရေး အခက်အခဲကြောင်း ဌားရမ်းရန် မဖြစ်နိုင်ကြောင်း ပြောဆိုကာ ငြင်းပယ်လိုက်သည်ဟု သိရသည်။
မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဍမောင်လွှင်နှင့် ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးလည်း ဖြစ်သော Mr Surapong Towichchaikul တို့ ဇွန်လ ၁၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာ
လီကျွန်းတွင် ပြုလုပ်သော အရှေ့အာရှနှင့် လက်တင် အမေရိက နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အ
စည်းအဝေးတွင် တွေ့ဆုံစဉ် မြန်မာနိုင်ငံက ဆင်ဖြူကို ဌားရမ်းရန် မိမိတို့မှ စိတ်ဝင်းစားလျှက် ရှိကြောင်း
ပြောကြားခဲ့သည်ဟု ဆိုသည်။
Mr Surapong Towchchaikul က မြန်မာနှင့် ထိုင်းနိုင်ငံအကြား သံတမန် ဆက်ဆံရေး နှစ် ၆၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် နှစ်ပေါင်း ၂၀၀ ကျော် တည်တံ့လာခဲ့သော နှစ်နိုင်ငံ အကြား ကောင်းမွန်သော ဆက်
ဆံရေးကို ပြသလိုသည့် အနေဖြင့် မိမိတို့နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ဆင်ဖြူကို (၆) လခန့် ဌားရမ်းပြီး ဇင်းမယ် (ချင်းမိုင်) မြို့တွင် ပြည်သူများ ကြည့်ရှု့နိုင်အောင် ပြသထားလိုကြောင်း ဦးဝဏ္ဍမောင်လွှင်အား
ပြောကြားခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံခြာရေး ၀န်ကြီး ဦးဝဏ္ဍမောင်လွှင်မှ မြန်မာမှ ဆင်ဖြူတော်ကို ထိုင်းနိုင်သို့ ပို့ဆောင်ရန် ခက်
ခဲကြောင်း သို့အတွက် ထိုင်းပြည်သူများအနေဖြင့် အထူး စပါယ်ရှယ် လေယာဉ်များဖြင့် လာရောက် လည်
ပတ် ကြည့်ရှု့နိုင်ကြောင်း၊ ထိုသို့ လာရောက်ခြင်းဖြင့် ထိုင်းနှင့် မြန်မာပြည်သူများ အကြား ချစ်ကြည် ရင်း
နှီးမူကို တိုးမြင့်စေမည် ဖြစ်သည့် အပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း အားပေးရာ ရောက်
ကြောင်း ပြန်လည် တုန့်ပြန်ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် New Light of Myanmar တွင် “ No plan to hire Myanmar white elephant to Thailand” ခေါင်းစဉ်ဖြင့် သတင်း ဖေါ်ပြထားသည်။
နိဉ္စရာ-သတင်းဋ္ဌာနမှကူးယူမျှဝေသည်။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...