Pages

Tuesday, June 18, 2013

တူရကီရဲတွေ နိုင်ငံအဝှမ်း ဆန္ဒပြသူတွေကို ဖမ်းဆီး

အန်ကာရာမြို့ ကူဂူလူပန်းခြံအပြင်ဘက်မှာ 
စောင့်ကြပ်နေတဲ့ လုံခြုံရေး ရဲကား။ (ဂျွန် ၁၈၊ ၂၀၁၃)
ဗွီအိုအေ (မြန်မာဌာန)

18.06.2013
တူရကီနိုင်ငံမှာ သီတင်းသုံးပတ်နီးပါး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတွေရဲ့ နေအိမ်တွေကို ရဲတပ်ဖွဲ့က နိုင်ငံအနှံ့မှာ လိုက်လံစီးနင်း ရှာဖွေနေပြီး ဒါဇင်နဲ့ချီတဲ့လူတွေကို ဖမ်းဆီးခဲ့ပါတယ်။

မြို့တော် အန်ကာရာမှာတော့ လူ ၂၃ ဦးကို ထိန်းသိမ်းခဲ့ပြီး အစ္စတန်ဘူလ်မြို့မှာ လူ ၂၆ ယောက်ကို ဖမ်းဆီး ထားတယ်လို့ ပြည်ထဲရေးဝန်ကြီး မော်မာဂူလာက အင်္ဂါနေ့မှာ အတည်ပြုပါတယ်။ Eskisehir ဒီမြို့မှာတော့ ၁၃ ဦး ဖမ်းဆီးခံထားရပြီး တခြားမြို့တွေမှာလည်း အဖမ်းအဆီးတွေ တော်တော်များများရှိတယ်လို့ နိုင်ငံပိုင် အသံလွှင့်ဌာနက ဆိုပါတယ်။ အစ္စတန်ဘူက Taksin ရင်ပြင်မှာတော့ အသံတိတ်ဆန္ဒပြနေသူတချို့ကို တူရကီရဲက အစောပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။


(VOA)...

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...