Pages

Thursday, June 20, 2013

ခိုးမှုသံသယဖြင့် ဖမ်းဆီးခံထားရသူ ပုသိမ်မြို့နယ်မှ အမျိုးသမီးအလောင်း ငဝန်မြစ်တွင် ပြန်လည်တွေ့ရှိမှု ခုံရုံးဖွဲ့စစ်ဆေးမည်


Photo: ခိုးမှုသံသယဖြင့် 
ဖမ်းဆီးခံထားရသူ ပုသိမ်မြို့နယ်မှ 
အမျိုးသမီးအလောင်း ငဝန်မြစ်တွင် ပြန်လည်တွေ့ရှိမှု ခုံရုံးဖွဲ့စစ်ဆေးမည်

ရန်ကုန်-ဇွန်၂၀

ခိုးမှုကျူးလွန် သံသယဖြင့် ဖမ်းဆီးခြင်းခံထားရသော ပုသိမ်မြို့နယ် 
လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာမှ မသန်းသန်းအေး၏ အလောင်းကို 
ငဝန်မြစ်ထဲတွင် ပြန်လည်တွေ့ ရှိခဲ့ခြင်းနှင့်ပတ်သက်၍ 
တာဝန်ရှိသူတို့ကိုရဲစည်းကမ်းအရ အရေးယူနေပြီဖြစ်ပြီး 
ယင်းသေဆုံးမှုဖြစ်စဉ်ကိုလည်း ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဟု 
ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဒုရဲမှူး ကြီးဦးထွန်းမင်းက ပြောသည်။
ဖြစ်စဉ်မှာ ပုသိမ်မြို့ လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာနေ 
ဒေါ်မြင့်မြင့်ခင်က ယင်း၏နေအိမ်တွင် ထားရှိသောငွေကျပ် ၆၅ သိန်း၊ ၈ 
သောင်းကျော်တန်ဖိုးရှိ ရွှေထည်များပျောက်ဆုံးသွားခဲ့၍ ပုသိမ်မြို့နယ် 
သင်္ဘောကျင်းရဲစခန်းတွင် တိုင်ကြားခဲ့ရာ ရဲက ပြစ်မှုကျူးလွန်သူဟု ယူဆရသူ 
တစ်ရွာထဲနေ ကိုနန်းဝင်းကို ဖမ်းဆီးခဲ့ပြီး ၄င်း၏ထွက်ဆိုချက်အရ 
ကိုနန်းဝင်း၏မိန်းမ မသန်းသန်းအေးကိုပါ ထပ်မံဖမ်းဆီးကာ ရဲကစစ်ဆေးခဲ့ကြောင်း၊
 ထွက်ဆိုချက်များအရ ရွှေထည်များကို သပြေပင်ချောင်းတွင် ငါးကျင်စက် 
တို့သည့်စက်ထဲ၌ထည့်ကာမြှုပ်နှံခဲ့သည်ဆိုသည့်အတွက် သွားရောက်ရှာဖွေရန် ဇွန်လ
 ၁၇ ရက်နေ့တွင် ရဲ ၅ ဦး၊ ကျေးရွာတာဝန်ရှိသူ ၊ရေငုပ်သမား ၃ ဦး၊ 
ရဲ၏အမျိုးသမီးနှင့် မသန်းသန်းအေးပါ စုစုပေါင်း ၁၃ ဦးတို့က 
ငဝန်မြစ်ကိုဖြတ်ကာ သပြေပင်ချောင်းအတွင်း၌ ရှာဖွေကြောင်း၊ ရှာဖွေသော်လည်း 
မတွေ့၍ ပြန်လာစဉ် ထိုနေ့ည ၈ နာရီ ၂ဝ မိနစ်ခန့်၌ 
ငဝန်မြစ်ကြက်တန်းကူးတို့ဆိပ်အနီး၌ မသန်းသန်းအေးက နောက်လှန်၍ မြစ်ထဲသို့ 
ခုန်ဆင်းသွားခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ဖြစ်ချင်း ရှာဖွေသော်လည်း မတွေ့ဘဲ 
ဇွန်လ ၁၉ ရက်နေ့ မနက် ၈ နာရီ ၄ဝ မိနစ်တွင်မှ မသန်းသန်းအေး၏ 
သေဆုံးရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သင်္ဘောကျင်း 
စခန်းမှူးရဲအုပ်ကြည်လင်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
''လိုက်ပါသွားတဲ့ ရဲတွေကို တိုင်းရဲတပ်ဖွဲ့ရဲ့အစီအမံနဲ့ ရဲစည်းကမ်းအရ 
အရေးယူထားပါတယ်''ဟု ၄င်းကပြောသည်။
ပ/၄၂/၂ဝ၁၃ ပုဒ်မ ၃၈ဝ ဖြင့် ကိုနိုင်ဝင်းနှင့် မသန်းသန်းအေး 
လင်မယားနှစ်ဦးကို သင်္ဘောကျင်းရဲစခန်းက အမှုဖွင့်ထားပြီး ယခုကဲ့သို့ 
မသန်းသန်းအေး သေဆုံးမှုအဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ခရိုင်ရဲမှူးအဖွဲ့က 
ခုံရုံးဖွဲ့စစ်ဆေးမည်ဟု ဒုရဲမှူးကြီးဦးထွန်းမင်းက ထပ်လောင်းဆိုသည်။

Popular Myanmar News Journal 
ခိုးမှုကျူးလွန် သံသယဖြင့် ဖမ်းဆီးခြင်းခံထားရသော ပုသိမ်မြို့နယ် လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာမှ မသန်းသန်းအေး၏ အလောင်းကို ငဝန်မြစ်ထဲတွင် ပြန်လည်တွေ့ ရှိခဲ့ခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူတို့ကိုရဲစည်းကမ်းအရ အရေးယူနေပြီဖြစ်ပြီး ယင်းသေဆုံးမှုဖြစ်စဉ်ကိုလည်း ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဟု ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဒုရဲမှူး ကြီးဦးထွန်းမင်းက ပြောသည်။

ဖြစ်စဉ်မှာ ပုသိမ်မြို့ လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာနေ ဒေါ်မြင့်မြင့်ခင်က ယင်း၏နေအိမ်တွင် ထားရှိသောငွေကျပ် ၆၅ သိန်း၊ ၈ သောင်းကျော်တန်ဖိုးရှိ ရွှေထည်များပျောက်ဆုံးသွားခဲ့၍ ပုသိမ်မြို့နယ် သင်္ဘောကျင်းရဲစခန်းတွင် တိုင်ကြားခဲ့ရာ ရဲက ပြစ်မှုကျူးလွန်သူဟု ယူဆရသူ တစ်ရွာထဲနေ ကိုနန်းဝင်းကို ဖမ်းဆီးခဲ့ပြီး ၄င်း၏ထွက်ဆိုချက်အရ ကိုနန်းဝင်း၏မိန်းမ မသန်းသန်းအေးကိုပါ ထပ်မံဖမ်းဆီးကာ ရဲကစစ်ဆေးခဲ့ကြောင်း၊ ထွက်ဆိုချက်များအရ ရွှေထည်များကို သပြေပင်ချောင်းတွင် ငါးကျင်စက် တို့သည့်စက်ထဲ၌ထည့်ကာမြှုပ်နှံခဲ့သည်ဆိုသည့်အတွက် သွားရောက်ရှာဖွေရန် ဇွန်လ ၁၇ ရက်နေ့တွင် ရဲ ၅ ဦး၊ ကျေးရွာတာဝန်ရှိသူ ၊ရေငုပ်သမား ၃ ဦး၊ ရဲ၏အမျိုးသမီးနှင့် မသန်းသန်းအေးပါ စုစုပေါင်း ၁၃ ဦးတို့က ငဝန်မြစ်ကိုဖြတ်ကာ သပြေပင်ချောင်းအတွင်း၌ ရှာဖွေကြောင်း၊ ရှာဖွေသော်လည်း မတွေ့၍ ပြန်လာစဉ် ထိုနေ့ည ၈ နာရီ ၂ဝ မိနစ်ခန့်၌ ငဝန်မြစ်ကြက်တန်းကူးတို့ဆိပ်အနီး၌ မသန်းသန်းအေးက နောက်လှန်၍ မြစ်ထဲသို့ ခုန်ဆင်းသွားခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ဖြစ်ချင်း ရှာဖွေသော်လည်း မတွေ့ဘဲ ဇွန်လ ၁၉ ရက်နေ့ မနက် ၈ နာရီ ၄ဝ မိနစ်တွင်မှ မသန်းသန်းအေး၏ သေဆုံးရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သင်္ဘောကျင်း စခန်းမှူးရဲအုပ်ကြည်လင်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
''လိုက်ပါသွားတဲ့ ရဲတွေကို တိုင်းရဲတပ်ဖွဲ့ရဲ့အစီအမံနဲ့ ရဲစည်းကမ်းအရ အရေးယူထားပါတယ်''ဟု ၄င်းကပြောသည်။
ပ/၄၂/၂ဝ၁၃ ပုဒ်မ ၃၈ဝ ဖြင့် ကိုနိုင်ဝင်းနှင့် မသန်းသန်းအေး လင်မယားနှစ်ဦးကို သင်္ဘောကျင်းရဲစခန်းက အမှုဖွင့်ထားပြီး ယခုကဲ့သို့ မသန်းသန်းအေး သေဆုံးမှုအဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ခရိုင်ရဲမှူးအဖွဲ့က ခုံရုံးဖွဲ့စစ်ဆေးမည်ဟု ဒုရဲမှူးကြီးဦးထွန်းမင်းက ထပ်လောင်းဆိုသည်။

Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...