Pages

Sunday, June 2, 2013

မီးသတ်ဌာနချုပ်ကလေယာဉ်မီးငြှိမ်းသတ်ခြင်းအားဖော်ကာလေယာဉ်ဖြင့်လေ့ကျင့်မည်

"မြန်မာ့လေကြောင်း ပို့ဆောင်ရေးက အသုံးမပြုတော့တဲ့ ဖော်ကာအမျိုးအစား လေယာဉ်ကို လေ့ကျင့်ဖို့အတွက် နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကျွန်တော်တို့ကို ပေးထားတာပါ။ အသုံးမပြုတော့တဲ့ လေယာဉ်ဆိုပေမယ့် အပျက်တွေတော့ မဟုတ်ပါဘူး" ဟု ဦးတင်မင်းက ပြောကြားသည်။

ထိုလေယာဉ်ကို အသုံးပြုကာ လေယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် ခရီးသည်များကို ကယ်ဆယ်ခြင်း၊ မီးလောင်နေပါက မီးငြှိမ်းသတ်ခြင်း၊ အရေးပေါ် အသက်ကယ်ဆယ်ရေး လေ့ကျင့်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက လေယာဉ်ကွင်းမှာ သွားပြီးလေ့ကျင့်ရတယ်။ အခုကတော့ ဌာနချုပ်မှာပဲ လေ့ကျင့်ရတော့မှာဆိုတော့ ပိုကောင်းတာပေါ့။ အဓိကကတော့ အရည်အသွေး ပြည့်ဝတဲ့ သူတွေကို ဒီထက်ပိုပြီး တိုးတက်လာအောင် အနီးကပ် ပိုလုပ်ပေးနိုင်ဖို့ပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၎င်းလေယာဉ်သည် မီးသတ်ဌာနချုပ်သို့ မေ ၂၃ ရက် ည ၁၁ နာရီတွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် မွမ်းမံနေရာ ချလျက်ရှိကြောင်း သိရသည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...