Pages

Friday, June 14, 2013

လူထု၏ အားပေးမှုကြောင့် ဦးပိုင် ထုတ် ၁၅၀၀ တန် ဆင်းကဒ်အတွက် ၅၀၀၀ တန် ငွေဖြည့်ကဒ်များ ဈေးကွက်တွင် ပြတ်လပ်

ရန်ကုန်မြို့တွင်း ဖုန်းဆိုင်အများစုတွင် ၁၅၀၀ တန်
ဆင်းကဒ်များအတွက် ၅၀၀၀ တန် ငွေဖြည့်ကဒ်များ
ဈေးကွက်တွင် ဝယ်ယူ၍ မရကြောင်း ရန်ကုန်မြို့တွင်း
ဖုန်းဆိုင်များမှ သိရသည်။

“ဖုန်းကဒ်တွေ ပြတ်နေတာ နှစ်ပတ်လောက်ရှိပြီ။
ကျွန်တော်တို့လည်း အပေါ်က လက္ကားဆိုင်တွေကနေ
ပြန်ယူရတာ။ အဲဒီ လက္ကားဆိုင်တွေမှာ ပါ ပြတ်နေတာ”ဟု ဆိပ်ကမ်းသာလမ်း အလယ်ဘလောက်ရှိ စတားမိုဘိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၁၅ဝဝတန် ဆင်းကတ်အတွက် သီးသန့် ငွေဖြည့်ကတ်
များကို မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းမှ တာဝန်ယူ
ထုတ်လုပ်လျက်ရှိပြီး ဖုန်းဆိုင် တိုင်းတွင် လွယ်လွယ်ကူ
ကူ ဝယ်ယူနိုင်တော့မည်ဟု ကြေညာထားသော်လည်း
လက်ရှိတွင် ဝယ်ယူ၍မရကြောင်း သိရသည်။

“ဖုန်းကဒ်က လောလောဆယ် ဆိုင်မှာ ၅၀၀၀ တန်က
ဝယ်ရခက်လို့ ၁၀၀၀၀ တန်ပဲ ထည့်နေရတယ်။ ၁၅၀၀
တန် ဆင်းကဒ်ပဲ ကိုင်နိုင်ပါတယ် ဆိုမှ ၅၀၀၀ တန်က
ပြတ်နေတယ်ဆိုတော့ နည်းနည်းတော့ ကသိကအောက်
ဖြစ်တယ်” ဟု ၁၅၀၀ တန် ဆင်းကဒ် အသုံးပြုနေသူ တစ်ဦးက ပြောကြားသည်။

၁၅၀၀ တန် ဆင်းကဒ်အတွက် ၅၀၀၀ တန် ငွေဖြည့်ကဒ်
များမှာ ဝယ်လိုအားများနေပြီး ငွေဖြည့်ကဒ်ထုတ်လုပ်သည့်
ကုမ္ပဏီတွင် ပရင့် မထုတ် နိုင်သောသည့်အတွက် ဖြစ်နိုင်ကြောင်း မဟာဗန္ဓုလလမ်းမပေါ်ရှိ ပုလဲမိုဘိုင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။

“ကျွန်တော်တို့ ဆီမှာ ဖုန်းငွေဖြည့်ကဒ်က ရတော့ရတယ်။
ဒါပေမယ့် အပေါ်ဆိုင်က တစ်ခါချပေးမှ ၁၀ ကဒ်၊ ကဒ် ၂၀
ဆိုတာ အများဆုံး ချပေး တာ။ သူတို့ ချပေးတုန်း ဝယ်ထား
ရတယ်။ ကိုယ့်ဆီက လာပြန်ဝယ်တဲ့သူတောင် တစ်ကဒ်ချင်း ဝယ်တဲ့သူကိုပဲ ပြန်ရောင်းလို့ ရတယ်။ ၁၀ ကဒ် လုံး တစ်ပြိုင်
တည်း ယူမယ်ဆိုရင်တောင် ပြန်ရောင်းလို့ မရဘူး”ဟု
SPECIALIZED ဖုန်းဆိုင်မှ ကိုသန်းတင်က ပြောကြားသည်။

၁၅၀၀ တန် ဆင်းကဒ်များကို နိုင်ငံတော် အစိုးရမှ ပထမ
အကြိမ် ဧပြီလတွင် သုံးသိန်းခွဲ၊ ဒုတိယအကြိမ် မေလတွင်
သုံးသိန်းခွဲနှင့် စုစုပေါင်း ဆင်းကဒ် ခုနှစ်သိန်းခန့် ချထားပြီး
ဖြစ်ပြီး ယခုလ ၂၄ ရက်တွင် တတိယအကြိမ် ထပ်မံချပေး
မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ၅၀၀၀ တန် ငွေဖြည့်ကဒ်များ ဈေးကွက်တွင်
ပြတ်လပ်နေသည့်ကိစ္စနှင့် ပတ်သတ်၍ MECTel ကုမ္ပဏီ
အား ဆက်သွယ်မေးမြန်း သော်လည်း ပြန်လည်ဖြေကြားခြင်း
မရှိပေ။

myanma age

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...