Pages

Sunday, June 2, 2013

အချိန်ပြည့် အရယ်ရောဂါသူလေး

 
ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးငယ်လေး ကတော့ Xu Pinghui လို့ အမည်ရ ပါတယ်။ အသက် ၁၂ နှစ်အရွယ် တရုတ်မလေး တစ်ဦးပါ။ တရုတ်ပြည်ရဲ့  အနောက်တောင်ပိုင်း Chongqing မြို့ မှာ နေထိုင်ပါတယ်။ သူပမှာ ရောဂါတစ်မျိုး ရှိပါတယ်။ ယင်းကတော့ အရယ်ရောဂါပါ။ စကားလုံးဝ မပြောတတ်ပါဘူး။အသက်၂ နှစ်အရွယ်ကစလို့စကားပြောနိုင်စွမ်းမရှိတော့ပဲဆွံ့အသူလေး ဖြစ်သွားရပါတယ်။ သို့ပေမယ့် လုံးဝ ဆွံ့အသူ မဟုတ်ပါဘူး။

စကားပြောဖို့ကြိုးစားတိုင်း ရယ်သံချည်း ထွက်ပါတယ်။ တစ်ခုခု ပြောမယ် ဆိုရင် ရယ်နေတဲ့အသံတွေပဲ ထွက်လာစေတဲ့ အတွက်ကြောင့် သာမန်လူ တစ်ယောက်နဲ့ စတွေ့ရင် အံ့သြစရာပါ။ သို့ပေမယ့် သူမ နဲ့ နေထိုင်တဲ့ မိသားစုကတော့ ရယ်သံနဲ့ နှီးနှောနေတတ်ပြီ ဖြစ်ပါတယ်။ ရယ်သံ ဘယ်နှစ် ချက်ထွက်ရင်၊ ဘယ်လောက်ကြာရင် ဘယ်လို အမူအရာ ပါရင် ဘာကို ဆိုလိုတယ်ဆိုတာကို သူ့ဆရာဝန်နဲ့ မိသားစုက သိရှိ နားလည်ပါတယ်။

ထူးဆန်းတဲ့ ရောဂါတစ်မျိုးပါ။ ဆရာတွေလည်း အဖြေရှာလို့ မထွက်ပါဘူး။ ဝမ်းနည်းစရာရှိလို့ ရင်ဖွင့်ပြောချင်ရင်တောင် ရယ်သံတွေချည်း ကြားနေရမယ့် သူ့မရဲ့  ဘဝက သနားစရာလေးပါ။ ဒီ အတွက် ပြန်လည် ကောင်းမွန်လာမယ့်အခြေအနေတစ်ခုကို ဆေးပညာရှင်တို့ကြိုးစားဖော်ထုတ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
--
Ref: duyknow
International news for myanmar

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...