Pages

Sunday, June 23, 2013

တက်ကြွ လှုပ်ရှား သူများက တရုတ် ခွေးသားစား ပွဲတော်ကို ဆန္ဒပြ ကန့်ကွက်ဖို့ ပစ်မှတ်ထား

တရုတ်နိုင်ငံ တောင်ပိုင်းမှာ ခွေးသား ချက်ပြုတ်စားသောက်ဖို့ ရည်စူးထားတဲ့ ပွဲတော် တစ်ခုကို ဒေသဆိုင်
ရာ အာဏာပိုင်များထံမှ အနည်းအကျဉ်း လိုက်လျှောပေးမှုများ ရထားခဲ့တဲ့ တိရစ္ဆာန် ချစ်သူများက ဆန္ဒပြ
ကန့်ကွက်ဖို့ ပစ်မှတ်ထား လုပ်ဆောင်နေကြကြောင်း တက်ကြွလှုပ်ရှားသူ တစ်ဦးက ဇွန်လ (၁၉) ရက် ဗုဒ္ဓ
ဟူးနေ့မှာ ပြောကြားခဲ့တာကို ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ ဂွမ်ရှီပြည်နယ်မှာ ခွေးသားစားပွဲတော်ကို ဇွန်လ (၂၁) ရက် သောကြာနေ့မှာ နှစ်စဉ် ပုံမှန်ကျင်း
ပလေ့ ရှိပေမယ့် ယခုနှစ်မှာတော့ တက်ကြွလှုပ်ရှားသူများရဲ့ ဆန့်ကျင်ဘက် ကန့်ကွက်မှုများဖြင့် တက်လာ
နေမှုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာပြုလုပ်ခဲ့တဲ့ ပွဲတော်က လှောင်အိမ်ထဲရှိတဲ့ ခွေးတွေရဲ့ပုံများနဲ့ ခွေးသားချက်ပြုတ်ပြီး စား
သောက် ပွဲကြီး ကျင်းပ နေပုံ အစရှိတဲ့ ဓာတ်ပုံများ အင်တာနက် ဝက်ဘ်ဆိုက်ပေါ် ပျံ့နှံ့ သွား ရာမှ လူ
ထောင်ပေါင်းများစွာက အဆိုပါပွဲတော်ကို ရက်စက်ကြမ်းကြုတ်တဲ့ ပွဲတော်တစ်ခုအဖြစ် ပြစ်တင် ပြော
ကြားခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ ခွေးသားကို ကျယ်ကျယ်ပြန့်ပြန့်စားသုံးလေ့မရှိသော်လည်း စားသောက်ဆိုင်တွေမှာတော့ ရရှိနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ ဂွမ်ရှီပြည်နယ် ယီလင်းမြို့ကတော့ ခွေးသား စားသုံးမှုနဲ့ ပါက်
သက်လို့ နာမည်ကြီးတဲ့ မြို့တစ်မြို့ဖြစ်သလို ကြောင်သားကိုလည်း မှာယူစားသုံးနိုင်တယ်လို့ ဆိုပါတယ်။

Ref;ဘန်ကောက်ပို့စ်

ရတနာပုံ ဘာသာပြန် သတင်း

from THIT HTOO LWIN by Myanmar News Now

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...