Pages

Sunday, June 23, 2013

" ရဟန်းသံဃာတော်တို့အား စွပ်စွဲပုတ်ခတ်ပြောဆိုသူတို့ သိစေရန် "

မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ရဟန်းသံဃာတော်တို့အား ပြင်းပြင်းထန်ထန် စွပ်စွဲပုတ်ခတ် ပြောဆိုလာကြကုန်၏..။ ထိုသို့ ပြောဆိုပုတ်ခတ်ကြကုန်သော သူတို့သည် ဗုဒ္ဓဘာသာဝင် မဟုတ်သူများနှင့် ဗုဒ္ဓဘာသာဝင်ဆိုသူတို့လည်း ဗုဒ္ဓစာပေကို မလေ့လာဖူးသော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြပေသည်..။

ဗုဒ္ဓစာပေကို လေ့လာကြည့်ရင် ဘုရားရှင်သည် ၀ိနည်းသိက္ခာပုဒ်များကို ပညတ်တော်မူရာ၌ ဘုရားဖြစ်ဖြစ်ခြင်း ကြိုတင်ပညတ်တော်မူခြင်း မဟုတ်ပေ..။ အပြစ်ကျူးလွန်သူတို့ ပေါ်လာမှသာ ပြစ်မှုကြောင်းအားလျော်စွာ သိက္ခာပုဒ် ပညတ်ခြင်းသာဖြစ်ပါသည်..။ ယခုလဲ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းဖို့ လိုအပ်လာတဲ့ အကြောင်းတွေ ပေါ်လာလို့ ဆရာတော် သံဃာတော်များ ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်..။

ဘာ့ကြောင့်လဲဆိုရင် ဘုန်းဘုန်းတို့ လူမျိုးရေး ၀ါးမျိုမှုတွေ ခံနေကြရတယ်.. အတိတ်သမိုင်းနဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေကို ကြည့်ကြပါ.. အားလုံးသိပြီးသားတွေမို့ အကျယ်မရေးတော့ပါဘူး.. ဒီကနေ့ ဒီနိုင်ငံအတွင်းမှာလဲ ဒီလိုဝါးမျိုမှုတွေဟာ နေ့စဉ်နှင့်အမျှ တွေ့ကြုံနေရပါတယ်..။ ဒါကြောင့် အဓိကပြောချင်တာကတော့ လူမျိုးပျောက်ရင် ဘာသာပျောက်မှာမို့ပါပဲ..။ ဘာသာမပျောက်ဖို့ အတွက် လူမျိုးမပျောက်အောင် မျိုးစောင့်ဥပဒေကို ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်...။

ထိုသို့ မျိုးစောင့်ဥပဒေအတွက် ဆောင်ရွက်နေကြသော ဆရာတော် သံဃာတော်များကို ၀ိနည်းနဲ့ မညီဘူးလို့လဲ စွပ်စွဲကြပါတယ်..။ ဘယ်သိက္ခာပုဒ်နဲ့ ငြိစွန်းနေပါသလဲ.. သိက္ခာပုဒ်အထောက်အထားနဲ့ပဲ ပြောပြကြပါ.. ၀ိနည်းနဲ့ မညီရင် ဘုန်းဘုန်းတို့ အခုလုပ်နေတဲ့ အလုပ်ကို အခုချက်ချင်းရပ်ပေးပါ့မယ်..။ ပိဋကတ်စာပေမှာ .. ဉာတကာနဉ္စ သင်္ဂဟော.. လောကတ္ထစရိယံ .. ဉာတတ္ထစရိယံ.. တို့ဟာ လူပုဂ္ဂိုလ်တွေနဲ့ အရင်းနီးဆုံး စကားလုံးတွေပါ.. ဒီစကားလုံးတွေဟာ အမျိုးဘာသာ သာသနာကို ချီးမြှောက်စောင့်ရှောက်ဖို့ ဟောခဲ့တဲ့ စကားတော်တွေပါ..။

နောက်တစ်ခါ အိမ်ထောင်သားမွေး ကိစ္စတွေကို ဘုန်းဘုန်းတို့နဲ့ မဆိုင်ဘူးလို့ ဘုန်းဘုန်းတို့က ကိုယ့်အလုပ် ကိုယ်မလုပ်ဘူးလို့ ပြောလာကြတယ်.. ဆိုင်လိုက်တာမှ ကလေးမွေးတဲ့ နေရာထိတောင် ဆိုင်ပါတယ်.. အင်္ဂုလိမာလသုတ်ကို ကြည့်လေ.. ကလေးမမွေးနိုင်တဲ့ အမျိုးသမီးတွေကို ဘုရားရှင်လက်ထက်တော်က အင်္ဂုလိမာလ မထေရ်မြတ်ကိုတော်တိုင် အိမ်တိုင်ရာရောက် လိုက်ပါဆောင်ရွက်ပေးတော်မူခဲတာပဲ..။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အိမ်ထောင်ရေးကိစ္စမှာ ဘုန်းဘုန်းတို့နဲ့ ဆိုင်လို့ ဘုန်းဘုန်းတို့ လုပ်နေကြတယ်ဆိုတာ သဘောပေါက်ကြပါ..။

ဘုန်းဘုန်းတို့ကတော့ အမျိုးဘာသာ သာသနာ မကွယ်ပျောက်ဖို့အတွက် .. ဗုဒ္ဓသာသနဘာရော အ၀ဿံ ၀ဟိတဗ္ဗော = ငါသည် ဗုဒ္ဓသာသနာ့တာဝန် (အမျိုးဘာသာ သာသနာ တာဝန်)ကို မချွတ် ထမ်းဆောင်ရမည် ဟူသော သန္နိဋ္ဌာန်ဖြင့် မျိုးစောင့်ဥပဒေ မှ အစ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အသက်ထက်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း..။

အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော
ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ ...
အမျိုးဘာသာ သာသနာ မကွယ်ပျောက်စေဖို့..
ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြပါစို့....

ဦးနရပတိ ဆရာတော်
ငြိမ်းချမ်းရေးပရိယတ္တိစာသင်တိုက်

FROM-SOUNG OO YARTI

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...