ယနေ့ ၁-၆-၂၀၁၃ ရက်နေ့တွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့၌ ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြရန်အတွက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ စီစဉ်နေကြောင်း ကမာရွတ်မီဒီယာမှ ရေးသားထားသည်ကို လည်း သိရသည်။ ယနေ့ ဆန္ဒပြသူများမှာ အဆိုပါ ရခိုင်အဖွဲ့မှ ဟုတ်မဟုတ် မသိရသေးသော်လည်း မွတ်ဆလင်များကို လူနည်းစု များဖြစ်ကြောင်း၊ ၄င်းတို့မှာ သနားစရာကောင်းကြောင်း၊ ဘင်္ဂလီများအား တစ်အိမ်ထောင်စုလျှင် ကလေး ၂ ယောက်မွေးရန် ကိစ္စမှာ လူအခွင့်အရေးနှင့် မညီကြောင်း စသဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ ပြင်းပြင်းထန်ထန် ပြောကြားခဲ့ သဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု ဆိုသည်။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...